စိတ်မနှံ့တဲ့သူကိုသွားဖမ်းတဲ့ ရဲကင်းမှူးဓားထိုးခံရပြီး ပွဲချင်းပြီးသေဆုံး…see more

သန်လျင်မှာ စိတ်မနှံ့တဲ့သူကိုသွားဖမ်းတဲ့ ရဲကင်းမှူးဓားထိုးခံရပြီး ပွဲချင်းပြီးသေဆုံး

စနိုး/ဧရာဝတီတိုင်းမ်
(သန်လျင်)၊ သြဂုတ် ၂၂ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ နယ်မြေရဲကင်းမှူး ၁ ဦး သြဂုတ် ၂၂ ရက် ယနေ့ မနက်ပိုင်းက ဓားထိုးခံရ၍ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းဒေသခံများထံက သိရသည်။

သေဆုံးသွားသူမှာ ဘုရားကုန်းရဲကင်းစခန်းမှ ရဲကင်းမှူး ရဲတပ်ကြပ်ကြီး သန့်ဇင် ဖြစ်ပြီး ၄င်းနှင့်ရဲတပ်သား ၁ ဦးတို့သည် ဘုရားကုန်းစျေးအနောက်ဘက်တွင် စိတ်ကျန်း မာရေးမကောင်းသည့်သူအားသွားရောက်ဖမ်းဆီးစဥ် အဆိုပါစိတ်မနှံ့သူမှ ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဒေသခံတဦးကပြောသည်။

“ရဲကင်းမှူးသန့်ဇင်ကတော့ လည်ပင်းကိုဓားနဲ့ထိုးခံရပြီးနေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတာ။ သူနဲ့အတူပါလာတဲ့ ရဲတစ်ယောက်ကတော့ လက်ကိုထိသွားတယ်။ ရဲကင်းမှူးသန့်စင်ကို ဓားနဲ့ထိုးတာမြင်တော့ သူလည်းထွက်ပြေးသွားတယ်”ဟု အနီးပတ်၀န်းကျင်ရှိသူတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အသတ်ခံရသည့် ရဲကင်းမှူးသည် အဆိုပါစိတ်မကျန်းမာသူအား အမြဲညှင်းပန်းနှိပ်စက်ရိုက်နှက်လေ့ရှိပြီး ယခု လာရောက်ဖမ်းဆီးခြင်းမှာ မည်သည့်ကိစ္စကြောင့် လာရောက်ဖမ်းဆီးသည်ကိုမူ မသိရှိရကြောင်း ၄င်း၏ပြောပြချက်အရ သိရသည်။

လက်ရှိတွင်မူ ဓားဖြင့်ထိုးသတ်ခဲ့သူအား စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

ဓာတ်ပုံ – သန်လျင်မြို့မရဲစခန်း။

#AyeyarwaddyTimes

Zawgyi(version)

သန္လ်င္မွာ စိတ္မႏွံ႕တဲ့သူကိုသြားဖမ္းတဲ့ ရဲကင္းမႉးဓားထိုးခံရၿပီး ပြဲခ်င္းၿပီးေသဆုံး

စနိုး/ဧရာဝတီတိုင္းမ္
(သန္လ်င္)၊ ၾသဂုတ္ ၂၂ ရက္

ရန္ကုန္တိုင္း၊ သန္လ်င္ၿမိဳ႕နယ္၊ ဘုရားကုန္းေက်း႐ြာရွိ နယ္ေျမရဲကင္းမႉး ၁ ဦး ၾသဂုတ္ ၂၂ ရက္ ယေန႕ မနက္ပိုင္းက ဓားထိုးခံရ၍ ေနရာတင္ပြဲခ်င္းၿပီး ေသဆုံးခဲ့ေၾကာင္းေဒသခံမ်ားထံက သိရသည္။

ေသဆုံးသြားသူမွာ ဘုရားကုန္းရဲကင္းစခန္းမွ ရဲကင္းမႉး ရဲတပ္ၾကပ္ႀကီး သန့္ဇင္ ျဖစ္ၿပီး ၄င္းႏွင့္ရဲတပ္သား ၁ ဦးတို႔သည္ ဘုရားကုန္းေစ်းအေနာက္ဘက္တြင္ စိတ္က်န္း မာေရးမေကာင္းသည့္သူအားသြားေရာက္ဖမ္းဆီးစဥ္ အဆိုပါစိတ္မႏွံ႕သူမွ ဓားျဖင့္ ထိုးသတ္ခဲ့ေၾကာင္း ေဒသခံတဦးကေျပာသည္။

“ရဲကင္းမႉးသန့္ဇင္ကေတာ့ လည္ပင္းကိုဓားနဲ႕ထိုးခံရၿပီးေနရာမွာတင္ ပြဲခ်င္းၿပီးေသဆုံးသြားတာ။ သူနဲ႕အတူပါလာတဲ့ ရဲတစ္ေယာက္ကေတာ့ လက္ကိုထိသြားတယ္။ ရဲကင္းမႉးသန့္စင္ကို ဓားနဲ႕ထိုးတာျမင္ေတာ့ သူလည္းထြက္ေျပးသြားတယ္”ဟု အနီးပတ္၀န္းက်င္ရွိသူတဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

အသတ္ခံရသည့္ ရဲကင္းမႉးသည္ အဆိုပါစိတ္မက်န္းမာသူအား အၿမဲညွင္းပန္းႏွိပ္စက္ရိုက္ႏွက္ေလ့ရွိၿပီး ယခု လာေရာက္ဖမ္းဆီးျခင္းမွာ မည္သည့္ကိစၥေၾကာင့္ လာေရာက္ဖမ္းဆီးသည္ကိုမူ မသိရွိရေၾကာင္း ၄င္း၏ေျပာျပခ်က္အရ သိရသည္။

လက္ရွိတြင္မူ ဓားျဖင့္ထိုးသတ္ခဲ့သူအား စစ္ေကာင္စီတပ္သားမ်ားမွ လာေရာက္ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း သိရသည္။

ဓာတ္ပုံ – သန္လ်င္ၿမိဳ႕မရဲစခန္း။

#AyeyarwaddyTime