မုံရွာတွင် အငြိမ်းစားတပ်ကြပ်ကြီးအပါဝင် သုံးဦးပစ်သတ်ခံရ…see more

မုံရွာတွင် အငြိမ်းစားတပ်ကြပ်ကြီးအပါဝင် သုံးဦးပစ်သတ်ခံရ
**********************************
၂၂ ၊ သြဂုတ် ၊၂၀၂၂-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ပြည်တော်သာ(အက်တော)ရပ်ကွက်တွင် အငြိမ်းစားတပ်ကြပ်ကြီး တစ်ဦးအပါအဝင် သုံးဦးအသတ်ခံရမှု ဩဂုတ် ၂၂ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်

မုံရွာမြို့ ၊ပြည်တော်သာ(အက်တော)ရပ်ကွက်ရှိ ထောက်ပို့တပ်မှအငြိမ်းစားတပ် ကြပ်ကြီး ဦးသန်းဝင်းစိန်နှင့် အိမ်နီးနားချင်းဖြစ်သူ ကနီမြို့နယ် သမဦးစီးမှူးအငြိမ်းစား ဒေါ်ညိုညိုသန်း၊ ပလ္လင် ကျေးရွာမှ အလယ်တန်းပြဆရာမဒေါ်လတ်လတ်အောင်တို့သုံးဦးကို ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။

အမည်မသိ သေနတ်ကိုင်ဆောင်ထားသူ ၅ ယောက်ခန့်က အဆိုပါရပ်ကွက်အတွင်းကို ကား ၁ စီးနှင့် ဝင်ရောက်လာကာ ပစ်ခတ်သွားခြင်းဖြစ်ပြီးအိမ်နီးနာချင်းလူတချို့လည်း ကျည်ထိမှန် ဒဏ်ရာရမှုရှိခဲ့ကြောင်းဒေသခံများကပြောသည်။

Zawgyi(version)

**********************************


