ဒါဖတ်ပြီးမှ “ရောင်နီလာရာလမ်း”ကို ကြည့်ပါ

ဒါဖတ်ပြီးမှ
“ရောင်နီလာရာလမ်း”ကို ကြည့်ပါ

ကိုပေါက်ရဲ့
“ရောင်နီလာရာလမ်း”ကို ခံစားမိပုံ

ကျွန်မက စာအုပ်ဆိုရင် ရိုးရိုး ဝတ္တုဇာတ်လမ်း Fiction story, တွေထက် ဖြစ်ရပ်မှန် ဘဝမှတ်တမ်းNon-Fiction တွေ၊ အထ္ထုပ္ပတ္တိတွေကို ပိုပြီးနှစ်ခြိုက်သလို ရုပ်ရှင်ဆိုလည်း ရိုးရိုးရုပ်ရှင်ထက် Documentary ကိုပိုပြီး နှစ်သက်တဲ့အရင်းခံ ရှိပြီးသားသူပါ။

ကိုပေါက်ရဲ့
ရောင်နီလာရာလမ်းက နွေဦးတော်လှန်ရေးအကြောင်း
ဖြစ်ရပ်မှန် ဇာတ်ကား ဖြစ်တာကတကြောင်း ရိုက်ပြထားတဲ့ ရိုက်ကွက်တွေက ကောင်းပြီး အဲဒီရိုက်ကွင်းနေရာတချို့က တချိန်က မိမိကိုယ်တိုင် ဖြတ်သန်းဖူးတဲ့နေရာတွေ ဖြစ်နေတာကတကြောင်း အဲဒီအကြောင်းတွေကြောင့် ကိုပေါက်ရဲ့ ရောင်နီလာရာလမ်းက ကျွန်မကို တခြားဖြစ်ရပ်မှန် မှတ်တမ်းတွေကို ကြည့်ရတာထက် ပိုတဲ့ရသကို ပေးပါတယ်။

ရောင်နီလာရာလမ်းက ကိုပေါက်ရဲ့ ဘဝမှတ်တမ်း Documentary ဆိုပေမဲ့ ကိုပေါက်တစ်ဦးတည်းကို ကိုယ်စားပြုထားတဲ့ မှတ်တမ်းပုံစံထက် နွေဦးတော်လှန်ရေးရဲ့ ပုံရိပ်တစ်ခု အဖြစ် နားလည်ခံစားရပါတယ်။

ဒီရုပ်ရှင်ကို ကြည့်ရတာ
ရုပ်ရှင်ထဲမှာ ပါတဲ့သူတွေနဲ့အတူ သူတို့ပျော်ရင် ကျွန်မလိုက်ပျော်နေတယ်၊ သူတို့မလုံမခြုံ ခံစားရရင် ကျွန်မလည်း လိုက်ခံစားရတယ်။၊

စစ်သင်တန်း တက်နေတာကို မြင်တော့ ဟို လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်က ကျွန်မတို့ တက်ခဲ့တဲ့ စစ်သင်တန်းဆီကို ကျွန်မပြန်ရောက်သွားပြန်တယ်။

ရုပ်ရှင်ကြာချိန် နှစ်နာရီနီးပါးမှာ
ကျွန်မစိတ်တွေက တက်လိုက်ကျလိုက် လွမ်းလိုက်ဆွေးလိုက် စိတ်အားပြန်ထက်သန်လိုက်နဲ့ ခုန်ပေါက်ပြေးလွှားနေတယ်။

တချိန်လုံး ပုန်းလျိုးကွယ်လျှိုးနေလာရာကနေ လွတ်မြောက်နယ်မြေကို ထွက်လာပြီး နောက်ပိုင်းမှာ ရောက်ပြီဆိုပြီး စိတ်ပေါ့ပါးသွက်လက်သွားတဲ့ ကိုပေါက်ရဲ့ ပုံကိုကြည့်ပြီး ကျွန်မလည်း အသက်ကို ဝဝရှူလိုက်မိပြီး လေးနေတဲ့စိတ်တွေ ကြည်လင်ပေါ့ပါး သွက်လက်သွားသလို ခံစားရတယ်။

ဒါပေမဲ့ မကြာလိုက်ဘူး သံလွင်မြစ်ကြီးကို ဘွားကနဲ တွေ့လိုက်ရတော့ ဘဝဟောင်းကို ပြန်ရောက်သွားသလို ဖြစ်သွားပြန်တယ်။

နီကျင်ကျင် သံလွင်မြစ်ရေရဲ့ အရောင်နဲ့ ရေစီးသန်သန်နဲ့ စီးဆင်းနေပုံက ဟိုလွန်ခဲ့တဲ့ အနှစ်အစိတ်သုံးဆယ်ခန့်က အတိုင်းပဲ၊ မြစ်ထဲမှာ ပြေးဆွဲနေတဲ့ စက်လှေကလေးတွေကစ၊ မြစ်ရိုးတလျှောက်စိမ်းစိုတဲ့ ရှုခင်းတွေနဲ့ တောင်စွယ်တောင်ကုန်းတွေကအစ အားလုံးအားလုံးက ဟိုတုန်းကအတိုင်းပါပဲ၊ စစ်သင်တန်းမှာ ရဲဘော်တွေ စစ်ရေးလေ့ကျင့်နေပုံကလည်း အတူတူပဲ။ (စစ်ယူနီဖေါင်းပိုသားနားပြီး ဟင်းပိုကောင်းတာတော့ ကွာတယ်)

ကြည့်ရင်းနဲ့ စက်ဝန်းထဲကနေ ကြယ်ဖြူဆီကို ရုန်းထွက်ဟန် ပြနေတဲ့ ခွပ်ဒေါင်းတံဆိပ်နဲ့ အလံကို ခန်းမတစ်ခုမှာ တင်ထားတာ တွေ့လိုက်ရတော့ ကိုပေါက်ရိုက်တဲ့အထဲမှာ ABSDF စခန်းတစ်ခုလည်းပါနေတာ့ပဲလို့ သတိထားမိတယ်။

အသိထဲက အဖိုးကြီးအဖွားကြီး တစ်ယောက်ယောက်များ တွေ့လေမလား ဆိုတဲ့အတွေးနဲ့ ရှာကြည့်နေချိန်မှာပဲ ရိုက်ကွက်က တခြားတစ်ကွက်ကို ပြောင်းသွားလို့ လူတွေကို သဲသဲကွဲကွဲ မတွေ့လိုက်ဘူး။

ဘာပဲဖြစ်ဖြစ် နွေဦးတော်လှန်ရေးကို ကိုယ်စားပြုတဲ့ Documentary ကားထဲမှာ
ABSDF ကို မျိုးဆက်သစ်တွေနဲ့အတူ တွေ့ရတော့ ဝမ်းသာတယ်။

ဒီနွေဦးတော်လှန်ရေးက ၈၈ တုန်းကထက် ပါဝင်တဲ့လူဦးရေလည်းများတယ်၊ ပြည်တွင်းပြည်ပ လူထုရဲ့ အထောက်အပံ့လည်းကိုလည်းရတယ်၊ လက်နက်ကိုင် တော်လှန်ရေးထဲကို ရောက်လာတဲ့ လူထု လူတန်းစားကလည်း ပိုစုံတယ်။

ဒါကြောင့်မို့ နွေဦးတော်လှန်ရေးက အောင်ကိုအောင်မှာဖြစ်တယ်။ ၈၈ တုန်းက နိုင်ငံကျော် အခုပညာရှင်ဆိုလို့ ထူးအိမ်သင်နဲ့ ကိုမွန်းအောင် နှစ်ယောက်ပဲ တောထဲအထိ ပါလာခဲ့တယ်။

အခုနွေဦးတော်လှန်ရေးမှာကျတော့ လူထုထောက်ခံမှု အပြည့်အဝ ရထားတဲ့ နိုင်ငံကျော် အနုပညာရှင်တွေ အများကြီးပါလာပြီး ပြည်ပရောက်လာတဲ့ အနုပညာရှင်တွေကလည်း နိုင်တဲ့ဘက်က ဆက်လက်ပြီးတော့ တော်လှန်ရေးအတွက် ပြန်ထောက်ပံ့နေကြတော့ အခုတော်လှန်ရေးက ဟိုတုန်းက တော်လှန်ရေးနဲ့ ဘာမှနှိုင်းယှဉ်လို့ မရပါဘူး။

ကိုပေါက်ရဲ့
“ရောင်နီလာရာလမ်း”မှာ ကျွန်မ မျက်ရည်ကျရတဲ့အခန်း နှစ်ခန်းပါတယ်။
တစ်ခန်းက ကိုပေါက် သူ့သားတွေကို လွမ်းတဲ့အခန်းနဲ့
နောက် တစ်ခန်းကတော့ အကယ်ဒမီ ရုပ်ရှင်မင်းသား မင်းမော်ကွန်း ငိုတဲ့အခန်းပဲ။
အဲဒါ သရုပ်ဆောင်ပြီး ငိုတာ မဟုတ်ဘူးနော်။ အော်စီ ထွက်လာခါနီး ကျန်တဲ့သူတွေနဲံ ခွဲခါရတာကို ဝမ်းနည်းလို့ တကယ်ငိုတဲ့အခန်းပါ။ ကျွန်မ သူနဲ့အတူ လိုက်ငိုမိတယ်။

မင်းမော်ကွန်း ထွက်ခါနီး နှုတ်ဆက်ပွဲမှာ ဂီတတီးပြီး ကိုပေါက် ဆိုနေတဲ့သီချင်းကလည်း ခုခေတ်သီချင်းမဟုတ်ဘူး၊
၈၈ က ခေတ်စားနေတဲ့ အဆိုတော်ခင်ဝမ်းရဲ့
“နှုတ်ဆက်ခဲ့ပါတယ် ကျနော် သွားတော့မယ် လှိုင်းရဲ့သယ်ဆောင်ရာ ဟို အဝေးကို” ဆိုတဲ့စာသားပါတဲ့ သီချင်းပါ။ မင်းမော်ကွန်း သရုပ်ဆောင်ထားတဲ့ ဘဝနာတဲ့ ဇာတ်ကား၊ ဝမ်းနည်းစရာ အလွမ်းအဆွေး ဇာတ်ကားတွေမှာ သူငိုတဲ့ ငိုခန်းတွေ အများကြီးကို ကြည့်ဖူးတယ် ဒါမေပဲ့ ကျွန်မ တစ်ခါမှ မျက်ရည်မကျဘူး၊ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာတော့ ကျွန်မ သူနဲ့အတူ ငိုမိတယ်။ တကယ်ငိုတာနဲ့ သရုပ်ဆောင်ပြီးငိုတာ မတူပါဘူး။

အလွမ်းအဆွေးပါတဲ့ စာအုပ်တွေ ရုပ်ရှင်တွေကို ကျွန်မ မျက်ရည်မကျတတ်ပေမဲ့ ကိုပေါက်ရဲ့
ရောင်နီလာရာလမ်းကို ကြည့်ပြီး မျက်ရည်လည်းကျတယ်။ အားလည်း တက်ရတယ်။

အခုချိန်မှာ နယ်စပ်က တိုင်းရင်းသား တော်လှန်ရးသမားတွေနဲ့ ပြည်မက ဗမာတော်လှန်ရေးသမားတွေ တော်လှန်ရေးအပေါ် ခံယူချက် တူသွားပြီ။ ကိုပေါက်လို အနုပညာသမားတွေ အများကြီး တော်လှန်ရေးကို အောင်ကိုအောင်ရမယ်ဆိုပြီး ရောင်နီလာတဲ့လမ်းကို မရောက်မချင်း ဆက်လျှောက်နေတဲ့သူတွေ ရှိနေလို့လည်း အားတက်ရပါတယ်။ အောင်ပွဲဟာ တကယ်ကို ရရှိမယ်ဆိုတာကိုလည်း ယုံကြည်ပါတယ်။ ကိုပေါက်ရဲ့ ရုပ်ရှင် သိပ်ကောင်းပါတယ်။

ကျွန်မတို့ အားလုံး ကိုပေါက်မျှော်မှန်းတဲ့၊ ကျွန်မတို့အားလုံး မျှော်မှန်းနေတဲ့ ရောင်နီသာတဲ့နေ့ကို ရောက်တော့မှာပါ…

ခင်ဌေးကြူ
ဆစ်ဒနီ၊ ဩစကြေးလျား
၀၇−၀၃−၂၃

(ရုပ်ရှင်ပြီးပြီးချင်း တင်ချင်ပေမဲ့ တစ်နေ့က ရုပ်ရှင်ကြည့်ပြီး အလုပ်သွားတယ်၊ ပြန်ရောက်တော့ အိပ်တယ်၊ အိပ်ရာထတာနဲ့ အလုပ်ပြန်သွားတယ် ရေးဖို့အချိန် မရခဲ့ဘူး။ ဒီနေ့တော့ အလုပ်ကို နည်းနည်းနောက်ကျမှ သွားလည်းရလို့ ဒီနေ့မှ ရေးတင်လိုက်ရတယ်)

Zawgyi(version)

ဒါဖတ္ၿပီးမွ
“ေရာင္နီလာရာလမ္း”ကို ၾကည့္ပါ

ကိုေပါက္ရဲ႕
“ေရာင္နီလာရာလမ္း”ကို ခံစားမိပုံ

ကြၽန္မက စာအုပ္ဆိုရင္ ရိုးရိုး ဝတၱဳဇာတ္လမ္း Fiction story, ေတြထက္ ျဖစ္ရပ္မွန္ ဘဝမွတ္တမ္းNon-Fiction ေတြ၊ အထၳဳပၸတၱိေတြကို ပိုၿပီးႏွစ္ၿခိဳက္သလို ႐ုပ္ရွင္ဆိုလည္း ရိုးရိုး႐ုပ္ရွင္ထက္ Documentary ကိုပိုၿပီး ႏွစ္သက္တဲ့အရင္းခံ ရွိၿပီးသားသူပါ။

ကိုေပါက္ရဲ႕
ေရာင္နီလာရာလမ္းက ႏြေဦးေတာ္လွန္ေရးအေၾကာင္း
ျဖစ္ရပ္မွန္ ဇာတ္ကား ျဖစ္တာကတေၾကာင္း ရိုက္ျပထားတဲ့ ရိုက္ကြက္ေတြက ေကာင္းၿပီး အဲဒီရိုက္ကြင္းေနရာတခ်ိဳ႕က တခ်ိန္က မိမိကိုယ္တိုင္ ျဖတ္သန္းဖူးတဲ့ေနရာေတြ ျဖစ္ေနတာကတေၾကာင္း အဲဒီအေၾကာင္းေတြေၾကာင့္ ကိုေပါက္ရဲ႕ ေရာင္နီလာရာလမ္းက ကြၽန္မကို တျခားျဖစ္ရပ္မွန္ မွတ္တမ္းေတြကို ၾကည့္ရတာထက္ ပိုတဲ့ရသကို ေပးပါတယ္။

ေရာင္နီလာရာလမ္းက ကိုေပါက္ရဲ႕ ဘဝမွတ္တမ္း Documentary ဆိုေပမဲ့ ကိုေပါက္တစ္ဦးတည္းကို ကိုယ္စားျပဳထားတဲ့ မွတ္တမ္းပုံစံထက္ ႏြေဦးေတာ္လွန္ေရးရဲ႕ ပုံရိပ္တစ္ခု အျဖစ္ နားလည္ခံစားရပါတယ္။

ဒီ႐ုပ္ရွင္ကို ၾကည့္ရတာ
႐ုပ္ရွင္ထဲမွာ ပါတဲ့သူေတြနဲ႕အတူ သူတို႔ေပ်ာ္ရင္ ကြၽန္မလိုက္ေပ်ာ္ေနတယ္၊ သူတို႔မလုံမၿခဳံ ခံစားရရင္ ကြၽန္မလည္း လိုက္ခံစားရတယ္။၊

စစ္သင္တန္း တက္ေနတာကို ျမင္ေတာ့ ဟို လြန္ခဲ့တဲ့ အႏွစ္ ၃၀ ေက်ာ္က ကြၽန္မတို႔ တက္ခဲ့တဲ့ စစ္သင္တန္းဆီကို ကြၽန္မျပန္ေရာက္သြားျပန္တယ္။

႐ုပ္ရွင္ၾကာခ်ိန္ ႏွစ္နာရီနီးပါးမွာ
ကြၽန္မစိတ္ေတြက တက္လိုက္က်လိဳက္ လြမ္းလိုက္ေဆြးလိုက္ စိတ္အားျပန္ထက္သန္လိုက္နဲ႕ ခုန္ေပါက္ေျပးလႊားေနတယ္။

တခ်ိန္လုံး ပုန္းလ်ိဳးကြယ္လွ်ိုးေနလာရာကေန လြတ္ေျမာက္နယ္ေျမကို ထြက္လာၿပီး ေနာက္ပိုင္းမွာ ေရာက္ၿပီဆိုၿပီး စိတ္ေပါ့ပါးသြက္လက္သြားတဲ့ ကိုေပါက္ရဲ႕ ပုံကိုၾကည့္ၿပီး ကြၽန္မလည္း အသက္ကို ဝဝရႉလိုက္မိၿပီး ေလးေနတဲ့စိတ္ေတြ ၾကည္လင္ေပါ့ပါး သြက္လက္သြားသလို ခံစားရတယ္။

ဒါေပမဲ့ မၾကာလိုက္ဘူး သံလြင္ျမစ္ႀကီးကို ဘြားကနဲ ေတြ႕လိုက္ရေတာ့ ဘဝေဟာင္းကို ျပန္ေရာက္သြားသလို ျဖစ္သြားျပန္တယ္။

နီက်င္က်င္ သံလြင္ျမစ္ေရရဲ႕ အေရာင္နဲ႕ ေရစီးသန္သန္နဲ႕ စီးဆင္းေနပုံက ဟိုလြန္ခဲ့တဲ့ အႏွစ္အစိတ္သုံးဆယ္ခန႔္က အတိုင္းပဲ၊ ျမစ္ထဲမွာ ေျပးဆြဲေနတဲ့ စက္ေလွကေလးေတြကစ၊ ျမစ္ရိုးတေလွ်ာက္စိမ္းစိုတဲ့ ရႈခင္းေတြနဲ႕ ေတာင္စြယ္ေတာင္ကုန္းေတြကအစ အားလုံးအားလုံးက ဟိုတုန္းကအတိုင္းပါပဲ၊ စစ္သင္တန္းမွာ ရဲေဘာ္ေတြ စစ္ေရးေလ့က်င့္ေနပုံကလည္း အတူတူပဲ။ (စစ္ယူနီေဖါင္းပိုသားနားၿပီး ဟင္းပိုေကာင္းတာေတာ့ ကြာတယ္)

ၾကည့္ရင္းနဲ႕ စက္ဝန္းထဲကေန ၾကယ္ျဖဴဆီကို ႐ုန္းထြက္ဟန္ ျပေနတဲ့ ခြပ္ေဒါင္းတံဆိပ္နဲ႕ အလံကို ခန္းမတစ္ခုမွာ တင္ထားတာ ေတြ႕လိုက္ရေတာ့ ကိုေပါက္ရိုက္တဲ့အထဲမွာ ABSDF စခန္းတစ္ခုလည္းပါေနတာ့ပဲလို႔ သတိထားမိတယ္။

အသိထဲက အဖိုးႀကီးအဖြားႀကီး တစ္ေယာက္ေယာက္မ်ား ေတြ႕ေလမလား ဆိုတဲ့အေတြးနဲ႕ ရွာၾကည့္ေနခ်ိန္မွာပဲ ရိုက္ကြက္က တျခားတစ္ကြက္ကို ေျပာင္းသြားလို႔ လူေတြကို သဲသဲကြဲကြဲ မေတြ႕လိုက္ဘူး။

ဘာပဲျဖစ္ျဖစ္ ႏြေဦးေတာ္လွန္ေရးကို ကိုယ္စားျပဳတဲ့ Documentary ကားထဲမွာ
ABSDF ကို မ်ိဳးဆက္သစ္ေတြနဲ႕အတူ ေတြ႕ရေတာ့ ဝမ္းသာတယ္။

ဒီႏြေဦးေတာ္လွန္ေရးက ၈၈ တုန္းကထက္ ပါဝင္တဲ့လူဦးေရလည္းမ်ားတယ္၊ ျပည္တြင္းျပည္ပ လူထုရဲ႕ အေထာက္အပံ့လည္းကိုလည္းရတယ္၊ လက္နက္ကိုင္ ေတာ္လွန္ေရးထဲကို ေရာက္လာတဲ့ လူထု လူတန္းစားကလည္း ပိုစုံတယ္။

ဒါေၾကာင့္မို႔ ႏြေဦးေတာ္လွန္ေရးက ေအာင္ကိုေအာင္မွာျဖစ္တယ္။ ၈၈ တုန္းက နိုင္ငံေက်ာ္ အခုပညာရွင္ဆိုလို႔ ထူးအိမ္သင္နဲ႕ ကိုမြန္းေအာင္ ႏွစ္ေယာက္ပဲ ေတာထဲအထိ ပါလာခဲ့တယ္။

အခုႏြေဦးေတာ္လွန္ေရးမွာက်ေတာ့ လူထုေထာက္ခံမႈ အျပည့္အဝ ရထားတဲ့ နိုင္ငံေက်ာ္ အႏုပညာရွင္ေတြ အမ်ားႀကီးပါလာၿပီး ျပည္ပေရာက္လာတဲ့ အႏုပညာရွင္ေတြကလည္း နိုင္တဲ့ဘက္က ဆက္လက္ၿပီးေတာ့ ေတာ္လွန္ေရးအတြက္ ျပန္ေထာက္ပံ့ေနၾကေတာ့ အခုေတာ္လွန္ေရးက ဟိုတုန္းက ေတာ္လွန္ေရးနဲ႕ ဘာမွႏွိုင္းယွဥ္လို႔ မရပါဘူး။

ကိုေပါက္ရဲ႕
“ေရာင္နီလာရာလမ္း”မွာ ကြၽန္မ မ်က္ရည္က်ရတဲ့အခန္း ႏွစ္ခန္းပါတယ္။
တစ္ခန္းက ကိုေပါက္ သူ႕သားေတြကို လြမ္းတဲ့အခန္းနဲ႕
ေနာက္ တစ္ခန္းကေတာ့ အကယ္ဒမီ ႐ုပ္ရွင္မင္းသား မင္းေမာ္ကြန္း ငိုတဲ့အခန္းပဲ။
အဲဒါ သ႐ုပ္ေဆာင္ၿပီး ငိုတာ မဟုတ္ဘူးေနာ္။ ေအာ္စီ ထြက္လာခါနီး က်န္တဲ့သူေတြနဲံ ခြဲခါရတာကို ဝမ္းနည္းလို႔ တကယ္ငိုတဲ့အခန္းပါ။ ကြၽန္မ သူနဲ႕အတူ လိုက္ငိုမိတယ္။

မင္းေမာ္ကြန္း ထြက္ခါနီး ႏႈတ္ဆက္ပြဲမွာ ဂီတတီးၿပီး ကိုေပါက္ ဆိုေနတဲ့သီခ်င္းကလည္း ခုေခတ္သီခ်င္းမဟုတ္ဘူး၊
၈၈ က ေခတ္စားေနတဲ့ အဆိုေတာ္ခင္ဝမ္းရဲ႕
“ႏႈတ္ဆက္ခဲ့ပါတယ္ က်ေနာ္ သြားေတာ့မယ္ လွိုင္းရဲ႕သယ္ေဆာင္ရာ ဟို အေဝးကို” ဆိုတဲ့စာသားပါတဲ့ သီခ်င္းပါ။ မင္းေမာ္ကြန္း သ႐ုပ္ေဆာင္ထားတဲ့ ဘဝနာတဲ့ ဇာတ္ကား၊ ဝမ္းနည္းစရာ အလြမ္းအေဆြး ဇာတ္ကားေတြမွာ သူငိုတဲ့ ငိုခန္းေတြ အမ်ားႀကီးကို ၾကည့္ဖူးတယ္ ဒါေမပဲ့ ကြၽန္မ တစ္ခါမွ မ်က္ရည္မက်ဘဴး၊ ဒီမွတ္တမ္း႐ုပ္ရွင္ထဲမွာေတာ့ ကြၽန္မ သူနဲ႕အတူ ငိုမိတယ္။ တကယ္ငိုတာနဲ႕ သ႐ုပ္ေဆာင္ၿပီးငိုတာ မတူပါဘူး။

အလြမ္းအေဆြးပါတဲ့ စာအုပ္ေတြ ႐ုပ္ရွင္ေတြကို ကြၽန္မ မ်က္ရည္မက်တတ္ေပမဲ့ ကိုေပါက္ရဲ႕
ေရာင္နီလာရာလမ္းကို ၾကည့္ၿပီး မ်က္ရည္လည္းက်တယ္။ အားလည္း တက္ရတယ္။

အခုခ်ိန္မွာ နယ္စပ္က တိုင္းရင္းသား ေတာ္လွန္ရးသမားေတြနဲ႕ ျပည္မက ဗမာေတာ္လွန္ေရးသမားေတြ ေတာ္လွန္ေရးအေပၚ ခံယူခ်က္ တူသြားၿပီ။ ကိုေပါက္လို အႏုပညာသမားေတြ အမ်ားႀကီး ေတာ္လွန္ေရးကို ေအာင္ကိုေအာင္ရမယ္ဆိုၿပီး ေရာင္နီလာတဲ့လမ္းကို မေရာက္မခ်င္း ဆက္ေလွ်ာက္ေနတဲ့သူေတြ ရွိေနလို႔လည္း အားတက္ရပါတယ္။ ေအာင္ပြဲဟာ တကယ္ကို ရရွိမယ္ဆိုတာကိုလည္း ယုံၾကည္ပါတယ္။ ကိုေပါက္ရဲ႕ ႐ုပ္ရွင္ သိပ္ေကာင္းပါတယ္။

ကြၽန္မတို႔ အားလုံး ကိုေပါက္ေမွ်ာ္မွန္းတဲ့၊ ကြၽန္မတို႔အားလုံး ေမွ်ာ္မွန္းေနတဲ့ ေရာင္နီသာတဲ့ေန႕ကို ေရာက္ေတာ့မွာပါ…

ခင္ေဌးၾကဴ
ဆစ္ဒနီ၊ ဩစေၾကးလ်ား
၀၇၀၃၂၃

(႐ုပ္ရွင္ၿပီးၿပီးခ်င္း တင္ခ်င္ေပမဲ့ တစ္ေန႕က ႐ုပ္ရွင္ၾကည့္ၿပီး အလုပ္သြားတယ္၊ ျပန္ေရာက္ေတာ့ အိပ္တယ္၊ အိပ္ရာထတာနဲ႕ အလုပ္ျပန္သြားတယ္ ေရးဖို႔အခ်ိန္ မရခဲ့ဘူး။ ဒီေန႕ေတာ့ အလုပ္ကို နည္းနည္းေနာက္က်မွ သြားလည္းရလို႔ ဒီေန႕မွ ေရးတင္လိုက္ရတယ္)