စစ်ကောင်စီတပ်စခန်းချနေသည့် ပုလဲမြို့ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် တိုက်ခိုက်(ရုပ်သံ)

စစ်ကောင်စီတပ်စခန်းချနေသည့် ပုလဲမြို့ ရဲစခန်းနှင့်ထွေအုပ်ရုံးကို ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ် စစ်ကောင်စီတပ်စခန်းချနေသည့် ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒရုန်း ( Drone) ဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးမှုများရှိကြောင်း သိရသည်။

Shar Htoo Waw Drone နည်းပညာ( တိုက်ခိုက်ရေး Fixed Wing Drone) များဖြင့် မတ်လ (၁၃) ရက်နေ့ နေ့လည်က ရဲစခန်းပေါ်တွင် ဗုံးသီး(၃) လုံး၊ ထွေအုပ်ရုံးပေါ်တွင် ဗုံးသီး(၃)လုံးကျဲကာ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဗုံးသီး (၆) လုံးကျဲတိုက်ခိုက်မှုတွင် ထွေအုပ်ရုံးအတွင်းမှ အဆောက်အဦနှင့်ကားတစီး မီးလောင်ခဲ့ကြောင်း၊ ဒဏ်ရာရ သေဆုံးမှုများရှိုနီုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း Salingyi Special Task Force – SSTF ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရဲစခန်းနှင့်ထွေအုပ်ရုံး ဒရုန်းဖြင့် တိုက်ခိုက်မှုကို Salingyi Special Task Force – SSTF၊ စစ်ကိုင်းခရိုင် တပ်ရင်း -၄ (MSPDF)၊ CDSOM အနောက်ပိုင်းတိုက်ခိုက်ရေးအဖွဲ့ 001၊ အညာသား ပြောက်ကျားတပ်ဖွဲ့၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့စသည်တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#RedNewsAgency

Zawgyi(version)

စစ္ေကာင္စီတပ္စခန္းခ်ေနသည့္ ပုလဲၿမိဳ႕ ရဲစခန္းႏွင့္ေထြအုပ္႐ုံးကို ဒ႐ုန္းျဖင့္ တိုက္ခိုက္

စစ္ကိုင္းတိုင္း ပုလဲၿမိဳ႕ေပၚ စစ္ေကာင္စီတပ္စခန္းခ်ေနသည့္ ေထြအုပ္႐ုံးႏွင့္ ရဲစခန္းတို႔ကို ေဒသခံျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ား ပူးေပါင္းၿပီး ဒ႐ုန္း ( Drone) ျဖင့္ တိုက္ခိုက္ခဲ့သည့္အတြက္ ပ်က္စီးဆုံးရႈံးမႈမ်ားရွိေၾကာင္း သိရသည္။

Shar Htoo Waw Drone နည္းပညာ( တိုက္ခိုက္ေရး Fixed Wing Drone) မ်ားျဖင့္ မတ္လ (၁၃) ရက္ေန႕ ေန႕လည္က ရဲစခန္းေပၚတြင္ ဗုံးသီး(၃) လုံး၊ ေထြအုပ္႐ုံးေပၚတြင္ ဗုံးသီး(၃)လုံးက်ဲကာ တိုက္ခိုက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ဗုံးသီး (၆) လုံးက်ဲတိုက္ခိုက္မႈတြင္ ေထြအုပ္႐ုံးအတြင္းမွ အေဆာက္အဦႏွင့္ကားတစီး မီးေလာင္ခဲ့ေၾကာင္း၊ ဒဏ္ရာရ ေသဆုံးမႈမ်ားရွိုနီုင္ေသာ္လည္း အတည္ျပဳနိုင္ျခင္းမရွိေသးေၾကာင္း Salingyi Special Task Force – SSTF ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ရဲစခန္းႏွင့္ေထြအုပ္႐ုံး ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈကို Salingyi Special Task Force – SSTF၊ စစ္ကိုင္းခရိုင္ တပ္ရင္း -၄ (MSPDF)၊ CDSOM အေနာက္ပိုင္းတိုက္ခိုက္ေရးအဖြဲ႕ 001၊ အညာသား ေျပာက္က်ားတပ္ဖြဲ႕၊ Phoenix အထူးေျပာက္က်ားတပ္ဖြဲ႕စသည္တို႔မွ ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

#RedNewsAgency