ရေတာရှည်တွင် ဗုံးလာကျဲသည့် စစ်ကောင်စီတပ်၏ ဒရုန်းကို PDF က ပစ်ချ (ရုပ်/သံ)
ရန်ကုန်၊ မတ် ၁၈
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ဗုံးလာကျဲသော စစ်တပ်၏ ဒရုန်းကို PDF တပ်ဖွဲ့က ပစ်ချလိုက်ကြောင်း ရေတာရှည် PDF တပ်ဖွဲ့မှ ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ ဘက်၊ ရွာသစ်ကျေးရွာ အနောက်ပိုင်းတွင် လုံခြုံရေးအရ ခေတ္တ တပ်စွဲထားသော တောင်ငူခရိုင် ၃၅၀၁ တပ်ခွဲ ၆ ဗိုလ်ကြက်သွန် တပ်ဖွဲ့ပေါ်သို့ ဒရုန်းဖြင့် ဗုံးဖြင့်လာရောက်ကျဲချစဉ် စစ်ကောင် စီ တပ်၏ ဒရုန်းကို ပစ်ချနိုင်ခဲ့ကြောင်း၊ စစ်တပ် ဒရုန်းကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရ သည်။
“ကိုယ့်ဘက် ၃ ဦးတော့ မစိုးရိမ်ရ ဒဏ်ရာရရှိပါတယ်။ ဒရုန်းကတော့ မြေပြင်ပေါ်ကို လုံး၀ ပြုတ် ကျ သွားပါတယ်” ဟု ဗိုလ်ကြက်သွန်က ရှင်းပြသည်။
ရန်ကုန်၊ မတ် ၁၈