ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ CRPH အဖွဲ့ဝင်တွေ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သော ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို တက်ရောက်ခဲ့
မတ် ၈၊ ၂၀၂၃
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနဲ့ Committee Representing Pyidaungsu Hluttaw – CRPH က အဖွဲ့ဝင်တွေက ဖိတ်ကြားချက်အရ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တဲ့ ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို မတ် ၃ ရက်ကနေ ၅ရက်အထိ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အစည်းအဝေးကို အာဆီယံနိုင်ငံများ ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့
နွေဦး တော်လှန်ရေးမှာ CRPH၊ NUG နဲ့ NUCC တို့ရဲ့ အခန်းကဏ္ဍတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး လက်တွဲ ဆောင်ရွက်နေမှုတွေ၊ မြန်မာ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ခံရမှုတွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
APHR အဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲက ပိုမိုဆိုးဝါးတဲ့ ပဋိပက္ခတွေကို ဦးတည်နေတဲ့အတွက် သူတို့အနေနဲ့လုံးဝ ဆန့်ကျင် ကန့်ကွက်သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။
လတ်တလော စစ်ကိုင်းတိုင်း တာတိုင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်စွာ မုဒိန်းကျင့် သတ်ဖြတ်မှုတွေကို ရှုတ်ချကြပြီး မြေပြင်မှာ ဒုက္ခရောက်နေကြတဲ့ ပြည်တွေကို လက်တွေ့ကယ်တင်နိုင်ရေး တိုက်တွန်းကြိုးပမ်းဆောင်ရွက်သွား ကြမှာ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့ပြင် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေကို အမှန်တကယ်လိုအပ်တဲ့ နေရာတွေကို ထိထိရောက်ရောက် ရရှိနိုင်ရေး အတွက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးနဲ႔ CRPH အဖြဲ႕ဝင္ေတြ အင္ဒိုနီးရွားနိုင္ငံ ဂ်ကာတာၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာ ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို တက္ေရာက္ခဲ့
မတ္ ၈၊ ၂၀၂၃
ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ လူသားခ်င္း စာနာေထာက္ထားေရးႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအးနဲ႔ Committee Representing Pyidaungsu Hluttaw – CRPH က အဖြဲ႕ဝင္ေတြက ဖိတ္ၾကားခ်က္အရ အင္ဒိုနီးရွားနိုင္ငံ ဂ်ကာတာၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ ASEAN Parliamentarians for Human Rights (APHR) Members’ Forum ကို မတ္ ၃ ရက္ကေန ၅ရက္အထိ တက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။
အဲဒီ အစည္းအေဝးကို အာဆီယံနိုင္ငံမ်ား ဆိုင္ရာ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔
ေႏြဦး ေတာ္လွန္ေရးမွာ CRPH၊ NUG နဲ႔ NUCC တို႔ရဲ့ အခန္းက႑ေတြနဲ႔ စိန္ေခၚမႈေတြကို ေက်ာ္လႊားၿပီး လက္တြဲ ေဆာင္ရြက္ေနမႈေတြ၊ ျမန္မာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ၾကဳံေတြ႕ေနရတဲ့ အၾကမ္းဖက္ခံရမႈေတြနဲ႔ စိန္ေခၚမႈေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။
APHR အဖြဲ႕ဝင္ေတြအေနနဲ႔ စစ္ေကာင္စီရဲ့ အတုအေယာင္ ေရြးေကာက္ပြဲက ပိုမိုဆိုးဝါးတဲ့ ပဋိပကၡေတြကို ဦးတည္ေနတဲ့အတြက္ သူတို႔အေနနဲ႔လုံးဝ ဆန႔္က်င္ ကန႔္ကြက္သြားမွာ ျဖစ္ေၾကာင္း ဆုံးျဖတ္ခဲ့ၾကတယ္လို႔ သိရပါတယ္။
လတ္တေလာ စစ္ကိုင္းတိုင္း တာတိုင္းေက်းရြာမွာ ျဖစ္ပြားခဲ့တဲ့ စစ္ေကာင္စီရဲ့ ရက္စက္ၾကမ္းၾကဳတ္စြာ မုဒိန္းက်င့္ သတ္ျဖတ္မႈေတြကို ရႈတ္ခ်ၾကၿပီး ေျမျပင္မွာ ဒုကၡေရာက္ေနၾကတဲ့ ျပည္ေတြကို လက္ေတြ႕ကယ္တင္နိုင္ေရး တိုက္တြန္းႀကိဳးပမ္းေဆာင္ရြက္သြား ၾကမွာ ျဖစ္တယ္လို႔ ေဆြးေႏြးခဲ့ၾကပါတယ္။
ဒါ့ျပင္ ျပည္ေထာင္စုဝန္ႀကီးက သက္ဆိုင္ရာ အစိုးရ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံကာ ျမန္မာနိုင္ငံအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြကို အမွန္တကယ္လိုအပ္တဲ့ ေနရာေတြကို ထိထိေရာက္ေရာက္ ရရွိနိုင္ေရး အတြက္ ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ္။