ရဟတ်ယာဉ်ကွင်းကို ဒရုန်း ၃ စီးဖြင့် ဗျင်းပီ
ရန်ကုန်၊ မတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ဒရုန်း ၃ စီးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မုဒုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၏ သတင်း ရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၆ ရက်နေ့ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ အရာရှိ အိမ် ရာနှင့် ရဟတ်ယာဉ်များ ထားရှိသည့် ရဟတ်ယာဉ်ကွင်းကို ဒရုန်း ၃ စီးဖြင့် ည ၉ နာရီ ၇ မိနစ်၊ ည ၉ နာရီ ၂၀ မိနစ်နှင့် ည ၉ နာရီ ၄၀ မိနစ်တို့တွင် ဗုံးကျဲ တိုက် ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို တပ်မဟာ ၆ တပ်ရင်း KNDO တပ်ဖွဲ့ဝင်များနှင့် အတူ ခရိုင် (ရှာဝူးဝေါ်ဒရုန်း) နည်းပညာတပ်ဖွဲ့၊ ကျိုက်မရောမြို့နယ် ပကဖ အဖွဲ့၊ မုဒုံမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းမြို့နယ် အစပ်ကို စစ်ကြောင်း ထိုး နေ သည့် မုဒိမ်းကျင့်၊ လူသတ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပ.က.ဖ ကောင်းကင် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၁၃ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ မတ္တရာမြို့နယ်နှင့် စစ်ကိုင်း မြို့ နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် မုဒိမ်းကျင့်၊ လူသတ် စစ်တပ်က စစ် ကြောင်းထိုး စီးနင်းခဲ့ကြောင်း၊ ယင်း စစ်ကြောင်းနှင့် ဒေသကာကွယ်ရေး PDF တပ်ဖွဲ့များ ပိုဝရွာနှင့် အိုင်တိုင်ရွာတို့တွင် ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“မတ္တရာမြို့နယ်ထဲက ပိုဝရွာနဲ့ အိုင်တိုင်ရွာတို့မှာ ထိတွေ့တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့တယ်။ စစ်ခွေး ၁၂ ကောင် သေတယ်။ သေသွားတဲ့ စစ်ခွေး အလောင်း တွေကို နွားလှည်း နဲ့ တင်ပြီး ယူသွားတယ်လို့ သိရတယ်” ဟု ပြင်ဦးလွင်ခရိုင် ပ.က.ဖ ကောင်းကင် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင် ခရိုင် ပ. က. ဖ အဖွဲ့နှင့် အတူ မဟာမိတ် တပ် ပေါင်းစုများက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး PDF ရဲဘော် ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
Zawgyi(version)
ရဟတ္ယာဥ္ကြင္းကို ဒ႐ုန္း ၃ စီးျဖင့္ ဗ်င္းပီ
ရန္ကုန္၊ မတ္ ၁၈
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕ရွိ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ကို ဒ႐ုန္း ၃ စီးျဖင့္ ၃ ႀကိမ္ ဗုံးက်ဲ တိုက္ခိုက္ခဲ့ေၾကာင္း မုဒုံျပည္သူ႕ကာကြယ္ေရး တပ္ဖြဲ႕၏ သတင္း ရင္း ျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
မတ္လ ၁၆ ရက္ေန႕ ေမာ္လၿမိဳင္ၿမိဳ႕ရွိ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္၊ အရာရွိ အိမ္ ရာႏွင့္ ရဟတ္ယာဥ္မ်ား ထားရွိသည့္ ရဟတ္ယာဥ္ကြင္းကို ဒ႐ုန္း ၃ စီးျဖင့္ ည ၉ နာရီ ၇ မိနစ္၊ ည ၉ နာရီ ၂၀ မိနစ္ႏွင့္ ည ၉ နာရီ ၄၀ မိနစ္တို႔တြင္ ဗုံးက်ဲ တိုက္ ခိုက္ခဲ့ၿပီး ထိခိုက္ေသဆုံးမႈႏွင့္ ပ်က္စီးဆုံးရႈံးမႈ အေျခအေနကို အတည္မျပဳနိုင္ေသးေၾကာင္း သိရသည္။
စစ္ဆင္ေရး တိုက္ခိုက္မႈကို တပ္မဟာ ၆ တပ္ရင္း KNDO တပ္ဖြဲ႕ဝင္မ်ားႏွင့္ အတူ ခရိုင္ (ရွာဝူးေဝၚဒ႐ုန္း) နည္းပညာတပ္ဖြဲ႕၊ က်ိဳက္မေရာၿမိဳ႕နယ္ ပကဖ အဖြဲ႕၊ မုဒုံၿမိဳ႕နယ္ ပကဖ အဖြဲ႕တို႔က ပူးေပါင္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အလားတူ မတၱရာၿမိဳ႕နယ္ႏွင့္ စစ္ကိုင္းၿမိဳ႕နယ္ အစပ္ကို စစ္ေၾကာင္း ထိုး ေန သည့္ မုဒိမ္းက်င့္၊ လူသတ္ စစ္ေၾကာင္းကို PDF တပ္ဖြဲ႕မ်ားက တိုက္ခိုက္ရာ တိုက္ပြဲ ၄ ႀကိမ္ ျဖစ္ပြားၿပီး စစ္သား ၁၂ ဦး ေသဆုံးခဲ့ေၾကာင္း ျပင္ဦးလြင္ခရိုင္ ပ.က.ဖ ေကာင္းကင္ တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။
မတ္လ ၁၃ ရက္ေန႕မွ မတ္လ ၁၇ ရက္ေန႕အထိ မတၱရာၿမိဳ႕နယ္ႏွင့္ စစ္ကိုင္း ၿမိဳ႕ နယ္ အစပ္ရွိ ေက်း႐ြာမ်ားကို အၾကမ္းဖက္ မုဒိမ္းက်င့္၊ လူသတ္ စစ္တပ္က စစ္ ေၾကာင္းထိုး စီးနင္းခဲ့ေၾကာင္း၊ ယင္း စစ္ေၾကာင္းႏွင့္ ေဒသကာကြယ္ေရး PDF တပ္ဖြဲ႕မ်ား ပိုဝ႐ြာႏွင့္ အိုင္တိုင္႐ြာတို႔တြင္ ထိေတြ႕တိုက္ပြဲ ၄ ႀကိမ္ ျဖစ္ပြားခဲ့ၿပီး စစ္သား ၁၂ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
မတၱရာၿမိဳ႕နယ္ထဲက ပိုဝ႐ြာနဲ႕ အိုင္တိုင္႐ြာတို႔မွာ ထိေတြ႕တိုက္ပြဲ ၄ ႀကိမ္ ျဖစ္ပြားခဲ့တယ္။ စစ္ေခြး ၁၂ ေကာင္ ေသတယ္။ ေသသြားတဲ့ စစ္ေခြး အေလာင္း ေတြကို ႏြားလွည္း နဲ႕ တင္ၿပီး ယူသြားတယ္လို႔ သိရတယ္ ဟု ျပင္ဦးလြင္ခရိုင္ ပ.က.ဖ ေကာင္းကင္ တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။
အဆိုပါ တိုက္ခိုက္မႈကို ျပင္ဦးလြင္ ခရိုင္ ပ. က. ဖ အဖြဲ႕ႏွင့္ အတူ မဟာမိတ္ တပ္ ေပါင္းစုမ်ားက ပူးေပါင္း လုပ္ေဆာင္ခဲ့ၿပီး PDF ရဲေဘာ္ ၆ ဦး ထိခိုက္ ဒဏ္ရာ ရရွိ ခဲ့ေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရသည္။