မုံရွာ – ချောင်းဦးလမ်းမှာ အန်စာတုံးကားပေါ်က စစ်အုပ်စုကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲ၊
စကစ သုံးယောက်သေ ဟုဆို၊
MFP ၊ စက်တင်ဘာ – ၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးနယ်၊ မုံရွာ – ချောင်းဦးလမ်းမှာ အန်စာတုံးကားနဲ့ သွားလာနေတဲ့ စစ်အုပ်စုကို မနေ့ ညနေပိုင်းက ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစ သုံးယောက် သေပြီး နှစ်ယောက် ဒဏ်ရာ ရသွားတယ်လို့ Special Forces – 11 PDF က သတင်း ထုတ်ပြန်ပါတယ်။
စက်တင်ဘာ(၂)ရက် မနေ့က ညနေ(၆)နာရီကျော်က ချောင်းဦးကနေ မုံရွာဘက် ထွက်လာတဲ့ စစ်အုပ်စုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)နှင့် Special Forces-11 (PDF) တို့ ပူးပေါင်းပြီး ပဒေသာမိုင်း သုံးလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ချောင်းဦးဘက်မှ အံစာတုံး(စခ)ကား သုံးစီး မုံရွာဘက်သို့ ထွက်လာကြောင်း သတင်းရရှိ၍ ရဲဘော်များမှ အံစာတုံး(စခ)ကား သုံးစီးအနက် ဒုတိယမြောက် အစီးအား ပဒေသာမိုင်း သုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ သုံးကောင် နေရာတွင် ပွဲချင်းပြီး၍ စခ နှစ်ကောင်မှာ ဒဏ်ရာအပြင်းအထန်ဖြင့် သေနိုင်ခြေ များကြောင်း သတင်းအတိအကျ ရရှိပါသည်။
ကျန်(စခ)များလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရှိရပါသည်။ အဆိုပါ စစ်ဆင်ရေးအပြီးတွင် မိုင်းထိထားသော (စခ)ကားသည် မုံရွာဘက်သို့ ဆက်မထွက်နိုင်တော့ဘဲ နေရာတွင် ရပ်တန့်၍ ၎င်းနောက်မှ လိုက်ပါလာသော (စခ)ကားအတွင်းမှ (စခ)များသည် ပတ်ဝန်းကျင်အား (ရိုးရာမပျက်) ရမ်းသန်းပစ်ခတ်သွားကြောင်း သိရှိရသည်။ မိမိတို့ မဟာမိတ်ရဲဘော်များ ဘေးမသီရန်မခ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ Special Forces-11 (PDF) က ဖော်ပြပါတယ်။
စစ်ကိုင်း – မုံရွာ – ရွှေဘို လမ်းတလျှောက်မှာ စစ်အုပ်စုက စစ်ကားတွေသာမက လူနာတင်ကားတွေ၊ ပရဟိတကားတွေ အသုံးပြုပြီး သွားလာတာ၊ လမ်းတလျှောက် ကင်းပုန်းတွေ ဝပ်ပြီး မသင်္ကာသူကို ပစ်ခတ် သ-တ်-ဖြတ်တာ၊ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေသလို ဒေသကာကွယ်ရေး တပ်တွေက စစ်အုပ်စုရဲ့ ကားတွေကို နည်းမျိုးစုံနဲ့ ခုခံ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(version)
မုံ႐ြာ – ေခ်ာင္းဦးလမ္းမွာ အန္စာတုံးကားေပၚက စစ္အုပ္စုကို ပေဒသာမိုင္းနဲ႕ ေဖာက္ခြဲ၊
စကစ သုံးေယာက္ေသ ဟုဆို၊
MFP ၊ စက္တင္ဘာ – ၃
စစ္ကိုင္းတိုင္း၊ ေခ်ာင္းဦးနယ္၊ မုံ႐ြာ – ေခ်ာင္းဦးလမ္းမွာ အန္စာတုံးကားနဲ႕ သြားလာေနတဲ့ စစ္အုပ္စုကို မေန႕ ညေနပိုင္းက ပေဒသာမိုင္းနဲ႕ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ရာ စကစ သုံးေယာက္ ေသၿပီး ႏွစ္ေယာက္ ဒဏ္ရာ ရသြားတယ္လို႔ Special Forces 11 PDF က သတင္း ထုတ္ျပန္ပါတယ္။
စက္တင္ဘာ(၂)ရက္ မေန႕က ညေန(၆)နာရီေက်ာ္က ေခ်ာင္းဦးကေန မုံ႐ြာဘက္ ထြက္လာတဲ့ စစ္အုပ္စုကို မုံ႐ြာၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (ပ.က.ဖ)ႏွင့္ Special Forces-11 (PDF) တို႔ ပူးေပါင္းၿပီး ပေဒသာမိုင္း သုံးလုံးနဲ႕ ေဖာက္ခြဲ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
ေခ်ာင္းဦးဘက္မွ အံစာတုံး(စခ)ကား သုံးစီး မုံ႐ြာဘက္သို႔ ထြက္လာေၾကာင္း သတင္းရရွိ၍ ရဲေဘာ္မ်ားမွ အံစာတုံး(စခ)ကား သုံးစီးအနက္ ဒုတိယေျမာက္ အစီးအား ပေဒသာမိုင္း သုံးလုံးျဖင့္ မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စခ သုံးေကာင္ ေနရာတြင္ ပြဲခ်င္းၿပီး၍ စခ ႏွစ္ေကာင္မွာ ဒဏ္ရာအျပင္းအထန္ျဖင့္ ေသနိုင္ေျခ မ်ားေၾကာင္း သတင္းအတိအက် ရရွိပါသည္။
က်န္(စခ)မ်ားလည္း ဒဏ္ရာအျပင္းအထန္ ရရွိသြားေၾကာင္း သိရွိရပါသည္။ အဆိုပါ စစ္ဆင္ေရးအၿပီးတြင္ မိုင္းထိထားေသာ (စခ)ကားသည္ မုံ႐ြာဘက္သို႔ ဆက္မထြက္နိုင္ေတာ့ဘဲ ေနရာတြင္ ရပ္တန႔္၍ ၎ေနာက္မွ လိုက္ပါလာေသာ (စခ)ကားအတြင္းမွ (စခ)မ်ားသည္ ပတ္ဝန္းက်င္အား (ရိုးရာမပ်က္) ရမ္းသန္းပစ္ခတ္သြားေၾကာင္း သိရွိရသည္။ မိမိတို႔ မဟာမိတ္ရဲေဘာ္မ်ား ေဘးမသီရန္မခ ေအာင္ျမင္စြာ ဆုတ္ခြာနိုင္ခဲ့ပါသည္ လို႔ Special Forces-11 (PDF) က ေဖာ္ျပပါတယ္။
စစ္ကိုင္း – မုံ႐ြာ – ေ႐ႊဘို လမ္းတေလွ်ာက္မွာ စစ္အုပ္စုက စစ္ကားေတြသာမက လူနာတင္ကားေတြ၊ ပရဟိတကားေတြ အသုံးျပဳၿပီး သြားလာတာ၊ လမ္းတေလွ်ာက္ ကင္းပုန္းေတြ ဝပ္ၿပီး မသကၤာသူကို ပစ္ခတ္ သ-တ္-ျဖတ္တာ၊ ခရီးသြားျပည္သူေတြကို ဖမ္းဆီးေငြညွစ္တာေတြ ထင္တိုင္းက်ဲ က်ဴးလြန္ေနသလို ေဒသကာကြယ္ေရး တပ္ေတြက စစ္အုပ္စုရဲ႕ ကားေတြကို နည္းမ်ိဳးစုံနဲ႕ ခုခံ တိုက္ခိုက္ေနတာ ျဖစ္ပါတယ္။
#MFP #Mandalay_Free_Press #မႏၱေလး #စစ္ကိုင္း #မုံ႐ြာ #ေခ်ာင္းဦး #SpecialForces11(PDF)