ရွာမယ်ဆိုရွာမှာပဲ
မိုးမရွာရဲမရွာကြည့်ပါလား မိုးနတ်မင်းရေ မိုးကောင်ကင်ပေါ်က မီးသတ်ပိုက်နဲ့စောင့်နေတာလေ
အင်းတကော် ပဲခူးလေမိုးလျှပ်စီးမိုးခြိမ်း မိုးကြိုးမိုး🌧🌧🌧🌧🌧
13/03/2023🌧🌧🌧🌧
၂၄နာရီအတွင်း ရန်ကုန်နှင့် သထုံခရိုင် ညောင်လေးပင်ခရိုင်ဒေသတွေမှာမိုးရွာနိုင်ပါတယ် လေမိုးလျှပ်စီးလက်ခြင်းမိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်း အန္တရာယ်များရှိပါတယ်
13/03/2023 🌧🌧🌧🌧🌧
နောက်၂၄နာရီအတွင်းဧရာဝတီတိုင်းပုသိမ်ခရိုင် လပွတ္တာခရိုင် ဖျာပုံခရိုင် မအူပင်ခရိုင် ဟင်္သာတခရိုင်ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်လေမိုးလျှပ်စီးလက်ခြင်း မိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်းအန္တရာယ်များရှိပါတယ် ရက်ဝေးကထဲက ကြိုတင်ခန့်မှန်းပေးပြီးလည်းဖြစ်ပါတယ်
ယနေ့ နံနက်ပိုင်း ပဲခူးမှာ လေပြင်းတိုက်လို့ သစ်ပင်တွေပြိုပြီး နေအိမ်အချို့ အမိုးများလန်
……………
မတ်လ ၁၃
ယနေ့ နံနက်ပိုင်း ပဲခူးမှာ လေပြင်းတိုက်လို့ နေအိမ်အချို့ အမိုးများလန်ကာ ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နံနက် ၇ နာရီခွဲကျော်အချိန်ခန့်က ပဲခူးတိုင်း သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ စိန်ကန့်လန့်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာပါ။
ယင်းဖြစ်စဉ်ကြောင့် သစ်ပင်အချို့ ပြိုလဲကာ နေအိမ်တွေပေါ် ပိနေသလို နေအိမ်အချို့ အမိုးများလန်ကာ ပျက်စီးဆုံးရှုံးမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်ကို ဒေသခံ သာယာဝတီခရိုင်မီးသတ်စခန်း၊ မင်းလှမြို့နယ် မီးသတ်စခန်းနှင့် စိန်ကန့်လန်နယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်တွေက ကူညီကယ် ဆယ်ရှင်းလင်းရေးတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း သိရပါတယ်။
13/03/2023 🌧🌧🌧🌧🌧နောက်၂၄နာရီအတွင်းဧရာဝတီတိုင်း ရန်ကုန်တိုင်းမွန်ပြည်နယ် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသတွေမှာမိုးရွာနိုင်ပါတယ်
ရက်ဝေးလည်းကြိုတင်ခန့်မှန်းပေပြီးဖြစ်ပါတယ်နော်
မင်းဂွတ်သီးလေးရဲ့ ရက်ဝေး မိုးလေဝသခန့်မှန်းချက်တွေကြောင့် တောင်သူလယ်သမားတွေ
အဆင်ပြေသွားတော့လည်း ကြည်နူးမိတဲ့ ပိတိလေးတွေ ကျေးဇူးတင်ပါတယ် ဆိုတဲ့ ကျေးဇူးလေးတွေ တော့ စားရပါတယ်😍😍
အားလုံးအဆင်ပြေကြပါစေ
တောင်သူလယ်သမားတွေအတွက် ပြည်သူ့အချစ်တော်လေး
ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ🌧🌧🌧🌧ရွာမယ်ဆိုရွာတာပါပဲလေ
တိကျမှန်ကန်Su Su San ဆိုတဲ့အတိုင်းအတိအကျပါပဲနော်
ဘယ်လေတွေဘယ်လိုစီးမျောနေလည်း သိကြလား
ဘင်္ဂလားပင်လယ်အော်ကနေ အနောက်တောင်လေစီးနေပါတယ်
south BOB မှာ Low cell ဖြစ်နေပါတယ် 850mbar ပေ၅၀၀၀အမြင့်လေစီးက မိုးတိမ်တွေသယ်ဆောင်လာနေပြီဖြစ်ပါတယ်
မြန်မာနိုင်ငံအတွက်အမြဲစောင့်ကြည့်ထောက်လှမ်းပေးနေတာပါ
အရှေ့လေစီးမဟုတ်ပါဘူး မိုးရွာနိုင်တဲ့အနေအထားဖြစ်လို့ အချိန်ပြည့်နီးပါးအဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေပြီး စောင့်ကြည့်ထောက်လှမ်းပေးနေပါတယ်
မြန်မာနိုင်ငံတော်ကြီးအတွက်စားနပ်ရိက္ခာ ထုတ်လုပ်ပေးတဲ့ တောင်သူလယ်သမားများစိုက်ပျိုးရေးသမားများအားလုံးကိုကျေးဇူးတင်ပါတယ် တောင်သူလယ်သမားတွေအတွက် တိကျသေချာတဲ့မိုးလေဝသခန့်မှန်းချက်များကိုခန့်မှန်းပေးနိုင်ရန်အတွက် su su san wether program upgrade လုပ်ရန်အတွက် ကားရောင်းပြီးလုပ်ဆောင်ခဲ့တာကို ဘယ်တော့မှနောင်တရလိမ့်မည်မဟုတ်ပါဘူး
ဘယ်လိုအခက်အခဲရှိပါစေ အမြဲရှိနေမယ်
မင်း ဂွတ် သီး Su Su San