မုံရွာ – မန္တလေးလမ်း ဖြတ်သန်းမည့်ယာဥ်များ လိုက်နာရမည့်အချက်များအား ဒေသတွင်း PDFများ ထပ်မံ သတိပေး
အောင်ဇေယျ/People’s Spring
စစ်ကောင်စီအား ခုခံတော်လှန်တိုက်ခိုက်နေသည့်ကာလ မပြီးမဆုံးမချင်း စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းသွားလာကြမည့် မော်တော်ယာဥ်များ လိုက်နာရမည့် အချက်များအား အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက ယမန်နေ့(စက်တင်ဘာ ၂ရက်) တွင် ထပ်မံသတိပေးကြေညာသည်။
မုံရွာ – မန္တလေးလမ်းပိုင်းကို အသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် ယနေ့မှစ၍ တော်လှန် ရေးကြီး ပြီးဆုံးအောင်မြင်သည်အထိ
မည်သည့် မော်တော်ယာဉ်မဆို ကားမှန်များချပြီး သင့်တင့်သောအရှိန်ဖြင့်သာ မောင်းနှင်ကြရန်၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အရေးပေါ်အကြောင်းပြချက်တစ်ခုခုဖြင့် ဖြတ်သန်းသွားလာမည်ဆိုပါက မုံရွာ – မန္တလေးလမ်းပိုင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ်အသိပေးပြီးမှ ဖြတ်သန်းသွားလာကြရန် သတိပေးသည်။
အဆိုပါ အသိပေးတားမြစ်ချက်များကို မလိုက်နာပါက စစ်ကောင်စီ၏ အရပ်ဝတ်ကားများ၊ စစ်ကောင်စီ အသုံးပြုနေသော လူနာတင်ယာဉ် များ၊
စစ်ကောင်စီအသုံးပြုနေသော သာသနာရေးကားများဟုသာ ယူဆပြီး ထိုကားများနှင့် ထိုကားများကိုအသုံးပြုသူများ ထိခိုက်နစ်နာမှုများရှိလာပါက တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ကြောင်း အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစုက အသိပေးသည်။
မုံရွာ – မန္တလေးလမ်းသည် စစ်ကိုင်းတိုင်းအတွင်းနှင့် မကွေးတိုင်းသို့ ကူးသန်းဆက်သွယ်သွားလာရာ အဓိက အကျဆုံးလမ်းမကြီးတစ်ခုဖြစ်ကာ စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်းလည်း ဒေသတွင်း PDFအဖွဲ့များက လမ်းတစ်လျှောက် တော်လှန်တိုက်ခိုက်လျက်ရှိသည်။
(မုံရွာ-မန္တလေးလမ်း၊ လမ်းပိုင်းခေတ္တာပိတ်ထားစဥ်က စောင့်ဆိုင်းနေသော မော်တော်ယာဥ်များား တွေ့ရစဉ်၊ ဓာတ်ပုံ-Cj)
Zawgyi(version)
မုံ႐ြာ – မႏၱေလးလမ္း ျဖတ္သန္းမည့္ယာဥ္မ်ား လိုက္နာရမည့္အခ်က္မ်ားအား ေဒသတြင္း PDFမ်ား ထပ္မံ သတိေပး
ေအာင္ေဇယ်/People’s Spring
စစ္ေကာင္စီအား ခုခံေတာ္လွန္တိုက္ခိုက္ေနသည့္ကာလ မၿပီးမဆုံးမခ်င္း စစ္ကိုင္းတိုင္း၊ မုံ႐ြာ – မႏၱေလးလမ္းပိုင္းတြင္ ျဖတ္သန္းသြားလာၾကမည့္ ေမာ္ေတာ္ယာဥ္မ်ား လိုက္နာရမည့္ အခ်က္မ်ားအား အေနာက္ေျမာက္တိုင္း မဟာမိတ္ PDF တပ္ေပါင္းစုက ယမန္ေန႕(စက္တင္ဘာ ၂ရက္) တြင္ ထပ္မံသတိေပးေၾကညာသည္။
မုံ႐ြာ – မႏၱေလးလမ္းပိုင္းကို အသုံးျပဳေနၾကေသာ မိဘျပည္သူမ်ားအေနျဖင့္ ယေန႕မွစ၍ ေတာ္လွန္ ေရးႀကီး ၿပီးဆုံးေအာင္ျမင္သည္အထိ
မည္သည့္ ေမာ္ေတာ္ယာဥ္မဆို ကားမွန္မ်ားခ်ၿပီး သင့္တင့္ေသာအရွိန္ျဖင့္သာ ေမာင္းႏွင္ၾကရန္၊ ည ၁၀ နာရီမွ နံနက္ ၄ နာရီအတြင္း အေရးေပၚအေၾကာင္းျပခ်က္တစ္ခုခုျဖင့္ ျဖတ္သန္းသြားလာမည္ဆိုပါက မုံ႐ြာ – မႏၱေလးလမ္းပိုင္းရွိ ေတာ္လွန္ေရးအဖြဲ႕အစည္းမ်ားကို ဆက္သြယ္အသိေပးၿပီးမွ ျဖတ္သန္းသြားလာၾကရန္ သတိေပးသည္။
အဆိုပါ အသိေပးတားျမစ္ခ်က္မ်ားကို မလိုက္နာပါက စစ္ေကာင္စီ၏ အရပ္ဝတ္ကားမ်ား၊ စစ္ေကာင္စီ အသုံးျပဳေနေသာ လူနာတင္ယာဥ္ မ်ား၊
စစ္ေကာင္စီအသုံးျပဳေနေသာ သာသနာေရးကားမ်ားဟုသာ ယူဆၿပီး ထိုကားမ်ားႏွင့္ ထိုကားမ်ားကိုအသုံးျပဳသူမ်ား ထိခိုက္နစ္နာမႈမ်ားရွိလာပါက တာဝန္ယူ ေျဖရွင္းေပးမည္မဟုတ္ေၾကာင္း အေနာက္ေျမာက္တိုင္း မဟာမိတ္ PDF တပ္ေပါင္းစုက အသိေပးသည္။
မုံ႐ြာ – မႏၱေလးလမ္းသည္ စစ္ကိုင္းတိုင္းအတြင္းႏွင့္ မေကြးတိုင္းသို႔ ကူးသန္းဆက္သြယ္သြားလာရာ အဓိက အက်ဆဳံးလမ္းမႀကီးတစ္ခုျဖစ္ကာ စစ္ေကာင္စီယာဥ္မ်ား ျဖတ္သန္းသြားတိုင္းလည္း ေဒသတြင္း PDFအဖြဲ႕မ်ားက လမ္းတစ္ေလွ်ာက္ ေတာ္လွန္တိုက္ခိုက္လ်က္ရွိသည္။
(မုံ႐ြာ-မႏၱေလးလမ္း၊ လမ္းပိုင္းေခတၱာပိတ္ထားစဥ္က ေစာင့္ဆိုင္းေနေသာ ေမာ္ေတာ္ယာဥ္မ်ားား ေတြ႕ရစဥ္၊ ဓာတ္ပုံ-Cj)