မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ
People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (စက်တင်ဘာ ၂ ရက်) ညနေ ၆နာရီခွဲခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းလာသော စစ်ကောင်စီယာဉ်သုံးစီးအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ပဒေသာမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywa က အသိပေးသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် ဒုတိယမြောက်ယာဉ်မှာ နောက်ပိုင်းထိမှန်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး လွင့်စင်ပြုတ်ကျကာ မီးခွက်များပါ အပြင်သို့ထွက်ကျလာခဲ့ကြောင်း၊ တတိယမြောက် ယာဉ်မှာမူ ရှေ့မှန်များ ကွဲကြေ၍ ခေါင်းပိုင်းထိသွားကြောင်း
ဒုတိယမြောက်ယာဉ်ပေါ်မှ လေးဦး၊ နောက်ဆုံးယာဉ် မောင်းနှင်လာသော စစ်သားနှင့် ဘေးမှလိုက်ပါလာသော စစ်ကောင်စီတပ်သားအပါအဝင်စုစုပေါင်း(၆)ဦး နေရာတွင်ပင် သေဆုံးနိုင်ပြီး
၎င်းတို့အား ကားပေါ်သို့ ဆွဲတင်မောင်းနှင်သွားကြောင်း၊ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် စစ်ကောင်စီတပ်များက ဘေးဘီဝဲယာရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်ပြီး PDF South Monywa အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။
People’s Defence Force – South Monywa အဖွဲ့သည် မုံရွာခရိုင်အခြေစိုက်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အခြားဒေသတွင်းအဖွဲ့များနည်းတူ မုံရွာ-မန္တလေးလမ်းတွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်နေသည်။
Zawyi(version)
မုံ႐ြာ – မႏၱေလးလမ္းပိုင္းတြင္ စစ္ေကာင္စီယာဥ္တန္း တိုက္ခိုက္ခံရ
People’s Spring
စစ္ကိုင္းတိုင္း၊ မုံ႐ြာ – မႏၱေလးလမ္းမႀကီးေပၚတြင္ စစ္ေကာင္စီယာဥ္တန္း တိုက္ခိုက္ခံရၿပီး ထိခိုက္ေသဆုံးမႈမ်ားရွိေၾကာင္း ေဒသတြင္း သတင္းရင္းျမစ္မ်ားက ေျပာသည္။
ယမန္ေန႕ (စက္တင္ဘာ ၂ ရက္) ညေန ၆နာရီခြဲခန့္က မုံ႐ြာ-မႏၱေလးလမ္းမႀကီးေပၚ ျဖတ္သန္းလာေသာ စစ္ေကာင္စီယာဥ္သုံးစီးအား မုံ႐ြာ-ေခ်ာင္းဦးလမ္းပိုင္းတစ္ေနရာ၌ ပေဒသာမိုင္း ငါးလုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း PDF South Monywa က အသိေပးသည္။
ထိုသို႔ တိုက္ခိုက္မႈေၾကာင့္ ဒုတိယေျမာက္ယာဥ္မွာ ေနာက္ပိုင္းထိမွန္၍ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ေလးဦး လြင့္စင္ျပဳတ္က်ကာ မီးခြက္မ်ားပါ အျပင္သို႔ထြက္က်လာခဲ့ေၾကာင္း၊ တတိယေျမာက္ ယာဥ္မွာမူ ေရွ႕မွန္မ်ား ကြဲေၾက၍ ေခါင္းပိုင္းထိသြားေၾကာင္း
ဒုတိယေျမာက္ယာဥ္ေပၚမွ ေလးဦး၊ ေနာက္ဆုံးယာဥ္ ေမာင္းႏွင္လာေသာ စစ္သားႏွင့္ ေဘးမွလိုက္ပါလာေသာ စစ္ေကာင္စီတပ္သားအပါအဝင္စုစုေပါင္း(၆)ဦး ေနရာတြင္ပင္ ေသဆုံးနိုင္ၿပီး
၎တို႔အား ကားေပၚသို႔ ဆြဲတင္ေမာင္းႏွင္သြားေၾကာင္း၊ ထိခိုက္ဒဏ္ရာရသူ အမ်ားအျပားရွိေၾကာင္း PDF South Monywa၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။
ထို႔အျပင္ စစ္ေကာင္စီတပ္မ်ားက ေဘးဘီဝဲယာရမ္းသမ္းပစ္ခတ္ခဲ့ေသာ္လည္း ျပည္သူ႕ရဲေဘာ္မ်ား အထိအခိုက္မရွိဟု ဆိုသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး PDF South Monywa အဖြဲ႕ထံ ဆက္သြယ္ေမးျမန္းထားၿပီး ျပန္လည္ေျဖၾကားျခင္း မရွိေသးေပ။ ထိခိုက္ေသဆုံးမႈအေျခအေနႏွင့္ပတ္သက္၍ People’s Springက ထပ္မံအတည္ျပဳနိုင္ျခင္းမရွိေသးေပ။
People’s Defence Force – South Monywa အဖြဲ႕သည္ မုံ႐ြာခရိုင္အေျခစိုက္အဖြဲ႕တစ္ဖြဲ႕ျဖစ္ၿပီး အျခားေဒသတြင္းအဖြဲ႕မ်ားနည္းတူ မုံ႐ြာ-မႏၱေလးလမ္းတြင္ စစ္ေကာင္စီတပ္အား မၾကာခဏ ခုခံတိုက္ခိုက္ေနသည္။