စစ်ကိုင်းတိုင်းမှ ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါစစ်ယာဉ်တန်းကို

ချင်းပြည်နယ်မှ ကြိုဆိုပါ၏ !

ချင်းကတော့ တင့်ကားမကလို့ ဘာကြီးတက်လာလာ ဖြု-တ်သည်ပဲတဲ့ မအလ‌ရေ ခံနိုင်ရည် ရှိအောင်သာ ပြင်ထားတော့ စစ်ကိုင်းတိုင်းမှ ဟားခါးသို့ ရိက္ခာပို့မည့် တင့်ကားပါစစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့တို-က်ခို-က် စကစဘက်က သေဆုံးထိခိုက်မှုများရှိဟုသိရတဲ့အတွက် အတိုင်းထက် အလွန်ပါပဲပြောပါရစေ

စစ်တပ်ဟာ တပ်သားတွေကို တောင်မှမြောက် အရှေ့မှ အနောက်သို့ ပို့ပြီး စိတ်ဓာတ်အားကို အပြောင်းလဲလုပ် တိုက်ခိုင်းနေသော်လည်း
မြင်သာအောင် ပြောရင် KTV မယ်တွေကို ပဲခူးက ရန်ကုန် ရန်ကုန်မှ မန်းလေး စသည် ပြောင်းရွေ့ပို့ပေးနေပေမယ့် ပါကင်ဖြစ်မလာသလို စိတ်ဓာတ်က ပြောင်းလဲမသွား အသစ်ဖြစ်မလာပဲ

စစ်ပန်းမှုနဲ့အတူ ဆက်လျက်ကြရှုဲးနေအုံးမည်ဆိုတာ ကြိမ်းသေနေလို့ မအလအနေနဲ့ အရည်ချင်းမရှိတဲ့ စစ်သားတွေ ပိုင်ဆိုင် မွေးမြူထားတာကိုက ဿေတွင်း တူးဖော်တူးဖက်တွေမို့ ကိုယ့်ဘက်ကသာ ပြည့်စုံရင် ပွဲက ယခုထက်ပိုမြန် ပြတ်ပါတယ် ပြောပါရစေ !

နန်းကြည်ညိုဝေ

စစ်ကိုင်းတိုင်းမှ ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါစစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့တိုက်ခိုက်

▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို

မောင်မောင်/People’s Spring

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့စစ်ဗျူဟာသို့ ရိက္ခာနှင့် ခဲယမ်း ပို့ဆောင်ရန် ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ယနေ့ တိုက်ခိုက်ခဲ့ရပြီး သေဆုံးထိခိုက်မှုရှိကြောင်း ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယာဉ်အစီးရေ ၃၀ ခန့်ပါသည့် အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၇ရက်တွင် စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ ထွက်ခွာလာခြင်း ဖြစ်သည်။

“ချင်းပြည်နယ် ဟားခါး စစ်ဗျူဟာကို ရိက္ခာလာပို့တဲ့ ယာဉ်တန်းကြီးကို အခု တိုက်ပွဲတွေဖြစ်နေပါတယ်။ အဲဒီမှာ ဒီနေ့က တီးတိန်နယ်ထဲမှာ တိုက်ပွဲဖြစ်ပြီးတော့မှ စစ်ကောင်စီတပ်ဖွဲ့တွေက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းကွင်းတစ်ခုကို တိုးတော့ အဲဒီမှာ ခြောက်ယောက်သေတယ်။ ၁၄ ယောက် ဒဏ်ရာရတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ် ပလက်ဝနယ်တွင်လည်း စစ်ကောင်စီတပ်က မတူပီနယ်မှတစ်ဆင့် ရှေ့တန်း ထေဘွေး (ထယ်ဘွေး)တပ်စခန်းသို့ စစ်အင်အားဖြည့်တင်းလျက်ရှိရာ ချင်းအမျိုးသားတပ်မတော်နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့သည်။

(ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါ စစ်ယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ – The Chin Journal)

လူထုနွေဦး