နိုင်ငံခြားဇာတ်ကားထဲကလို အနီးကပ်မျက်နှာချင်းဆိုင်ကြီး ပစ်ချသွားတာ စစ်ခွေး ၁၀ ကောင် ငရဲရောက်သွားတယ်(ရုပ်သံ)

ပခပ်ရွာအနီး စစ်ကောင်စီတပ်ကိုထားဝယ်ပကဖတိုက်ခိုက် စစ်ကောင်စီတပ် ၁၀ဦးထက်မနည်းသေ

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ပခပ်ရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်း သေဆုံးသွားကြောင်းDawei Defense Team – DDT(ထားဝယ်-ပကဖ)က ယနေ့(စက်တင်ဘာ ၃) ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီ ၄၅ ခန့်က စစ်ကောင်စီ ခြေလျင်စစ်ကြောင်းနှင့် ကားတန်းကို Dawei Defense Team – DDT (ထားဝယ်-ပကဖ) ၊ Kaw Thoo Lei Army ရဲဘော်များ ပူးပေါင်းစစ်ကြောင်းတို့မှ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အထက်ပါတိုက်ခိုက်မှုတွင် ပစ်ခတ်တိုက်ခိုက်ချိန် တစ်နာရီကျော် ကြာမြင့်ပြီး စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးသွားကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“‌ခြေလျင်က ရှေ့ပြေးတက်လာတာ ခင်ဗျ။ ကားတန်းက နောက်မှ ကပ်ပါလာတာ”ဟု Dawei Defense Team – DDT (ထားဝယ်-ပကဖ)မှ တပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။

အထက်ပါပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများအသုံးပြုလာခြင်းကြောင့်တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း အထိအခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။

ရုပ်သံကြည့်ရန်👇👇👇

ရုပ်သံ – Dawei Defense Team – DDT

Zawgyi(version)

ပခပ္႐ြာအနီး စစ္ေကာင္စီတပ္ကိုထားဝယ္ပကဖတိုက္ခိုက္ စစ္ေကာင္စီတပ္ ၁၀ဦးထက္မနည္းေသ

ေက်ာ္ေဇာ/People’s Spring

တနသၤာရီတိုင္း ထားဝယ္ၿမိဳ႕နယ္၊ ပခပ္႐ြာအနီးတြင္ စစ္ေကာင္စီတပ္စစ္ေၾကာင္းအား ၁နာရီၾကာ ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီတပ္မွ ၁၀ဦးထက္မနည္း ေသဆုံးသြားေၾကာင္းDawei Defense Team – DDT(ထားဝယ္-ပကဖ)က ယေန႕(စက္တင္ဘာ ၃) ထုတ္ျပန္သည္။

ယေန႕နံနက္ ၉ နာရီ ၄၅ ခန့္က စစ္ေကာင္စီ ေျခလ်င္စစ္ေၾကာင္းႏွင့္ ကားတန္းကို Dawei Defense Team – DDT (ထားဝယ္-ပကဖ) ၊ Kaw Thoo Lei Army ရဲေဘာ္မ်ား ပူးေပါင္းစစ္ေၾကာင္းတို႔မွ ၾကားျဖတ္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ေဖာ္ျပသည္။

အထက္ပါတိုက္ခိုက္မႈတြင္ ပစ္ခတ္တိုက္ခိုက္ခ်ိန္ တစ္နာရီေက်ာ္ ၾကာျမင့္ၿပီး စစ္ေကာင္စီတပ္မွ ၁၀ဦးထက္မနည္းေသဆုံးသြားကာ စစ္ေကာင္စီတပ္မွ လက္နက္ႀကီးမ်ားျဖင့္ ျပန္လည္ပစ္ခတ္ခဲ့သည္ဟု ဆိုသည္။

“ေျခလ်င္က ေရွ႕ေျပးတက္လာတာ ခင္ဗ်။ ကားတန္းက ေနာက္မွ ကပ္ပါလာတာ”ဟု Dawei Defense Team – DDT (ထားဝယ္-ပကဖ)မွ တပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။

အထက္ပါပစ္ခတ္တိုက္ခိုက္မႈအတြင္း စစ္ေကာင္စီတပ္ဘက္မွ လက္နက္ႀကီးမ်ားအသုံးျပဳလာျခင္းေၾကာင့္ေတာ္လွန္ေရးရဲေဘာ္မ်ား ျပန္လည္ဆုတ္ခြာခဲ့ရေသာ္လည္း အထိအခိုက္မရွိခဲ့ေၾကာင္း အသိေပးထားသည္။

႐ုပ္သံ – Dawei Defense Team – DDT