NUG ဒု နိုင်ခြားရေးကိုUS နိုင်ခြားရေး အတိုင်ပင်ခံ လာရောက်တွေ့ဆုံ💪💪💪

NUGဝါရှင်တန်ရုံးမှာ ဒုနိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ လာရောက်တွေ့ဆုံ

▪️မြန်မာပြည်သူတွေကို အကူအညီတိုးမြှင့်ပေးနိုင်ရေး ထည့်သွင်းဆွေးနွေး

-People’s Spring

အမေရိကန်မြို့တော်ဝါရှင်တန်ရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးခန်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဦးဆောင်တဲ့အဖွဲ့ မနေ့က(မတ်လ ၁၃ ရက်)လာရောက်ခဲ့တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဦးဆောင်တဲ့အဖွဲ့ကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ကြိုဆိုလက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာပြည်အခြေအနေများ၊ အမေရိကန်ပြည်ထောင်စုရဲ့ရပ်တည်ချက်များနဲ့ အကူညီပေးနိုင်မယ့်ကိစ္စရပ်များအား ဆွေးနွေးခဲ့တယ်လို့ NUG ဝါရှင်တန်ရုံးက ဖော်ပြပါတယ်။

“NUG ရဲ့ ဝါရှင်တန်ရုံးမှာ ဦးမိိုးဇော်ဦးနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာပြည်သူတွေကို အကူအညီတွေ ဘယ်လိုတိုးမြှင့်ပေးရမလဲဆိုတာနဲ့ အားလုံးပါဝင်ကာ ဒီမိုကရေစီနည်းကျ နိုင်ငံကို ငြိမ်းချမ်းစွာကူးပြောင်းနိုင်ဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်”လို့ အတိုင်ပင်ခံ Derek Chollet က အသိပေးပါတယ်။

အဲဒီဆွေးနွေးပွဲသို့ NUGသတင်း၊ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ကြီးဦးထင်လင်းအောင်လည်းတက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – MOFA NUG – DC

NUGဝါရွင္တန္႐ုံးမွာ ဒုနိုင္ငံျခားေရးဝန္ႀကီးကို အေမရိကန္နိုင္ငံျခားေရးအတိုင္ပင္ခံ လာေရာက္ေတြ႕ဆုံ

▪️ျမန္မာျပည္သူေတြကို အကူအညီတိုးျမႇင့္ေပးနိုင္ေရး ထည့္သြင္းေဆြးေႏြး

-People’s Spring

အေမရိကန္ၿမိဳ႕ေတာ္ဝါရွင္တန္ရွိ အမ်ိဳးသားညီညြတ္ေရးအစိုးရရဲ့ နိုင္ငံျခားေရးဝန္ႀကီးဌာန ႐ုံးခန္းသို႔ အေမရိကန္နိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet ဦးေဆာင္တဲ့အဖြဲ႕ မေန႔က(မတ္လ ၁၃ ရက္)လာေရာက္ခဲ့တယ္လို႔ ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။

အေမရိကန္နိုင္ငံျခားေရးအတိုင္ပင္ခံ ဦးေဆာင္တဲ့အဖြဲ႕ကို NUG နိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးမိုးေဇာ္ဦးက ႀကိဳဆိုလက္ခံေတြ႕ဆုံခဲ့ၿပီး လက္ရွိျမန္မာျပည္အေျခအေနမ်ား၊ အေမရိကန္ျပည္ေထာင္စုရဲ့ရပ္တည္ခ်က္မ်ားနဲ႔ အကူညီေပးနိုင္မယ့္ကိစၥရပ္မ်ားအား ေဆြးေႏြးခဲ့တယ္လို႔ NUG ဝါရွင္တန္႐ုံးက ေဖာ္ျပပါတယ္။

“NUG ရဲ့ ဝါရွင္တန္႐ုံးမွာ ဦးမိိုးေဇာ္ဦးနဲ႔ ေတြ႕ဆုံခဲ့ၿပီး ျမန္မာျပည္သူေတြကို အကူအညီေတြ ဘယ္လိုတိုးျမႇင့္ေပးရမလဲဆိုတာနဲ႔ အားလုံးပါဝင္ကာ ဒီမိုကေရစီနည္းက် နိုင္ငံကို ၿငိမ္းခ်မ္းစြာကူးေျပာင္းနိုင္ဖို႔ နည္းလမ္းေတြကို ေဆြးေႏြးခဲ့ပါတယ္”လို႔ အတိုင္ပင္ခံ Derek Chollet က အသိေပးပါတယ္။

အဲဒီေဆြးေႏြးပြဲသို႔ NUGသတင္း၊ဆက္သြယ္ေရးႏွင့္နည္းပညာဝန္ႀကီးဌာနမွ ဝန္ႀကီးဦးထင္လင္းေအာင္လည္းတက္ေရာက္ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

ဓာတ္ပုံ – MOFA NUG – DC