စစ်ကောင်စီက သြင်္ကန်မဏ္ဍပ်များဆောက်ရန် စည်းရုံး၊ ကန်ထရိုက်အများစု လက်ရှောင်

စစ်ကောင်စီက သြင်္ကန်မဏ္ဍပ်များဆောက်ရန် စည်းရုံး၊ ကန်ထရိုက်အများစု လက်ရှောင်

DVB

“သူတို့လုံခြုံရေးတောင် သူတို့ကြောက်နေရတာ၊ ဘယ်သူကအမိုက်ခံလုပ်မှာလဲ။ လုပ်တဲ့သူရှိရင်လည်း ဘယ်လိုသူလဲ သိသာနေတာ”

စစ်ကောင်စီက ရန်ကုန်မှာ ပုဂ္ဂလိသြင်္ကန်မဏ္ဍပ်တွေ ဆောက်လုပ်ဖို့ လျှောက်ထားနိုင်တယ်ဆိုပြီး ဆွဲဆောင်စည်းရုံးနေပေမယ့် ခေတ်အဆက်ဆက် မဏ္ဍပ်ဆောက်လုပ်ခဲ့တဲ့ ကန်ထရိုက်အများစုကတော့ စိတ်ဝင်စားမှုမရှိကြဘူးလို့ ယခင်ကိုယ်တိုင် မဏ္ဍပ်ဆောက်လုပ်ခဲ့သူတချို့က ပြောပါတယ်။

သြင်္ကန်မဏ္ဍပ်တွေကို လူငယ်တွေကသာ ဦးဆောင်ဆောက်လုပ် ဆော့ကစားကြတာဖြစ်ပြီး အခုလိုခေတ်ကာလမှာ အရင်လိုပုံရိပ်မျိုး အတင်းအကျပ်လုပ်မရဘူးလို့လည်း သူတို့က ဆိုပါတယ်။

အမည်မဖော်လိုသူ သြင်္ကန်မဏ္ဍပ် ကန်ထရိုက်တဦးက “ခေတ်ကောင်းတဲ့ အချိန်ကတောင် ငွေကြေးအကျိုးမြတ်မရှိဘဲ ပျော်ချင်လို့သာ လုပ်ကြတာ၊ အခုကာလမှာ ဘယ်သူက လုပ်ချင်မှာလဲ။ သူတို့ကတော့ လုပ်စေချင်မှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီက ပုဂ္ဂလိကသြင်္ကန်မဏ္ဍပ်တွေကို မတ် ၁၉ ကနေ လကုန်အထိ ဆောက်လုပ်ခွင့်လျှောက်ထားနိုင်တယ်လို့ ကြေညာထားတာပါ။

ပြီးခဲ့တဲ့ အာဏာသိမ်းကာလ သြင်္ကန်တွေမှာလည်း စစ်ကောင်စီက သြင်္ကန်မဏ္ဍပ်တွေဆောက်လုပ်ဖို့ စည်းရုံးဆော်သြခဲ့ပေမယ့် ဆောက်လုပ်ဆော့ကစားသူမရှိခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။

ဒီနှစ်မှာလည်း အလားတူ စည်းရုံနေပေမယ့် သြင်္ကန်မဏ္ဍပ် ကန်ထရိုက်တွေကတော့ စစ်ကောင်စီရဲ့အကြံစည်က အရင်နှစ်လိုပဲ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“သူတို့လုံခြုံရေးတောင် သူတို့ကြောက်နေရတာ၊ ဘယ်သူကအမိုက်ခံလုပ်မှာလဲ။ လုပ်တဲ့သူရှိရင်လည်း ဘယ်လိုသူလဲ သိသာနေတာ” လို့ ကန်ထရိုက်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်မြို့မှာ ပုဂ္ဂလိကသြင်္ကန်မဏ္ဍပ်တွေဆောက်လုပ်ဖို့ စစ်ကောင်စီကစည်းရုံးခဲ့ပေမယ့် ဆောက်လုပ်သူမရှိခဲ့ဘဲ မြို့တော်ခန်းမရှေ့နဲ့ ပြည်သူ့ရင်ပြင်ရှေ့မှာသာ ဟန်ပြမဏ္ဍပ်ဆောက်လုပ်ခဲ့ပါတယ်။

အဲဒီနေရာတွေကို ဌာနဆိုင်ရာဝန်ထမ်းတွေ မဖြစ်မနေလာရောက်ဖို့ ဖိအားပေးခံရသလို လူအင်အားပြဖို့ နေ့စားခပေးပြီး ခေါ်ယူရတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

စစ်အာဏာမသိမ်းခင် အချိန်အထိတော့ ရန်ကုန်မြို့မှာ ဌာနဆိုင်ရာမဏ္ဍပ်တွေအပြင် ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၁၀၀ နီးပါးရှိခဲ့ပြီး အနယ်နယ်အရပ်ရပ်ကလာ ရောက်ဆော့ကစားသူတွေနဲ့ စည်ကားခဲ့ပါတယ်။

စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များဆောက်ရန် စည်းရုံး၊ ကန်ထရိုက်အများစု လက်ရှောင်

DVB

“သူတို့လုံခြုံရေးတောင် သူတို့ကြောက်နေရတာ၊ ဘယ်သူကအမိုက်ခံလုပ်မှာလဲ။ လုပ်တဲ့သူရှိရင်လည်း ဘယ်လိုသူလဲ သိသာနေတာ”

စစ်ကောင်စီက ရန်ကုန်မှာ ပုဂ္ဂလိသင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ဖို့ လျှောက်ထားနိုင်တယ်ဆိုပြီး ဆွဲဆောင်စည်းရုံးနေပေမယ့် ခေတ်အဆက်ဆက် မဏ္ဍပ်ဆောက်လုပ်ခဲ့တဲ့ ကန်ထရိုက်အများစုကတော့ စိတ်ဝင်စားမှုမရှိကြဘူးလို့ ယခင်ကိုယ်တိုင် မဏ္ဍပ်ဆောက်လုပ်ခဲ့သူတချို့က ပြောပါတယ်။

သင်္ကြန်မဏ္ဍပ်တွေကို လူငယ်တွေကသာ ဦးဆောင်ဆောက်လုပ် ဆော့ကစားကြတာဖြစ်ပြီး အခုလိုခေတ်ကာလမှာ အရင်လိုပုံရိပ်မျိုး အတင်းအကျပ်လုပ်မရဘူးလို့လည်း သူတို့က ဆိုပါတယ်။

အမည်မဖော်လိုသူ သင်္ကြန်မဏ္ဍပ် ကန်ထရိုက်တဦးက “ခေတ်ကောင်းတဲ့ အချိန်ကတောင် ငွေကြေးအကျိုးမြတ်မရှိဘဲ ပျော်ချင်လို့သာ လုပ်ကြတာ၊ အခုကာလမှာ ဘယ်သူက လုပ်ချင်မှာလဲ။ သူတို့ကတော့ လုပ်စေချင်မှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးကော်မတီက ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်တွေကို မတ် ၁၉ ကနေ လကုန်အထိ ဆောက်လုပ်ခွင့်လျှောက်ထားနိုင်တယ်လို့ ကြေညာထားတာပါ။

ပြီးခဲ့တဲ့ အာဏာသိမ်းကာလ သင်္ကြန်တွေမှာလည်း စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ဖို့ စည်းရုံးဆော်သြခဲ့ပေမယ့် ဆောက်လုပ်ဆော့ကစားသူမရှိခဲ့ဘဲ ပြီးဆုံးခဲ့ပါတယ်။

ဒီနှစ်မှာလည်း အလားတူ စည်းရုံနေပေမယ့် သင်္ကြန်မဏ္ဍပ် ကန်ထရိုက်တွေကတော့ စစ်ကောင်စီရဲ့အကြံစည်က အရင်နှစ်လိုပဲ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“သူတို့လုံခြုံရေးတောင် သူတို့ကြောက်နေရတာ၊ ဘယ်သူကအမိုက်ခံလုပ်မှာလဲ။ လုပ်တဲ့သူရှိရင်လည်း ဘယ်လိုသူလဲ သိသာနေတာ” လို့ ကန်ထရိုက်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်မြို့မှာ ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ဖို့ စစ်ကောင်စီကစည်းရုံးခဲ့ပေမယ့် ဆောက်လုပ်သူမရှိခဲ့ဘဲ မြို့တော်ခန်းမရှေ့နဲ့ ပြည်သူ့ရင်ပြင်ရှေ့မှာသာ ဟန်ပြမဏ္ဍပ်ဆောက်လုပ်ခဲ့ပါတယ်။