မီတာ ၂၀၀၀ထိပစ်နိုင်သည့် ၈၁မမ စိန်ပြောင်းကို စစ်သုံးယမ်းစနစ်ဖြင့် အောင်မြင်စွာထုတ်လုပ်နိုင်
အရည်ကျိုမိုလောင်းစနစ်ဖြင့်ထုတ်လုပ်ရေးပိုင်းမှ အရည်သွေးမြှင့်ထုတ်လုပ် ဖန်တီးနိုင်ခဲ့သည့် ၈၁မမ စိန်ပြောင်းကို စစ်သုံးယမ်းစနစ်ဖြင့် အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့သည်ဟု Shadow ထုတ်လုပ်ရေးနှင့် လက်နက်ကြီးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထုတ်လုပ်ရေးပိုင်းမှ အကြိမ်ကြိမ်စမ်းသပ်အောင်မြင်ခဲ့ပြီးဖြစ်သည့်အတွက် ရှေ့တန်းတိုက်ခိုက်ရေးရဲဘော်များသို့ လွှဲပြောင်းပေးပြီး ထိုးစစ်များအရှိန်ဟုန်မြှင့် လုပ်ဆောင်သွားမည်ဟု သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်အစောက ပြောသည်။
“အရင်တည်းက သံပိုက်နဲ့လုပ်လာတာဆိုတော့ အချိန်ကထူးပြီးမယူလိုက်ရဘူးဗျ စိတ်ချရတဲ့အဆင့်ရှိပါပြီ မီတာနှစ်ထောင်အထိပစ်လို့ရတယ်”ဟု ၎င်းကဆိုသည်။
၈၁မမ စိန်ပြောင်းကျည်အဖူးတစ်ခုကို တစ်သိန်းကျပ်ခန့်၊ လက်နက်ကိုယ်ထည်အပြီးစီးအတွက် နှစ်သိန်းခွဲကျပ်ခန့်ကုန်ကျသည့်အတွက် ပြည်သူများအနေဖြင့် တတ်အားသမျှ ပါဝင်ပေးကြရန် တောင်းဆိုထားသည်။
Shadowအဖွဲ့သည် စတင်တည်ထောင်ချိန်မှ တစ်နှစ်ခွဲကာလအတွင်း ၆၀မမ နှင့် ၈၀မမ စိန်ပြောင်းကျည် ၇၀၀ကျော် ထုတ်လုပ်နိူင်ခဲ့ပြီး တိုက်ပွဲပေါင်း ၄၀ကျော် လက်နက်ကြီးပစ်ကူအဖြစ် ကနီ-ယင်းမာပင်-မင်းကင်းနယ်များတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းဆင်နွှဲခဲ့သည်ဟု သိရသည်။
Zawgyi(version)
မီတာ ၂၀၀၀ထိပစ္နိုင္သည့္ ၈၁မမ စိန္ေျပာင္းကို စစ္သုံးယမ္းစနစ္ျဖင့္ ေအာင္ျမင္စြာထုတ္လုပ္နိုင္
အရည္က်ိဳမိုေလာင္းစနစ္ျဖင့္ထုတ္လုပ္ေရးပိုင္းမွ အရည္ေသြးျမႇင့္ထုတ္လုပ္ ဖန္တီးနိုင္ခဲ့သည့္ ၈၁မမ စိန္ေျပာင္းကို စစ္သုံးယမ္းစနစ္ျဖင့္ ေအာင္ျမင္စြာ စမ္းသပ္ပစ္ခတ္နိုင္ခဲ့သည္ဟု Shadow ထုတ္လုပ္ေရးႏွင့္ လက္နက္ႀကီးတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
ထုတ္လုပ္ေရးပိုင္းမွ အႀကိမ္ႀကိမ္စမ္းသပ္ေအာင္ျမင္ခဲ့ၿပီးျဖစ္သည့္အတြက္ ေရွ႕တန္းတိုက္ခိုက္ေရးရဲေဘာ္မ်ားသို႔ လႊဲေျပာင္းေပးၿပီး ထိုးစစ္မ်ားအရွိန္ဟုန္ျမႇင့္ လုပ္ေဆာင္သြားမည္ဟု သတင္းျပန္ၾကားေရးတာဝန္ခံ ရဲေဘာ္အေစာက ေျပာသည္။
“အရင္တည္းက သံပိုက္နဲ႕လုပ္လာတာဆိုေတာ့ အခ်ိန္ကထူးၿပီးမယူလိုက္ရဘူးဗ် စိတ္ခ်ရတဲ့အဆင့္ရွိပါၿပီ မီတာႏွစ္ေထာင္အထိပစ္လို႔ရတယ္”ဟု ၎ကဆိုသည္။
၈၁မမ စိန္ေျပာင္းက်ည္အဖူးတစ္ခုကို တစ္သိန္းက်ပ္ခန႔္၊ လက္နက္ကိုယ္ထည္အၿပီးစီးအတြက္ ႏွစ္သိန္းခြဲက်ပ္ခန႔္ကုန္က်သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ တတ္အားသမွ် ပါဝင္ေပးၾကရန္ ေတာင္းဆိုထားသည္။
Shadowအဖြဲ႕သည္ စတင္တည္ေထာင္ခ်ိန္မွ တစ္ႏွစ္ခြဲကာလအတြင္း ၆၀မမ ႏွင့္ ၈၀မမ စိန္ေျပာင္းက်ည္ ၇၀၀ေက်ာ္ ထုတ္လုပ္နိူင္ခဲ့ၿပီး တိုက္ပြဲေပါင္း ၄၀ေက်ာ္ လက္နက္ႀကီးပစ္ကူအျဖစ္ ကနီ-ယင္းမာပင္-မင္းကင္းနယ္မ်ားတြင္ မဟာမိတ္မ်ားႏွင့္အတူ ပူးေပါင္းဆင္ႏႊဲခဲ့သည္ဟု သိရသည္။