ပခုံးထမ်းလောင်ချာထက် ၅ ဆပြင်းတဲ့ လောင်ချာကို Myingyan Black Tiger ထုတ်လုပ်နိုင်ခဲ့ (ရုပ်/သံ)

ပခုံးထမ်းလောင်ချာထက် ၅ ဆပြင်းတဲ့ လောင်ချာကို Myingyan Black Tiger ထုတ်လုပ်နိုင်ခဲ့ (ရုပ်/သံ)

မြင်းခြံ၊ မတ် ၉၊ ၂၀၂၃။

စစ်ကောင်စီစစ်ကြောင်းတွေကို ပစ်ခတ်ဖို့အတွက် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက် Myingyan Black Tiger (MBT) အဖွဲ့က မီတာ ၆၀၀ အကွာအဝေးထိ ပစ်နိုင်တဲ့ ရှေ့ထွက်လောင်ချာလက်နက်ကြီးကို ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့‌ ဖေဖော်ဝါရီလ‌နောက်ဆုံးအပတ်မှာ အောင်မြင်စွာစမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီး မတ်လ ၈ ရက်က ပစ်ခတ်စမ်းသပ်တာ အောင်မြင်ခဲ့တယ်လို့ Myingyan Black Tiger (MBT) မှ ဗိုလ်မိုက်ခဲက ဆိုပါတယ်။

“အဲဒီ လက်နက်ကြီးဟာ ရှေ့ထွက်လောင်ချာတွေလို တခါပစ်ပြီး ပစ်လို့မရတဲ့အမျိုးအစား မဟုတ်ဘူး။ ဒီလက်နက်ကြီးနဲ့ပစ်လိုက်လို့ ကျသွားတဲ့ကျည်က မိုင်ဝက်အတွင်း ရှိတဲ့သူ မလွတ်နိုင်ဘူး။ လက်နက်ကြီးရဲ့ ဖရိန်ဖိုးတွေကောဆို ၇ သိန်းခွဲလောက်ရှိပြီး ထည့်ပစ်ရတဲ့ကျည်နဲ့ ယမ်းကော ဆက်စပ်ပစ္စည်းတွေကောဆိုရင် ၃ သောင်းဝန်းကျင် ရှိတယ်” လို့ ဆက်ပြောပါတယ်။

အခုထုတ်လုပ်နိုင်တဲ့ ရှေ့ထွက်လောင်ချာဟာ သာမန်ပခုံးထမ်းလောင်ချာထက် ၅ ဆ ပိုပြင်းပြီး ကနဦး စမ်းသပ်စဉ်မှာ အမှားအယွင်းအနည်းငယ်ရှိပေမယ့် ၃ ကြိမ်မြောက်မှာ စမ်းသပ်အောင်မြင်ခဲ့တာဖြစ်ပြီး ထုတ်လုပ်မှုပိုင်းမှာ ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာတွေ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

သတင်း – ဒိန်းဂျား၊ တည်းဖြတ် – CM
#မြေလတ်အသံ

Zawgyi(version)

ပခုံးထမ္းေလာင္ခ်ာထက္ ၅ ဆျပင္းတဲ့ ေလာင္ခ်ာကို Myingyan Black Tiger ထုတ္လုပ္နိုင္ခဲ့ (႐ုပ္/သံ)

ျမင္းၿခံ၊ မတ္ ၉၊ ၂၀၂၃။

စစ္ေကာင္စီစစ္ေၾကာင္းေတြကို ပစ္ခတ္ဖို႔အတြက္ မႏၱေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္အေျခစိုက္ Myingyan Black Tiger (MBT) အဖြဲ႕က မီတာ ၆၀၀ အကြာအေဝးထိ ပစ္နိုင္တဲ့ ေရွ႕ထြက္ေလာင္ခ်ာလက္နက္ႀကီးကို ထုတ္လုပ္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလေနာက္ဆုံးအပတ္မွာ ေအာင္ျမင္စြာစမ္းသပ္ထုတ္လုပ္နိုင္ခဲ့ၿပီး မတ္လ ၈ ရက္က ပစ္ခတ္စမ္းသပ္တာ ေအာင္ျမင္ခဲ့တယ္လို႔ Myingyan Black Tiger (MBT) မွ ဗိုလ္မိုက္ခဲက ဆိုပါတယ္။

“အဲဒီ လက္နက္ႀကီးဟာ ေရွ႕ထြက္ေလာင္ခ်ာေတြလို တခါပစ္ၿပီး ပစ္လို႔မရတဲ့အမ်ိဳးအစား မဟုတ္ဘူး။ ဒီလက္နက္ႀကီးနဲ႕ပစ္လိုက္လို႔ က်သြားတဲ့က်ည္က မိုင္ဝက္အတြင္း ရွိတဲ့သူ မလြတ္နိုင္ဘူး။ လက္နက္ႀကီးရဲ႕ ဖရိန္ဖိုးေတြေကာဆို ၇ သိန္းခြဲေလာက္ရွိၿပီး ထည့္ပစ္ရတဲ့က်ည္နဲ႕ ယမ္းေကာ ဆက္စပ္ပစၥည္းေတြေကာဆိုရင္ ၃ ေသာင္းဝန္းက်င္ ရွိတယ္” လို႔ ဆက္ေျပာပါတယ္။

အခုထုတ္လုပ္နိုင္တဲ့ ေရွ႕ထြက္ေလာင္ခ်ာဟာ သာမန္ပခုံးထမ္းေလာင္ခ်ာထက္ ၅ ဆ ပိုျပင္းၿပီး ကနဦး စမ္းသပ္စဥ္မွာ အမွားအယြင္းအနည္းငယ္ရွိေပမယ့္ ၃ ႀကိမ္ေျမာက္မွာ စမ္းသပ္ေအာင္ျမင္ခဲ့တာျဖစ္ၿပီး ထုတ္လုပ္မႈပိုင္းမွာ ရဲေဘာ္ေတြ ထိခိုက္ဒဏ္ရာရတာေတြ မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။

သတင္း – ဒိန္းဂ်ား၊ တည္းျဖတ္ – CM
#ေျမလတ္အသံ