၃မိုင် အထိပ စ်နိုင်သော လက်နက်ကြီးအား ထုတ်လုပ်ပြီး လိုအပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့မျ…see more

၃မိုင် အထိပ စ်နိုင်သော လက်နက်ကြီးအား ထုတ်လုပ်ပြီး လိုအပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့မျ…see more

၁၂၀ မမ တာဝေးပစ်လက်နက်ကြီးများကို လိုအပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များထံ အခမဲ့ပေးအပ်သွားမည်ဟု နေပြည်တော်ပကဖဆို

2 Sep 2022 By MPA 001

၁၂၀ မမ တာဝေးပစ်လက်နက်ကြီးများကို လိုအပ်နေသည့် တော်လှန်ရေးတပ်ဖွဲ့များထံ အခမဲ့ပေးအပ်သွားမည်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ နေပြည်တော် စစ်ရေးတာဝန်ခံ ဗိုလ်တေဇမှပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ၁ရက်နေ့ကနေပြည်တော် ပကဖအနေဖြင့် Mytelတာဝါတိုင်များအားဖြိုလှခြင်းဖြင့် ရရှိခဲ့သည့် ကုန်ကြမ်းသံထည်များဖြင့်

တည်ဆောက်ထားသည့် ၁၂၀မမကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး ၃မိုင်အကွာအဝေးထိ ပစ်လွှတ်နိုင်ကြောင်း စစ်ရေးတာဝန်ခံ ဗိုလ်တေဇမှ ရှင်းပြသည်။

“မနေ့က အောင်မြင်စွာထုတ်နိုင်ခဲ့တာပါ။သုံးမိုင်ကျော်ပြေးတယ်ပေါ့။အကိုက အကြံဉာဏ်ပေးတယ်။ယမ်းနဲ့ ဒီဇိုင်းပိုင်းကိုပဲဝင်လုပ်ပေးတယ်။

ကျန်တာကို ဗိုလ်ယက္ခနဲ့ ထုတ်လုပ်ရေးအဖွဲ့ကလုပ်တာပါ။လောလောဆည်တော့ တစ်ခုပဲထုတ်ထားနိုင်သေးတယ်။

ငွေကြေးလိုအပ်ချက်အရပေါ့”ဟု ပြည်သူ့ကာကွယ် ရေး အဖွဲ့ (နေပြည်တော်) စစ်ရေးတာဝန်ခံ ဗိုလ်တေဇမှ ရှင်းပြသည်။

အထက်ပါ ၁၂၀မမ တာဝေးပစ်လက်နက်ကြီးထုတ် လုပ်မှုအတွက် ကျည်ထိပ်ဖူးတစ်ခုလျှင် ၆သောင်းနှင့် ပြောင်းတစ်ခုလျှင် ငါးသိန်းခန့်ကုန်ကျကြောင်း နေပြည်တော်ပကဖ ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်ယက္ခမှ ပြောသည်။

“အဓိက ကုန်ကျတာကတော့ ကျောက်ပြား၊ဝရိန်ချောင်းပေါ့။ကားဘီးကလဲဈေးကြီးတယ်။ဒါတွေကို တကယ်လိုအပ်တဲ့တော်လှန်ရေးအဖွဲ့တွေလာအကူ အညီတောင်းရင် အခမဲ့ပေးပါ့မယ်။

ဗိုလ်တေဇ Facebookအကောင့် မင်စင်ဂျာကနေ သွားပြောလို့ရပါတယ်။နည်းပညာပိုင်းလဲ မျှဝေပေးပါ့မယ်။လိုအပ်တဲ့နေရာတွေဆီလက်နက်ပြည့်စုံပြီးတော်လှန်နိုင်အောင်လို့ပါ”ဟု ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်ယက္ခမှ ရှင်းပြသည်။

ဒါ့အပြင်ဗိုလ်တေဇမှ မိမိတို့နေပြည်တော် ပကဖရှိ လက်နက်ကြီးမမထုတ်လုပ်နေမှုအပေါ် စိတ်ပါဝင် စားသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား နည်းပညာဝေမျှသွားမည်ဖြစ်ပြီး မိမိတို့ရှိ ပစ္စည်းးများကို လိုအပ်နေသည်ဟုဆိုပါက

ဗိုလ်တေဇ အမည်ရှိလူမှုကွန်ရက်အကောင့်မှ တဆင့်လာပြောနိုင်ကြောင်းနှင့် မည်သည့်တော်လှန် ရေးတပ်ဖွဲ့များကို မဆိုတတ်နိုင်သလောက် အခမဲ့ပေးအပ်သွားမည်ဟု MPAမှ တဆင့် အသိပေးခဲ့သည်။

နေပြည်တော်ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇတို့ အနေဖြင့် ၆၀မမ၊၈၁မမနှင့် ၁၂၀မမတို့ကို အောင် မြင်စွာထုတ်လုပ်ထားနိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ ၂ခုထံ ၁၂၀မမအား ပေးပို့သွားရန်ရှိပြီး လုံခြုံရေးအခြေအ​နေအရ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးကြောင်း MPAမှစုံစမ်းသိရသည်။

Photo – နေပြည်တော် ပကဖ

Zawgyi(version)

၃မိုင္ အထိပ စ္နိုင္ေသာ လက္နက္ႀကီးအား ထုတ္လုပ္ၿပီး လိုအပ္ေနသည့္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်see more

၁၂၀ မမ တာေဝးပစ္လက္နက္ႀကီးမ်ားကို လိုအပ္ေနသည့္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားထံ အခမဲ့ေပးအပ္သြားမည္ဟု ေနျပည္ေတာ္ပကဖဆို

2 Sep 2022 By MPA 001

၁၂၀ မမ တာေဝးပစ္လက္နက္ႀကီးမ်ားကို လိုအပ္ေနသည့္ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားထံ အခမဲ့ေပးအပ္သြားမည္ဟုျပည္သူ႕ကာကြယ္ေရးအဖြဲ႕ ေနျပည္ေတာ္ စစ္ေရးတာဝန္ခံ ဗိုလ္ေတဇမွေျပာသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ၁ရက္ေန႕ကေနျပည္ေတာ္ ပကဖအေနျဖင့္ Mytelတာဝါတိုင္မ်ားအားၿဖိဳလွျခင္းျဖင့္ ရရွိခဲ့သည့္ ကုန္ၾကမ္းသံထည္မ်ားျဖင့္

တည္ေဆာက္ထားသည့္ ၁၂၀မမကို ေအာင္ျမင္စြာထုတ္လုပ္နိုင္ခဲ့ၿပီး ၃မိုင္အကြာအေဝးထိ ပစ္လႊတ္နိုင္ေၾကာင္း စစ္ေရးတာဝန္ခံ ဗိုလ္ေတဇမွ ရွင္းျပသည္။

မေန႕က ေအာင္ျမင္စြာထုတ္နိုင္ခဲ့တာပါ။သုံးမိုင္ေက်ာ္ေျပးတယ္ေပါ့။အကိုက အႀကံဉာဏ္ေပးတယ္။ယမ္းနဲ႕ ဒီဇိုင္းပိုင္းကိုပဲဝင္လုပ္ေပးတယ္။

က်န္တာကို ဗိုလ္ယကၡနဲ႕ ထုတ္လုပ္ေရးအဖြဲ႕ကလုပ္တာပါ။ေလာေလာဆည္ေတာ့ တစ္ခုပဲထုတ္ထားနိုင္ေသးတယ္။

ေငြေၾကးလိုအပ္ခ်က္အရေပါ့ဟု ျပည္သူ႕ကာကြယ္ ေရး အဖြဲ႕ (ေနျပည္ေတာ္) စစ္ေရးတာဝန္ခံ ဗိုလ္ေတဇမွ ရွင္းျပသည္။

အထက္ပါ ၁၂၀မမ တာေဝးပစ္လက္နက္ႀကီးထုတ္ လုပ္မႈအတြက္ က်ည္ထိပ္ဖူးတစ္ခုလွ်င္ ၆ေသာင္းႏွင့္ ေျပာင္းတစ္ခုလွ်င္ ငါးသိန္းခန႔္ကုန္က်ေၾကာင္း ေနျပည္ေတာ္ပကဖ ထုတ္လုပ္ေရးတာဝန္ခံ ဗိုလ္ယကၡမွ ေျပာသည္။

အဓိက ကုန္က်တာကေတာ့ ေက်ာက္ျပား၊ဝရိန္ေခ်ာင္းေပါ့။ကားဘီးကလဲေဈးႀကီးတယ္။ဒါေတြကို တကယ္လိုအပ္တဲ့ေတာ္လွန္ေရးအဖြဲ႕ေတြလာအကူ အညီေတာင္းရင္ အခမဲ့ေပးပါ့မယ္။

ဗိုလ္ေတဇ Facebookအေကာင့္ မင္စင္ဂ်ာကေန သြားေျပာလို႔ရပါတယ္။နည္းပညာပိုင္းလဲ မွ်ေဝေပးပါ့မယ္။လိုအပ္တဲ့ေနရာေတြဆီလက္နက္ျပည့္စုံၿပီးေတာ္လွန္နိုင္ေအာင္လို႔ပါဟု ထုတ္လုပ္ေရးတာဝန္ခံ ဗိုလ္ယကၡမွ ရွင္းျပသည္။

ဒါ့အျပင္ဗိုလ္ေတဇမွ မိမိတို႔ေနျပည္ေတာ္ ပကဖရွိ လက္နက္ႀကီးမမထုတ္လုပ္ေနမႈအေပၚ စိတ္ပါဝင္ စားသည့္ ေတာ္လွန္ေရးတပ္ဖြဲ႕ဝင္မ်ားအား နည္းပညာေဝမွ်သြားမည္ျဖစ္ၿပီး မိမိတို႔ရွိ ပစၥည္းးမ်ားကို လိုအပ္ေနသည္ဟုဆိုပါက

ဗိုလ္ေတဇ အမည္ရွိလူမႈကြန္ရက္အေကာင့္မွ တဆင့္လာေျပာနိုင္ေၾကာင္းႏွင့္ မည္သည့္ေတာ္လွန္ ေရးတပ္ဖြဲ႕မ်ားကို မဆိုတတ္နိုင္သေလာက္ အခမဲ့ေပးအပ္သြားမည္ဟု MPAမွ တဆင့္ အသိေပးခဲ့သည္။

ေနျပည္ေတာ္ပကဖ စစ္ေရးတာဝန္ခံ ဗိုလ္ေတဇတို႔ အေနျဖင့္ ၆၀မမ၊၈၁မမႏွင့္ ၁၂၀မမတို႔ကို ေအာင္ ျမင္စြာထုတ္လုပ္ထားနိုင္ခဲ့ၿပီး ေတာ္လွန္ေရးတပ္ဖြဲ႕ ၂ခုထံ ၁၂၀မမအား ေပးပို႔သြားရန္ရွိၿပီး လုံၿခဳံေရးအေျခအေနအရ ထုတ္ေဖာ္ေျပာၾကားနိုင္ျခင္းမရွိေသးေၾကာင္း MPAမွစုံစမ္းသိရသည္။

Photo ေနျပည္ေတာ္ ပကဖ