မြိုင်မြို့နယ် WELL TWO ရေနံမြေ အစောင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့ပေါင်း ၃၀ ကျော်က တို-က်ခို-က်သိ-မ်းပိုက်

မြိုင်မြို့နယ် Well Two ရေနံမြေ အစောင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့ပေါင်း ၃၀ ကျော်က တိုက်ခိုက်သိမ်းပိုက်

အဆုံးဖြ-တ်ပွဲတွေ လာကုန်ပြီနော့ !

” မြိုင်မြို့နယ် Well Two ရေနံမြေ အစောင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့ပေါင်း ၃၀ ကျော်က တိုက်ခိုက်သိမ်းပိုက် ”

တကယ့်ကို WoW WOW WOW ရတယ် အဖွဲ့ပေါင်း ၃၀ ကျော်ဆိုတော့ ငါတို့အင်အားတွေ ကျဲပြန့်မနေပဲ စုစည်းထားနိုင်ပြီး NUG ရဲ့ Commander ကို မြင်တွေ့ရလို့

အညာဟာ အညာမခံရပါဘူးဆိုတာ သက်သေပြဘို့ အညာသားတွေ ထကြပြီဟေ့ ✊🏻

#နန်းကြည်ညိုဝေ 🦚

ရန်ကုန်၊ မတ် ၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well Two ရေနံမြေ အစောင့် စစ်တပ်စခန်းကို PDF တပ်ဖွဲ့ပေါင်း ၃၀ ကျော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကျားသစ်နက် တပ်မ တော် တပ်ရင်းမှူး ကိုဥက္ကာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် မြိုင်မြို့နယ်၊ Well Two ရေနံမြေ အစောင့် စစ်တပ်စခန်းကို တော်လှန်ရေးတ ပ်ဖွဲ့ပေါင်း ၃၀ ကျော်က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်ဖြင့် ပစ် ခတ် ခဲ့သော်လည်း စခန်းကို သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

“စခန်း သိမ်းနိုင်ဖို့ရာ နံနက်ခင်း ၇ နာရီလောက်က စတင်တိုက်ပွဲဖြစ်တယ်။ မနက်ခင်း ၉ နာရီ အရောက်မှာတော့ မုံရွာ နမခ ကနေ Mi 35 ရဟတ်ယာဉ် ၂ စီး နဲ့ လာပစ်တယ် ။‌

ရဟတ်ယာဉ် တွေ ပြန်သွားတော့ ကျနော်တို့ အဖွဲတွေက ထပ် ပြန်တိုက်တယ်။ နေ့လယ်ပိုင်းမှာ စခန်းကိုကျနော် တို့ မီးရှို့နိုင်ခဲ့တယ်။ စစ်ခွေးအကျအဆုံးကတော့ အတိကျမသိခဲ့ရ ဘူး။ ကျနော်တို့ဘက်ကတော့ ကျား သစ်နက်တပ်မတော် တပ်သား ၁ ဦးကျဆုံးတယ်။ နောက် ၁ ဦးဒဏ်ရာရတယ် ။ အခြားအဖွဲ့က ရဲဘော် ၃ ဦး ဒဏ်ရာရတယ်။ ၁ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်” ဟု ကျားသစ်နက်တပ်မတော် တပ်ရင်မှူး ကိုဥက္ကာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

PDF တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်ခဲ့သော မြိုင်မြို့နယ်၊ Well Two ရေနံမြေအစောင့်စခန်းသည် အခိုင်အမာ တည်ဆောက်ထား သော စခန်းတစ်ခုဖြစ် ကြောင်း၊ ရဲနှင့်စစ်တပ် တပ်သားများ တပ်စွဲထားသော စခန်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်၊ပေါက်မြို့နယ်၊ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆော မြို့နယ် စုစုပေါင်း မြို့နယ် ၅ ခုကို ဖေ ဖော်ဝါရီလအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားပြီး စစ်ကြောင်းထိုးမှုများ အရှိန် အဟုန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးတိုင်းအတွင်းရှိ PDF တပ်ဖွဲ့ဝင်များ။

ၿမိဳင္ၿမိဳ႕နယ္ Well Two ေရနံေၿမ အေစာင့္ စစ္တပ္စခန္းကို PDF တပ္ဖြဲ႕ေပါင္း ၃၀ ေက်ာ္က တိုက္ခိုက္သိမ္းပိုက္

ရန္ကုန္၊ မတ္ ၉

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္၊ Well Two ေရနံေၿမ အေစာင့္ စစ္တပ္စခန္းကို PDF တပ္ဖြဲ႕ေပါင္း ၃၀ ေက်ာ္က တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း က်ားသစ္နက္ တပ္မ ေတာ္ တပ္ရင္းမႉး ကိုဥကၠာက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

မတ္လ ၉ ရက္ေန႔ နံနက္ ၇ နာရီအခ်ိန္တြင္ ၿမိဳင္ၿမိဳ႕နယ္၊ Well Two ေရနံေၿမ အေစာင့္ စစ္တပ္စခန္းကို ေတာ္လွန္ေရးတ ပ္ဖြဲ႕ေပါင္း ၃၀ ေက်ာ္က ဝင္ေရာက္ တိုက္ခိုက္သိမ္းပိုက္ခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္က စစ္ရဟတ္ယာဥ္ျဖင့္ ပစ္ ခတ္ ခဲ့ေသာ္လည္း စခန္းကို သိမ္းပိုက္ၿပီး မီးရွို႔ ဖ်က္ဆီးနိုင္ခဲ့ေၾကာင္း သိရွိရသည္။

“စခန္း သိမ္းနိုင္ဖို႔ရာ နံနက္ခင္း ၇ နာရီေလာက္က စတင္တိုက္ပြဲျဖစ္တယ္။ မနက္ခင္း ၉ နာရီ အေရာက္မွာေတာ့ မုံရြာ နမခ ကေန Mi 35 ရဟတ္ယာဥ္ ၂ စီး နဲ႔ လာပစ္တယ္ ။‌

ရဟတ္ယာဥ္ ေတြ ျပန္သြားေတာ့ က်ေနာ္တို႔ အဖြဲေတြက ထပ္ ျပန္တိုက္တယ္။ ေန႔လယ္ပိုင္းမွာ စခန္းကိုက်ေနာ္ တို႔ မီးရွို႔နိုင္ခဲ့တယ္။ စစ္ေခြးအက်အဆုံးကေတာ့ အတိက်မသိခဲ့ရ ဘူး။ က်ေနာ္တို႔ဘက္ကေတာ့ က်ား သစ္နက္တပ္မေတာ္ တပ္သား ၁ ဦးက်ဆုံးတယ္။ ေနာက္ ၁ ဦးဒဏ္ရာရတယ္ ။ အျခားအဖြဲ႕က ရဲေဘာ္ ၃ ဦး ဒဏ္ရာရတယ္။ ၁ ဦးကေတာ့ အသက္အႏၲရာယ္စိုးရိမ္ရတယ္” ဟု က်ားသစ္နက္တပ္မေတာ္ တပ္ရင္မႉး ကိုဥကၠာက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

PDF တပ္ေပါင္းစုက တိုက္ခိုက္ သိမ္းပိုက္ခဲ့ေသာ ၿမိဳင္ၿမိဳ႕နယ္၊ Well Two ေရနံေျမအေစာင့္စခန္းသည္ အခိုင္အမာ တည္ေဆာက္ထား ေသာ စခန္းတစ္ခုျဖစ္ ေၾကာင္း၊ ရဲႏွင့္စစ္တပ္ တပ္သားမ်ား တပ္စြဲထားေသာ စခန္းျဖစ္ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္စစ္ေကာင္စီက မေကြးတိုင္းအတြင္းရွိ ၿမိဳင္ၿမိဳ႕နယ္၊ေပါက္ၿမိဳ႕နယ္၊ဂန႔္ေဂါၿမိဳ႕နယ္၊ ထီးလင္းၿမိဳ႕နယ္၊ ေဆာ ၿမိဳ႕နယ္ စုစုေပါင္း ၿမိဳ႕နယ္ ၅ ခုကို ေဖ ေဖာ္ဝါရီလအတြင္း စစ္အုပ္ခ်ဳပ္ေရး ေၾကညာထားၿပီး စစ္ေၾကာင္းထိုးမႈမ်ား အရွိန္ အဟုန္ျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- မေကြးတိုင္းအတြင္းရွိ PDF တပ္ဖြဲ႕ဝင္မ်ား။