စစ်တပ် ကိုယ်စားလှယ်ကို ငြင်းပယ်ရေး ပြည်သူများ လက် မှတ်ရေးထိုး တောင်းဆိုရန် ဖိတ်ခေါ်
ရန်ကုန်၊ စက်တင်ဘာ ၃
ပြည်သူ့အစိုးရဖြစ်သည့် အမျိုသားညီညွတ်ရေးအစိုးရ (NUG) ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ် ကြီး ဦးကျော်မိုးထွန်းကို အထွေထွေညီလာခံက ဆက်လက် အသိအမှတ်ပြုရေးနှင့် စစ်တပ်ကိုယ် စားလှယ် ငြင်းပယ်ရေး တောင်းဆိုမှုတွင် ပြည်သူများ လက်မှတ်ရေးထိုးနိုင်ကြောင်း ကမ်ပိန်းလှုံ့ ဆော်သူများက ဖိတ်ခေါ်လိုက်ကြသည်။
မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ အချက်အလက်အထောက်အထားဆိုင် ရာ ကော်မတီသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုရန်နှင့် စစ်တပ်ကိုယ် စား လှယ်ကို ငြင်းပယ်ရန် လက်မှတ်ရေးထိုး တောင်းဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာပြည်သူများက လက်မှတ်ရေးထိုး တောင်းဆိုသည့် လှုပ်ရှားမှုတွင် မြန်မာစစ်တပ်က အဆိုတင်သွင်းသော ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရန် ၊ ၂၀၂၂ခုနှစ် စက်တင်ဘာလတွင်ကျင်း ပ မည့် ကုလသမဂ္ဂ၏ ၇၇ က်ြမ်မြောက် အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှ ခန့်အပ်ထားသော လက်ရှိ၊
တရားဝင်ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်တက်ရောက်ခွင့်ပြုရန်၊ မြန်မာပြည်သူလူထုသည် တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို လုံးဝ ( လုံးဝ) အသိအမှတ်မပြု၊ လက်မခံကြောင်း တောင်းဆိုကြမည်ဖြစ်သည်။
တိုင်းရင်းသားနှင့် လူမျိုးပေါင်းစုံပါဝင်သော မြန်မာပြည်သားအများစုသည် ၁၉ လ တာကြာသည်အထိ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို စွန့်လွှတ်ကာ ရဲဝံ့စွာ စွန့်စားခုခံ နေကြဆဲ ဖြစ်ကြောင်း၊ မြန်မာစစ်ကောင်စီသည် အလွန်ရက်စက် ကြမ်းကြုတ်စွာဖြင့် လူသားမျိုးနွယ်ပေါ်ကျူးလွန်သော ရာဇဝတ်မှုများ၊ ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်မှုများ၊ မုဒိမ်းပြုကျင့်မှုများ၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှုများ၊
ပြည်သူလူထုတရပ်လုံးကို ဖိနှိပ် ညှဉ်းပန်း နှိပ်စက်မှုများကို ကျူးလွန်သည့်ပြင်အိုးအိမ်မြို့ရွာများ၊ လူထု ၏ အလေးအမြတ်ထား ကိုးကွယ်ရာ ဘာသာရေး အဆောက်အဦများ၊
ကျောင်းများ၊ ဆေးရုံများကိုပြည်သူလူထု ထိတ်လန့် ကြောက်ရွံ့သွားစေရန်ရည်ရွယ်ချက်ဖြင့် မီးလောင် တိုက်သွင်း ဖျက်ဆီးမှုများကို ကျူးလွန်ခဲ့ကြ၊ ကျူး လွန် နေဆဲဖြစ်သည်ဟု ကမ်ပိန်းလှုပ်ရှားသူများက ဆိုကြသည်။
ကုလသမဂ္ဂ၏ လွပ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ (IIMM) မှ ရရှိထားသော အထောက်အထားရင်းမြစ် ၂၀၀ ကျော်မှ သတင်း အချက်အလက် အထောက်အထားပေါင်း ၃ သန်းကျော်သည် မြန်မာစစ်တပ်၏ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေများကို အလွန်အကျူး ချိုးဖောက် ကျူးလွန်ထားသော သက်သေများအဖြစ် ရှိနေကြောင်း၊
ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် မြန်မာစစ်ကောင်စီ ၏ မည်သို့မျှတရားဝင်မှုမရှိသောကိုယ်စား လှယ်၊ အထူးသဖြင့် ပြည်သူလူ ထု၏အစစ်အမှန်ကိုယ်စား လှယ်ကို အစားထိုးမည့် လူတဦးအား လုံးဝ ဥဿုံ ငြင်းပယ်ရမည်ဖြစ်သည်ဟု ကမ်ပိန်းလှုပ်ရှားသူများက တောင်းဆိုထားသည်။
မြန်မာပြည်သူလူထုသည် လူထုတရပ်လုံး၏ အသံအစစ်အမှန်ကို လူထုကိုယ်စားပြု ပြောကြားပေးမည့် ဦးကျော်မိုးထွန်းကဲ့သို့ ကိုယ်စားလှယ်အစစ် အမှန်ကိုသာ အရေးတကြီး လိုအပ်နေကြောင်း၊
ကုလသမဂ္ဂအနေဖြင့် သန်း၅၀ သော မြန်မာပြည်သူ လူထု၏ အသံကို လျစ်လျူမရှုဘဲ လူသားဆန်စွာဖြင့် ဦးကျော်မိုးထွန်းကိုသာ မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခွင့်ပြုရန် အလေးအနက် ပြင်းပြသော ဆန္ဒများဖြင့် လက်မှတ် ရေးထိုး တောင်းဆိုကြမည်ဖြစ်ကြောင်း သိရှိရသည်။
လက်မှတ်ရေးထိုးသော ပြည်သူများအနေဖြင့် https://bit.ly/UKyawMoeTun ပါဝင်လက်မှတ်ရေးထိုးကြရန် ဖြစ်ကြောင်း သိရှိရသည်။
Zawgyi(version)
စစ္တပ္ ကိုယ္စားလွယ္ကို ျငင္းပယ္ေရး ျပည္သူမ်ား လက္ မွတ္ေရးထိုး ေတာင္းဆိုရန္ ဖိတ္ေခၚ
ရန္ကုန္၊ စက္တင္ဘာ ၃
ျပည္သူ႕အစိုးရျဖစ္သည့္ အမ်ိဳသားညီၫြတ္ေရးအစိုးရ (NUG) ၏ ကုလသမဂၢဆိုင္ရာ ျမန္မာသံ အမတ္ ႀကီး ဦးေက်ာ္မိုးထြန္းကို အေထြေထြညီလာခံက ဆက္လက္ အသိအမွတ္ျပဳေရးႏွင့္ စစ္တပ္ကိုယ္ စားလွယ္ ျငင္းပယ္ေရး ေတာင္းဆိုမႈတြင္ ျပည္သူမ်ား လက္မွတ္ေရးထိုးနိုင္ေၾကာင္း ကမ္ပိန္းလႈံ႕ ေဆာ္သူမ်ားက ဖိတ္ေခၚလိုက္ၾကသည္။
ျမန္မာျပည္သူမ်ားအေနျဖင့္ ကုလသမဂၢအေထြေထြညီလာခံ အခ်က္အလက္အေထာက္အထားဆိုင္ ရာ ေကာ္မတီသို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ဆက္လက္ အသိအမွတ္ျပဳရန္ႏွင့္ စစ္တပ္ကိုယ္ စား လွယ္ကို ျငင္းပယ္ရန္ လက္မွတ္ေရးထိုး ေတာင္းဆိုၾကမည္ျဖစ္ေၾကာင္း သိရွိရသည္။
ျမန္မာျပည္သူမ်ားက လက္မွတ္ေရးထိုး ေတာင္းဆိုသည့္ လႈပ္ရွားမႈတြင္ ျမန္မာစစ္တပ္က အဆိုတင္သြင္းေသာ ကိုယ္စားလွယ္ကို အသိအမွတ္မျပဳဘဲ ျငင္းပယ္ရန္ ၊ ၂၀၂၂ခုႏွစ္ စက္တင္ဘာလတြင္က်င္း ပ မည့္ ကုလသမဂၢ၏ ၇၇ က္ျမ္ေျမာက္ အေထြေထြ ညီလာခံတြင္ ျမန္မာနိုင္ငံ၏ တရားဝင္အစိုးရမွ ခန႔္အပ္ထားေသာ လက္ရွိ၊
တရားဝင္ကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကိုသာ ဆက္လက္တက္ေရာက္ခြင့္ျပဳရန္၊ ျမန္မာျပည္သူလူထုသည္ တရားမဝင္ အာဏာသိမ္း စစ္ေကာင္စီကို လုံးဝ ( လုံးဝ) အသိအမွတ္မျပဳ၊ လက္မခံေၾကာင္း ေတာင္းဆိုၾကမည္ျဖစ္သည္။
တိုင္းရင္းသားႏွင့္ လူမ်ိဳးေပါင္းစုံပါဝင္ေသာ ျမန္မာျပည္သားအမ်ားစုသည္ ၁၉ လ တာၾကာသည္အထိ အသက္၊ အိုးအိမ္၊ စည္းစိမ္မ်ားကို စြန႔္လႊတ္ကာ ရဲဝံ့စြာ စြန႔္စားခုခံ ေနၾကဆဲ ျဖစ္ေၾကာင္း၊ ျမန္မာစစ္ေကာင္စီသည္ အလြန္ရက္စက္ ၾကမ္းၾကဳတ္စြာျဖင့္ လူသားမ်ိဳးႏြယ္ေပၚက်ဴးလြန္ေသာ ရာဇဝတ္မႈမ်ား၊ ရည္႐ြယ္ခ်က္ရွိရွိသတ္ျဖတ္မႈမ်ား၊ မုဒိမ္းျပဳက်င့္မႈမ်ား၊ တရားမဝင္ ဖမ္းဆီးခ်ဳပ္ႏွောင္မႈမ်ား၊
ျပည္သူလူထုတရပ္လုံးကို ဖိႏွိပ္ ညွဥ္းပန္း ႏွိပ္စက္မႈမ်ားကို က်ဴးလြန္သည့္ျပင္အိုးအိမ္ၿမိဳ႕႐ြာမ်ား၊ လူထု ၏ အေလးအျမတ္ထား ကိုးကြယ္ရာ ဘာသာေရး အေဆာက္အဦမ်ား၊
ေက်ာင္းမ်ား၊ ေဆး႐ုံမ်ားကိုျပည္သူလူထု ထိတ္လန႔္ ေၾကာက္႐ြံ႕သြားေစရန္ရည္႐ြယ္ခ်က္ျဖင့္ မီးေလာင္ တိုက္သြင္း ဖ်က္ဆီးမႈမ်ားကို က်ဴးလြန္ခဲ့ၾက၊ က်ဴး လြန္ ေနဆဲျဖစ္သည္ဟု ကမ္ပိန္းလႈပ္ရွားသူမ်ားက ဆိုၾကသည္။
ကုလသမဂၢ၏ လြပ္လပ္ေသာ စုံစမ္းစစ္ေဆးေရး အဖြဲ႕ (IIMM) မွ ရရွိထားေသာ အေထာက္အထားရင္းျမစ္ ၂၀၀ ေက်ာ္မွ သတင္း အခ်က္အလက္ အေထာက္အထားေပါင္း ၃ သန္းေက်ာ္သည္ ျမန္မာစစ္တပ္၏ အျပည္ျပည္ဆိုင္ရာ လူ႕အခြင့္အေရး ဥပေဒမ်ားကို အလြန္အက်ဴး ခ်ိဳးေဖာက္ က်ဴးလြန္ထားေသာ သက္ေသမ်ားအျဖစ္ ရွိေနေၾကာင္း၊
ထို႔ေၾကာင့္ ကုလသမဂၢအေနျဖင့္ ျမန္မာစစ္ေကာင္စီ ၏ မည္သို႔မွ်တရားဝင္မႈမရွိေသာကိုယ္စား လွယ္၊ အထူးသျဖင့္ ျပည္သူလူ ထု၏အစစ္အမွန္ကိုယ္စား လွယ္ကို အစားထိုးမည့္ လူတဦးအား လုံးဝ ဥႆုံ ျငင္းပယ္ရမည္ျဖစ္သည္ဟု ကမ္ပိန္းလႈပ္ရွားသူမ်ားက ေတာင္းဆိုထားသည္။
ျမန္မာျပည္သူလူထုသည္ လူထုတရပ္လုံး၏ အသံအစစ္အမွန္ကို လူထုကိုယ္စားျပဳ ေျပာၾကားေပးမည့္ ဦးေက်ာ္မိုးထြန္းကဲ့သို႔ ကိုယ္စားလွယ္အစစ္ အမွန္ကိုသာ အေရးတႀကီး လိုအပ္ေနေၾကာင္း၊
ကုလသမဂၢအေနျဖင့္ သန္း၅၀ ေသာ ျမန္မာျပည္သူ လူထု၏ အသံကို လ်စ္လ်ဴမရႈဘဲ လူသားဆန္စြာျဖင့္ ဦးေက်ာ္မိုးထြန္းကိုသာ ျမန္မာကိုယ္စားလွယ္အျဖစ္ ဆက္လက္ တာဝန္ထမ္းေဆာင္ခြင့္ျပဳရန္ အေလးအနက္ ျပင္းျပေသာ ဆႏၵမ်ားျဖင့္ လက္မွတ္ ေရးထိုး ေတာင္းဆိုၾကမည္ျဖစ္ေၾကာင္း သိရွိရသည္။
လက္မွတ္ေရးထိုးေသာ ျပည္သူမ်ားအေနျဖင့္ https://bit.ly/UKyawMoeTun ပါဝင္လက္မွတ္ေရးထိုးၾကရန္ ျဖစ္ေၾကာင္း သိရွိရသည္။