တပ်မ ၁၁ လက်အောက်ခံ တပ်စခန်းကို ဒရုန်းဖြင့် ဗုံး ၃ လုံးကျဲချ (ရုပ်/သံ)

တပ်မ ၁၁ လက်အောက်ခံ တပ်စခန်းကို ဒရုန်းဖြင့် ဗုံး ၃ လုံးကျဲချ (ရုပ်/သံ)

အောက်တွင်ရုပ်သံတင်ပေးထားသည်။

ရန်ကုန်၊ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၁ လက်အောက်ခံ တပ်စခန်းကို

ဗုံးသီး ၃ လုံး ဒရုန်းဖြင့် ကျဲချကြောင်း Saw Dragon Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့က ယင်းသို့ ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ အရာ ရှိ‌ နေထိုင်သည်ဟု ယူဆရသော တဲတစ်လုံး ထိမှန် ပျက်စီးမှု တချို့ရှိကြောင်း ၊

တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေရာကို စစ်တပ်က စွန့်ခွာသွားကြောင်း ၎င်းက ဆိုသည်။”တိုက်ပွဲအပြီး သူတိုဆုတ်သွားတာဆိုတော့ တပ်ရင်းလိုက်က အဲ့လိုစခန်းခွာပြီးဆုတ်လေ့ဆုတ်ထမရှိဘူးလေ။

အကောင် ကြီးတစ်ကောင်ကောင် ထိသွားမယ်ထင်တယ်။ ဗုံး၃ လုံးချတာ ၂လုံးက သူတို့ တဲနား တစ်ဝိုက် ကိုကျတယ်။

နောက် တစ်လုံးကျသွားတဲ့နေရာနားမှာက သူတို့ထဲက ၂ကောင်က အဲဒီဗုံး အလုံးကျသွားတဲ့‌နေရာနားမှာရှိနေတယ်။

ဗုံး ၃လုံးလုံးက ကျတာနဲ့ကိုတန်းကွဲတာပါ” ဟု Saw Dragon Drone Force မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

ရုပ်သံကြည့်ရန်👇👇👇