မတ်လ ၁၄ရက်နေ့တွင် ဆည်တွေပေါ်မှာရွာမည့်မိုး

တပေါင်းလည်းကူးမိုးသားကြူး🌧🌧🌧သရဖီမိုးတွေရွာမယ်လေ🌧🌧🌧

ဆည်တွေပေါ်မှာရွာမည့်မိုး

၂၀၂၃ မတ်လ ၁၄ရက်နေ့တွင် ရဲရွာ မြို့ကြီး ကင်းတား ကျိုင်းခမ်း စတဲ့ဆည်ကြီးတွေပေါ်မှာမိုးရွာနိုင်ပါတယ်

တပေါင်းလ

ရာသီလအမည်= တပေါင်းလ

ရာသီအမည်= မိန်ရာသီ

ရာသီပွဲတော်= သဲပုံစေတီပွဲ

ရာသီပန်း= သရဖီပန်း

စန်းယှဉ်နက္ခတ်= ဥတ္တရဖဂူနိနက္ခတ်

ရာသီရုပ် = ငါးနှစ်ကောင်ရုပ်

တာရာ= ဆံကျင်တာရာ

ရက်= ရက်စုံ (၃၀) ရက်

ရက်ရာဇာ= တနင်္ဂနွေနှင့်ဗုဒ္ဓဟူး

ပြဿဒါး= အင်္ဂါနှင့်ရာဟု

နဂါးခေါင်း= အ‌နောက်သို့လှည့်၏။

၂၀၂၃ မတ်လ ၁၃ရက် ၁၄ရက် ၁၅ရက်နေ့တွေမှာမွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း နေပြည်တော်ပြည်ထောင်စုနယ်မြေ ကယားပြည်နယ် ရှမ်းပြည်နယ် ကချင်ပြည်နယ် စစ်ကိုင်းတိုင်းအောက်ပိုင်း မန္တလေးတိုင်းအရှေ့ပိုင်းဒေသတွေမှာ သရဖီမိုးတွေရွာနိုင်ပါတယ်

ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ ရေထိမခံနိုင်တဲ့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများ ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားကြပါ

အိုး မေမြို့မိုး
ဟိုအရင်တခါက ရေစိုထမိန်နဲ့ မိုးရေမှာ လှပခဲ့ဘူးတာ ပြန်မြင်ယောင်လည်း မေမြို့မှာမိုးပြန်ရွာပါဦးမယ် မတ်လ ၁၃ရက်နေ့ ၁၄ရက်နေ့

အိုမြောက်ပိုင်းလမ်း
14/03/2023 ရက်နေ့ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမိုးရွာနိုင်ပြီး ပြင်ဦးလွင်ခရိုင် ကျောက်မဲခရိုင် လာရှိုးခရိုင် ဒေသတွေမှာမိုးကြီးနိုင်ပါတယ် လေထန်ခြင်း လျှပ်စီးမိုးခြိမ်းခြင်း မိုးကြိုးပစ်ခြင်း မိုးသီးကြွေခြင်းစတဲ့အန္တရာယ်များရှိပါတယ်

မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါမယ်
ဂျိုးကြာမသောက်ရေမနောက် မပေါက်ရွှေကြာ ကန်တော်မင်္ဂလာ
မတ်လ ၁၃ရက်နေ့ ၁၄ရက်နေ့ 0.6 inches လက်မခန့် မိုးရွာနိုင်ပါတယ်

ဟိုအရှေ့ပိုင်းညိုလဲလဲ့ ရှမ်းတောင်းတန်းတွေအပေါ် ညစဥ်တိုင်းမြင်ရတဲ့တောမီးအလှတွေ ရေနီမြောင်းအချစ်အကြောင်းတို့ဖွဲ့ရာမြေ နန်းတော်ရှေ့ မခွဲဘူးကွယ်ကိုပြန်လာမယ်တစ်သက်လုံး

ရွှေရောင်တောင်ပံတဖြတ်ဖြတ်လက်တဲ့တို့ရဲ့နန်းတော်ရှေ့ နင်ရယ်ငါရယ်ရင်ခုန်ဘူးတဲ့တို့ရဲ့နန်းတော်ရှေ့

ဟင်္သာတို့ရဲ့ နန်းရှေ့မှာ မတ်လ ၁၃ရက်နေ့နှင့် ၁၄ရက်နေ့တွေမှာ မိုးစက်လေးတွေ တဖြုတ်ဖြုတ်နဲ့ ကြွေကျနိုင်ပါတယ်

မိုင်ဆုန်ခ ယူလီဟ 🌧🌧🌧🌧၂၀၂၃ မတ်လ ၁၃ရက်နေ့ ၁၄ရက်နေ့များတွင်လောက်ကိုင်ခရိုင် မူဆယ်ခရိုင် လားရှိုးခရိုင်ဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပါတယ်

# Su Su San မင်း ဂွတ် သီး