စကစ (၁၈)ယောက် သေတဲ့ ကနီနယ် ချမ်းသာစုရွာအနီး တိုက်ပွဲ၊
MFP ၊ စက်တင်ဘာ – ၃
စစ်ကိုင်းတိုင်း ကနီနယ် ချမ်းသာစုရွာအနီးမှာ သြဂုတ်(၂၃)ရက်က စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စကစ (၁၈)ယောက် သေတယ်လို့ ကနီနယ် ကျောက်လုံးကြီး တပ်မဟာ – KLG PDF က သတင်း ထုတ်ပြန်ပါတယ်။
သြဂုတ်(၂၃)ရက် နေ့လည်(၂)နာရီက မုံရွာ – ယာကြီး – ကလေး၀ လမ်းအတိုင်း ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်း မီးရှို့နေတဲ့ အင်အား (၁၅၀)ကျော်ပါ စစ်အုပ်စုကို ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်န်ကငယ်တွေနှင့် ဝိုင်းဝန်း ပိတ်ဆို့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ကနီမြို့နယ် ချမ်းသာစုရွာအနီး ခွေး (၁၈)ကောင်သေပြီး ရှစ်ကောင် ဒါဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ မှတ်တမ်း” ဆိုပြီး ကနီ KLG PDF (ကျောက်လုံးကြီး)က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ပွဲမှာ KLG PDF (ကျောက်လုံးကြီး)အဖွဲ့က ရဲဘော်နှစ်ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်တွေ သြဂုတ်လကုန်ပိုင်းက နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အကျအဆုံးတွေ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။
ရုပ်သံကြည့်ရန်👇👇👇
Zawgyi(version)
စကစ (၁၈)ေယာက္ ေသတဲ့ ကနီနယ္ ခ်မ္းသာစု႐ြာအနီး တိုက္ပြဲ၊
MFP ၊ စက္တင္ဘာ – ၃
စစ္ကိုင္းတိုင္း ကနီနယ္ ခ်မ္းသာစု႐ြာအနီးမွာ ၾသဂုတ္(၂၃)ရက္က စစ္အုပ္စုႏွင့္ ေဒသကာကြယ္ေရး တပ္ေတြ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး စကစ (၁၈)ေယာက္ ေသတယ္လို႔ ကနီနယ္ ေက်ာက္လုံးႀကီး တပ္မဟာ – KLG PDF က သတင္း ထုတ္ျပန္ပါတယ္။
ၾသဂုတ္(၂၃)ရက္ ေန႕လည္(၂)နာရီက မုံ႐ြာ – ယာႀကီး – ကေလး၀ လမ္းအတိုင္း ကနီနယ္ထဲ ႐ြာစဥ္ပတ္ေမႊ လုယက္ ေသာင္းက်န္း မီးရွို႔ေနတဲ့ အင္အား (၁၅၀)ေက်ာ္ပါ စစ္အုပ္စုကို ေဒသကာကြယ္ေရး မဟာမိတ္တပ္ေတြ ပူးေပါင္းၿပီး လက္နက္ႀကီး၊ လက္န္ကငယ္ေတြႏွင့္ ဝိုင္းဝန္း ပိတ္ဆို႔ ပစ္ခတ္ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။
ကနီၿမိဳ႕နယ္ ခ်မ္းသာစု႐ြာအနီး ေခြး (၁၈)ေကာင္ေသၿပီး ရွစ္ေကာင္ ဒါဏ္ရာရေအာင္ တိုက္ခိုက္နိုင္ခဲ့တဲ့ မွတ္တမ္း ဆိုၿပီး ကနီ KLG PDF (ေက်ာက္လုံးႀကီး)က ေဖာ္ျပပါတယ္။
အဲ့ဒီ တိုက္ပြဲမွာ KLG PDF (ေက်ာက္လုံးႀကီး)အဖြဲ႕က ရဲေဘာ္ႏွစ္ဦး ထိခိုက္ဒါဏ္ရာ ရရွိခဲ့တယ္လို႔ ဆိုပါတယ္။
ကနီနယ္ထဲ ႐ြာစဥ္ပတ္ေမႊ လုယက္ ေသာင္းက်န္းေနတဲ့ စစ္အုပ္စုႏွင့္ ေဒသကာကြယ္ေရး တပ္ေတြ ၾသဂုတ္လကုန္ပိုင္းက ေန႕စဥ္ရက္ဆက္ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး ႏွစ္ဖက္ အက်အဆုံးေတြ ရွိခဲ့တယ္လို႔ ေဒသကာကြယ္ေရး တပ္ေတြက ထုတ္ျပန္ထားပါတယ္။
#MFP #Mandalay_Free_Press #မႏၱေလး #စစ္ကိုင္း #ကနီ #ေက်ာက္လုံးႀကီး #KLGPDF