မြိုင်(ပကဖ)သို့ ခုနစ်နှစ်သမီးက စုထားသော မုန့်ဖိုးငွေများလာလှူ
ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ ပေါက်မြို့နယ်မှ အသက်(၇)နှစ်အရွယ် သမီးငယ်တစ်ဦးက စုထားသောမုန့်ဖိုးငွေများအား လာရောက်လှူဒါန်းသွားကြောင်း မြိုင်(ပကဖ)အဖွဲ့က ယနေ့ (စက်တင်ဘာ၂ ရက်) တွင် သတင်းထုတ်ပြန်သည်။
“ဦးလေး သမီးကျ-ည်ဆံဖိုး လှူချင်လို့ပါရှင့်။
သမီးရယ် ကျ-ည်ဆံဖိုးမလှူပါနဲ့လား။ မုန့်ဖိုးပဲ သုံးပါလား။ သမီးက မုန့်မစားချင်ဘူးရှင့် ။ ရတဲ့မုန့်ဖိုးတွေကိုစုထားပြီးကျ-ည်ဆံဖိုးလှူတာပါရှင့်။
ဒီငွေနဲ့ ကျ-ည်ဝယ်ပြီး ပစ်လို့ ွေးတွေသေမှ သမီးတို့တွေ ကျောင်းပြန်တက်နိုင်မှာ သမီးလှူတဲ့ငွေလေးကို လက်ခံပေးပါရှင့်။”ဟု လာလှူသည့်သမီးလေးနှင့် ပြောကြားခဲ့သည်များအား မြိုင်(ပကဖ) အဖွဲ့က ဝေမျှသည်။
“အရမ်းသိတတ်တဲ့ပြည်သူတွေအတော်များများပါဝင်နေမှတော့ ဒီပွဲမနိုင်စရာမရှိတော့ပါဘူးဗျာ” ဟု မြိုင် (ပကဖ)က ပြောသည်။
မြိုင်မြို့နယ်တွင် ယခင်ကလည်း ဒေသခံများက ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲဲ့များအား လက်ဝတ်ရတနာများ လာရောက်လှူဒါန်းခဲ့ဖူးသည်။
မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ၏ အကြမ်းဖက်ဖျက်ဆီးသတ်ဖြတ်မှုများကြောင့် ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
(မြိုင်(ပကဖ)သို့ မုန့်ဖိုးစုထားသော ငွေများအား လာလှူနေသော သမီးငယ်အား တွေ့ရစဥ်၊ ဓာတ်ပုံ -မြိုင်(ပကဖ))
Credit
Zawgyi(version)
ၿမိဳင္(ပကဖ)သို႔ ခုနစ္ႏွစ္သမီးက စုထားေသာ မုန့္ဖိုးေငြမ်ားလာလႉ
ဟာနာဆန္/Peoples Spring
မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္သို႔ ေပါက္ၿမိဳ႕နယ္မွ အသက္(၇)ႏွစ္အ႐ြယ္ သမီးငယ္တစ္ဦးက စုထားေသာမုန့္ဖိုးေငြမ်ားအား လာေရာက္လႉဒါန္းသြားေၾကာင္း ၿမိဳင္(ပကဖ)အဖြဲ႕က ယေန႕ (စက္တင္ဘာ၂ ရက္) တြင္ သတင္းထုတ္ျပန္သည္။
ဦးေလး သမီးက်-ည္ဆံဖိုး လႉခ်င္လို႔ပါရွင့္။
သမီးရယ္ က်-ည္ဆံဖိုးမလႉပါနဲ႕လား။ မုန႔္ဖိုးပဲ သုံးပါလား။ သမီးက မုန႔္မစားခ်င္ဘူးရွင့္ ။ ရတဲ့မုန႔္ဖိုးေတြကိုစုထားၿပီးက်-ည္ဆံဖိုးလႉတာပါရွင့္။
ဒီေငြနဲ႕ က်-ည္ဝယ္ၿပီး ပစ္လို႔ ြေးေတြေသမွ သမီးတို႔ေတြ ေက်ာင္းျပန္တက္နိုင္မွာ သမီးလႉတဲ့ေငြေလးကို လက္ခံေပးပါရွင့္။ဟု လာလႉသည့္သမီးေလးႏွင့္ ေျပာၾကားခဲ့သည္မ်ားအား ၿမိဳင္(ပကဖ) အဖြဲ႕က ေဝမွ်သည္။
အရမ္းသိတတ္တဲ့ျပည္သူေတြအေတာ္မ်ားမ်ားပါဝင္ေနမွေတာ့ ဒီပြဲမနိုင္စရာမရွိေတာ့ပါဘူးဗ်ာ ဟု ၿမိဳင္ (ပကဖ)က ေျပာသည္။
ၿမိဳင္ၿမိဳ႕နယ္တြင္ ယခင္ကလည္း ေဒသခံမ်ားက ေဒသတြင္းျပည္သူ႕ကာကြယ္ေရးအဖြဲဲ့မ်ားအား လက္ဝတ္ရတနာမ်ား လာေရာက္လႉဒါန္းခဲ့ဖူးသည္။
မေကြးတိုင္း ၿမိဳင္ၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္၊ ပ်ဴႏွင့္ ေဒသတြင္း ျပည္သူ႕ကာကြယ္ေရးအဖြဲ႕မ်ား ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး စစ္ေကာင္စီတပ္ ၏ အၾကမ္းဖက္ဖ်က္ဆီးသတ္ျဖတ္မႈမ်ားေၾကာင့္ ျပည္သူေထာင္ခ်ီ ထြက္ေျပးတိမ္းေရွာင္ေနရေၾကာင္း ေဒသခံမ်ားက ေျပာသည္။
(ၿမိဳင္(ပကဖ)သို႔ မုန့္ဖိုးစုထားေသာ ေငြမ်ားအား လာလႉေနေသာ သမီးငယ္အား ေတြ႕ရစဥ္၊ ဓာတ္ပုံ -ၿမိဳင္(ပကဖ))
Credit