မုံရွာ လယ်ဇင်ရွာကို စစ်ကောင်စီတပ်တွေ စီးနင်း၊ ပြည်သူတွေ ပုန်းခိုတဲ့ နေရာကို လက်နက်ကြီးနဲ့ လှမ်းထု
စက်တင်ဘာ၂၊ ၂၀၂၂
ဒီနေ့(စက်တင်ဘာ၂) မနက် ၅ နာရီကျော်လောက်မှာ မုံရွာမြို့က လယ်ဇင်ကျေးရွာကို စစ်ကောင်စီတပ် တွေက၃ ဘက် ၃ တန် ပိတ်ပြီး စီးနင်းဝင်ရောက်လာတာကြောင့် MRDAတပ်ခွဲ မုံရွာ ၊ PGF၊ နွေဦးသစ္စာပျောက်ကျားအင်အားစု တို့မှ မနက် ၉နာရီခွဲမှာ လက်ပစ်ဗုံးနဲ့ ထုခဲ့တယ်လို့ သိရပါတယ်။
ညနေ ၆ နာရီ ၄၀ အချိန်မှာတော့ မုံရွာ- မန္တလေးအမြန်လမ်းမကြီး မြန်မာ့မဏ္ဏိုင်စက်သုံးဆီအရောင်း ဆိုင်တောင်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ Mark II ကားနဲ့ အံစာတုံးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် လယ်ဇင်၊ သက္ကကျင်း၊ အောင်သာစတဲ့ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက”လယ်ဇင်မှာရောသက္ကကျင်းမှာရော အိမ်တွေထဲက အဝတ်အစားတွေယူ၊ ရေမိုးချိုးပြီး အဝတ်အစား တွေလဲနေတာပါ။
ညနေကတော့ မြန်မာ့မဏ္ဏိုင် အိမ်စီးကားမိုင်းဆွဲခံရလို့လိုက်ပစ်နေတာ။ လက်နက်ကြီးတွေနဲ့ရော၊ ဘောက်တွေပါဆွဲနေတာ၊ ပြည်သူတွေ ပြေးပြီး ပုန်းခိုနေတဲ့ နေရာတွေဘက် ကို မှန်းပြီး လက်နက်ကြီးနဲ့ ထုနေတယ်” လို့ပြောပါတယ်။
လယ်ဇင်နဲ့ သက္ကကျင်းရွာထဲကိုရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ရွာထဲက အမျိုးသမီးငယ် တွေကို ခေါ်ပြီး ထမင်းဟင်းချက်ခိုင်းနေတယ်လို့လည်း ပြောပါတယ်။ ဒီနေ့ည လယ်ဇင်နဲ့ သက္ကကျင်း မှာ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။
Zawgyi(version)
မုံ႐ြာ လယ္ဇင္႐ြာကို စစ္ေကာင္စီတပ္ေတြ စီးနင္း၊ ျပည္သူေတြ ပုန္းခိုတဲ့ ေနရာကို လက္နက္ႀကီးနဲ႕ လွမ္းထု
စက္တင္ဘာ၂၊ ၂၀၂၂
ဒီေန႕(စက္တင္ဘာ၂) မနက္ ၅ နာရီေက်ာ္ေလာက္မွာ မုံ႐ြာၿမိဳ႕က လယ္ဇင္ေက်း႐ြာကို စစ္ေကာင္စီတပ္ ေတြက၃ ဘက္ ၃ တန္ ပိတ္ၿပီး စီးနင္းဝင္ေရာက္လာတာေၾကာင့္ MRDAတပ္ခြဲ မုံ႐ြာ ၊ PGF၊ ႏြေဦးသစၥာေပ်ာက္က်ားအင္အားစု တို႔မွ မနက္ ၉နာရီခြဲမွာ လက္ပစ္ဗုံးနဲ႕ ထုခဲ့တယ္လို႔ သိရပါတယ္။
ညေန ၆ နာရီ ၄၀ အခ်ိန္မွာေတာ့ မုံ႐ြာ- မႏၱေလးအျမန္လမ္းမႀကီး ျမန္မာ့မဏၰိုင္စက္သုံးဆီအေရာင္း ဆိုင္ေတာင္ဘက္မွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြစီးနင္းလာတဲ့ Mark II ကားနဲ႕ အံစာတုံးကားကို မိုင္းဆြဲ တိုက္ခိုက္ခဲ့တာေၾကာင့္ လယ္ဇင္၊ သကၠက်င္း၊ ေအာင္သာစတဲ့ ႐ြာေတြဘက္ကို လက္နက္ႀကီးေတြနဲ႕ လွမ္းပစ္ေနတယ္လို႔ သိရပါတယ္။
ေဒသခံတစ္ဦးကလယ္ဇင္မွာေရာသကၠက်င္းမွာေရာ အိမ္ေတြထဲက အဝတ္အစားေတြယူ၊ ေရမိုးခ်ိဳးၿပီး အဝတ္အစား ေတြလဲေနတာပါ။
ညေနကေတာ့ ျမန္မာ့မဏၰိုင္ အိမ္စီးကားမိုင္းဆြဲခံရလို႔လိုက္ပစ္ေနတာ။ လက္နက္ႀကီးေတြနဲ႕ေရာ၊ ေဘာက္ေတြပါဆြဲေနတာ၊ ျပည္သူေတြ ေျပးၿပီး ပုန္းခိုေနတဲ့ ေနရာေတြဘက္ ကို မွန္းၿပီး လက္နက္ႀကီးနဲ႕ ထုေနတယ္ လို႔ေျပာပါတယ္။
လယ္ဇင္နဲ႕ သကၠက်င္း႐ြာထဲကိုေရာက္ေနတဲ့ စစ္ေကာင္စီတပ္သားေတြက ႐ြာထဲက အမ်ိဳးသမီးငယ္ ေတြကို ေခၚၿပီး ထမင္းဟင္းခ်က္ခိုင္းေနတယ္လို႔လည္း ေျပာပါတယ္။ ဒီေန႕ည လယ္ဇင္နဲ႕ သကၠက်င္း မွာ တပ္စြဲထားတယ္လို႔လည္း သိရပါတယ္။