ချင်းပြည်နယ်ဘက်သို့ ကား အစီး ၃၀ ကျော်ဖြင့် စစ်တပ်စစ်ကြောင်းတစ်ခု ရိက္ခာများ တင်ဆောင် ထွက်ခွာ (ရုပ်/သံ)
+++++++++++++++
ချင်းပြည်နယ်ဘက်သို့ ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် စစ်ကြောင်းတစ်ခု ရိက္ခာများ တင်ဆောင် ထွက်ခွာသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြကြောင်း သိရှိရပါသည်။
မတ်လ ၉ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ကလေးမြို့မှ ကား အစီး ၃၀ ကျော်ဖြင့် ချင်းပြည်နယ်၊ တီးတိန်ဘက်သို့ ရိက္ခာများနှင့်အတူ စစ်အင်အား ၇၀ ကျော် တက်သွားကြောင်း ဒေသပြည်သူတချို့က ဆိုကြသည်။
ကလေးမြို့ သတင်းရင်းမြစ်တချို့ကလည်း စစ်တပ် သံချပ်ကာ ၂ စီး၊ ပြည်သူများထံမှ အတင်းအကျပ် ချောဆွဲထားသော ၁၂ ဘီးကား ၂၈ စီးဖြင့် ချင်းပြည် နယ်ဘက်သို့ စစ်ကြောင်းတစ်ခု ထွက်ခွာသွားကြောင်း အတည်ပြု ပြောဆိုကြသည်။
ခ်င္းျပည္နယ္ဘက္သို႔ ကား အစီး ၃၀ ေက်ာ္ျဖင့္ စစ္တပ္စစ္ေၾကာင္းတစ္ခု ရိကၡာမ်ား တင္ေဆာင္ ထြက္ခြာ (႐ုပ္/သံ)
+++++++++++++++
ခ်င္းျပည္နယ္ဘက္သို႔ ကေလးၿမိဳ႕မွ ကား အစီး ၃၀ ေက်ာ္ျဖင့္ စစ္ေၾကာင္းတစ္ခု ရိကၡာမ်ား တင္ေဆာင္ ထြက္ခြာသြားေၾကာင္း ေဒသခံျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကေၾကာင္း သိရွိရပါသည္။
မတ္လ ၉ ရက္ေန႕ နံနက္ ၆ နာရီ ၃၀ မိနစ္အခ်ိန္ ကေလးၿမိဳ႕မွ ကား အစီး ၃၀ ေက်ာ္ျဖင့္ ခ်င္းျပည္နယ္၊ တီးတိန္ဘက္သို႔ ရိကၡာမ်ားႏွင့္အတူ စစ္အင္အား ၇၀ ေက်ာ္ တက္သြားေၾကာင္း ေဒသျပည္သူတခ်ိဳ႕က ဆိုၾကသည္။
ကေလးၿမိဳ႕ သတင္းရင္းျမစ္တခ်ိဳ႕ကလည္း စစ္တပ္ သံခ်ပ္ကာ ၂ စီး၊ ျပည္သူမ်ားထံမွ အတင္းအက်ပ္ ေခ်ာဆြဲထားေသာ ၁၂ ဘီးကား ၂၈ စီးျဖင့္ ခ်င္းျပည္ နယ္ဘက္သို႔ စစ္ေၾကာင္းတစ္ခု ထြက္ခြာသြားေၾကာင္း အတည္ျပဳ ေျပာဆိုၾကသည္။