အန္တရယ်ဇုန်ဟု သတ်မှတ်ခံထားရသော မသွားသင့်ဆုံးနေရာ၊ မသွားဖို့ သတိပေးခြင်းပါ

ရန်ကုန်မြို့၏ အန္တရယ်ဇုန်ဟု သတ်မှတ်ခံထားရသော မသွားသင့်ဆုံးနေရာ၊ မသွားဖို့ သတိပေးခြင်းပါ

ရန်ကုန်ရဲ့ အန္တရာယ်ဇုန် ၊ မသွားဖို့ သတိပေးခြင်းပါဒီနေရာကို အများစု သိကြပါလိမ့်မယ်

ယခင် မီးလောင်သွားတဲ့ ကန်တော်ကြီး Palace အရှေ့ဘက် တံတား ကွေ့ နေရာပါ အဲဒီနေရာမှာ နေကျချိန် နေ့ခင်း /ညနေပိုင်းမှာ အရက် ဝိုင်းဖွဲ့သောက်စားပြီး ငါးဖမ်းတဲ့သူအများစုရှိနေတဲ့ နေရာဖြစ်တယ်

အဲဒီနေရာမှာ လူသ-တ်ရေ-မြုပ် ထားပြီး လချီကြာပြီးမှ အလော-င်းပြန်ပေါ်တာ ၂ ခု ရှိပြီ ..၁) တာမွေမြို့နယ်နေ ၂၃ နှစ် လူငယ်တစ်ဦး( နိုဝင်ဘာ ၁၇ / ၂၀၂၂ ) ၊ ၂) ၂၆နှစ်အရွယ် ချင်းလူငယ်တစ်ဦး (ဇန်နဝ◌ါရီ ၁၇/ ၂၀၂၃) ဓါးခု-တ်ဓါး-ထိုးခံရတာ ၇ယောက် ..ဓါးထောက် လုယက်တဲ့ကိစ္စက ဆယ်ချီနေပြီ ..

ဒါက သိတဲ့ ကိစ္စတွေပဲ ရှိပါသေးတယ် မသိတဲ့ကိစ္စတွေ အများကြီးရှိပါအုန်းမယ် လုယက်ခံရသူတွေ ၊ ဓါးထိုးခံရတဲ့သူတွေ တစတစ များလာပြီ ၊ညနေခင်း အားကစားလုပ်တဲ့သူတွေ ၊ ခြေဆန့်လမ်းလျှောက်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်ဖြစ်နေပြီ

ရုန်းပြီး ထွက်ပြေးမယ်ဆိုရင်တောင်တံတားပေါ်ကလွဲရင် ပြေးပေါက်မရှိဘူးဆည်ပေါက်က ဗျိုင်းစောင့်သလိုဖြစ်နေတယ်အသက်မသေပဲ လွတ်မြောက်လာတဲ့သူတွေပြောစကားအရ တံတားပေါ်မှာ လမ်းလျှောက်လာရင်းအရက်ထိုင်သောက်တဲ့သူတွေက ဖမ်းချုပ်ပြီးဓါးထောက်ငွေညှစ်တာ ၊ တခြား လမ်းသွားလမ်းလာတွေ မမြင်အောင် ၃ ၊ ၄ယောက် ဝိုင်းကာထားတာဖမ်းချုပ်ထားတဲ့အချိန်ဓါးဦးမြုပ်အောင် အသားထဲစိုက်ထားပြီး”အော်တာနဲ့ ထိုးသွင်းလိုက်မယ်” ကြိမ်းထားတာ ဓါး-ထိုးပြီးရေထဲ မျှောချလိုက်ရင်ဘယ်သူမှမသိဘူးဆိုပြီး ခြိမ်းခြောက်တယ်လို့ပြောတယ်

တခြားသူကို လုယက်နေတဲ့အချိန် မတော်တဆကြည့်မိတဲ့ လမ်းသွားလမ်းလာ တွေကိုလည်းဓါးနဲ့ပြေးခု-တ်တာတွေ လုပ်တယ်လို့ သိရတယ်(အရိုးအသွား ၈ လက်မရှိတဲ့ ဓါးတွေ ဝှက်ယူလာတယ်လို့ ပြောတယ်)အဲဒီနေရာမှာ ဒုစရိုက်မှု တော်တော်ဆိုးဆိုးရွားရွားဖြစ်နေပြီ ၊ ခြောက်တာမဟုတ်ပါဘူး

တကယ်တမ်း ဖြစ်ပျက်သွားရင် ဘယ်သူမှ မသိနိုင်ဘူးမှောင်ရီဖြိုးဖြလူလုံး မမြင်ရတဲ့အချိန်ထိ ဒီလူတွေအဲဒီမှာ ရှိနေတယ် အုပ်စုလိုက် အရက်ဝိုင်းထိုင်သောက်နေကြတယ် ဖြတ်သွားဖြတ်လာလေ့ကျင့်ခန်းလုပ် ၊ လမ်းလျှောက်သူတွေအဲဒီအချိန် သွားကိုမသွားသင့်တော့ဘူးရန်ကုန်ဖြစ်ဖြစ် နယ်ကဖြစ်ဖြစ် (လုံးဝ)မသွားကြဖို့ ၊သတိပေးချင်တယ် ၊ နယ်ကလာတဲ့သူတွေကိုလည်းသတိပေးပါ

(ချွင်းချက်အနေနဲ့ နေ့ခင်း ၊ ညနေပိုင်း ၊ မှောင်ရီဖြိုးဖြကန်တော်ကြီး ထဲက လူပြတ်တဲ့နေရာတွေကို သွားမယ်ဆိုရင်လူအနည်းဆုံး ၃ယောက် ပါမှ သွားဖို့ ၊မိန်းကလေး ၊ ယောကျ်ားလေး တစ်ယောက်တည်းမသွားဖို့ အတန်တန် သတိပေးပါတယ် )ဒုစရိုက်သမား တောကြောင်တွေကို ရှင်းလင်းရေးလုပ်မယ်ဆိုရင် ဒီနေရာ ကို အာရုံစိုက်ဖို့လိုပါတယ်

(တောကြောင်တွေကို အသံတိတ် လိုက်ရှ-င်းတဲ့ မြို့ပြပျောက်ကြားအဖွဲ့တွေ ကို ပြောတာပါ)ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက သတိပေးချင်ပေမဲ့ရှင်းလင်းရေး “သွား”ပြီးမှ အသိပေးမယ် လို့ယူဆထားပေမဲ့ အခြေအနေက အတော်ဆိုးလာလို့ပါနေ့စဉ်ရက်ဆက်နီးပါး ဖြစ်နေပုံပေါ်တယ်

ကျွန်တော်တို့ ပြည်သူတွေမသိကြတာပြန်ပြောရဲတဲ့ သူတွေ နည်းတာလည်း ပါပါမယ်စကစဘက်က အဲဒီနေရာ အတော်ဆိုးနေတယ်ဆိုတာသိသိနဲ့ လွှတ်ထားတာ များပါပြီ .. တကယ်တမ်းအစ ရှိလို့ လိုက်ဆွဲမယ်ဆိုရင် အဲ့နားက ငါးဖမ်းတဲ့သူတွေကိုရိုက်စစ်ရုံနဲ့ ဘယ်သူဘယ်ဝါ ဆိုတာ မိနိုင်တယ်ဒီနေရာကို လုံခြုံရေးအရ တစ်ခုခု လုပ်ဖို့ လိုနေပြီ

(ရန်ကုန်မြို့တွင်း အခြားနေရာတွေမှာလည်းဒုစရိုက်မှု ဆက်တိုက် ဆိုးရွားနေတာ ရှိတယ် )ကျွန်တော်တို့ မသိသေးတာ ၊လူအများမသိသေးတာ ရှိမယ် ..ဥပမာ – ဘူတာရုံလမ်း ဘက်လည်း ညနေစောင်းအဖွဲ့လိုက် လုယက်တဲ့နေရာမှာနာမည်အတော်ထွက်တယ်အဲလိုနေရာတွေ သိရင် Comment ထဲမှာ ရေးခဲ့ပေးပါ

တခြားသူတွေလည်း ဂရုစိုက်နိုင်ဖို့ ပါ )ပြည်သူတွေ သတိပြုမိ ပါစေဘေးအန္တရာယ်ကို ရှောင်ရှားနိုင်ပါစေ ။

Mingalar Taung Nyunt Informations

Zawgyi(version)




အဲဒီနေရာမှာ လူသ-တ်ရေ-မြုပ် ထားပြီး လချီကြာပြီးမှ အလော-င်းပြန်ပေါ်တာ ၂ ခု ရှိပြီ ..၁) တာမွေမြို့နယ်နေ ၂၃ နှစ် လူငယ်တစ်ဦး( နိုဝင်ဘာ ၁၇ / ၂၀၂၂ ) ၊ ၂) ၂၆နှစ်အရွယ် ချင်းလူငယ်တစ်ဦး (ဇန်နဝါရီ ၁၇/ ၂၀၂၃) ဓါးခု-တ်ဓါး-ထိုးခံရတာ ၇ယောကျ ..ဓါးထောက် လုယက်တဲ့ကိစ္စက ဆယ်ချီနေပြီ ..





(ချွင်းချက်အနေနဲ့ နေ့ခင်း ၊ ညနေပိုင်း ၊ မှောင်ရီဖြိုးဖြကန်တော်ကြီး ထဲက လူပြတ်တဲ့နေရာတွေကို သွားမယ်ဆိုရင်လူအနည်းဆုံး ၃ယောက် ပါမှ သွားဖို့ ၊မိန်းကလေး ၊ ယောက်ျားလေး တစ်ယောက်တည်းမသွားဖို့ အတန်တန် သတိပေးပါတယ် )ဒုစရိုက်သမား တောကြောင်တွေကို ရှင်းလင်းရေးလုပ်မယ်ဆိုရင် ဒီနေရာ ကို အာရုံစိုက်ဖို့လိုပါတယ်




