ကတိုင်တိ ရဲစခန်းနဲ့ BGF တပ်ရင်း တိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင်

ကတိုင်တိ ရဲစခန်းနဲ့ BGF တပ်ရင်း တိုက်ခိုက်ခံရပြီး စခန်းမှူး အပါအဝင် ၅ ဦး သေဆုံး

ဖာပွန်၊ မတ်(၁၀)

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ကတိုင်တိကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်ရင်းနဲ့ ရဲစခန်းကို KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက တစ်ရက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးနဲ့ ရဲမေတွေအပါအဝင် (၅)ဦးသေဆုံးသွားခဲ့တယ်လို့ တပ်မဟာ(၅)က မတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်(၅)ရက်နေ့ မနက် ၂ နာရီအချိန်လောက်မှာ KNU တပ်မဟာ(၅)နယ်မြေ ကတိုင်တိကျေးရွာအခြေစိုက် စစ်ကောင်စီရဲစခန်းကို KNLA တပ်မဟာ(၅)လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်သိမ်းပိုက်တိုက်ခိုက်ခဲ့ရာ စခန်းမှူး(၁)ဦးနဲ့ ရဲမေ(၁)ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲ့ဒီနေ့ တစ်ရက်တည်းအတွင်း KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင်(၃)ဦး သေဆုံးပြီး (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲစခန်းနဲ့ BGF တပ်ရင်း ဝင်ရောက်တိုက်ခိုက်မှုမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ်(၈)ရက်နေ့ ည(၈)နာရီအချိန်လောက်လည်း ကတိုင်တိအခြေစိုက် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်ဖွဲ့ဝင်တွေရဲ့ ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒွယ်လိုးမြို့နယ် ပိုဂါကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၁၆)နှစ်အရွယ် မိန်းကလေး(၁)ဦးနဲ့ အသက်(၃၉)နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU ဖာပွန်ခရိုင်ထဲ ကျေးရွာတွေနဲ့ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး KNLA တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေလည်း အမြဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ္ပုံ-KNU- Mutraw News

ဓာတ်ပုံ-KNU- Mutraw News