ဒေါ်လာသန်း(၂၀၀)ထုတ်ချေးမည့်ဟုထုတ်ပြန်အပြီး ရွှေဒင်္ဂါးများကိုပါ ထပ်မံထုတ်ရောင်းပေးမည်ဟုထုတ်ပြန်

ဒေါ်လာသန်း(၂၀၀)ထုတ်ချေးမည့်ဟုထုတ်ပြန်အပြီး ရွှေဒင်္ဂါးများကိုပါ ထပ်မံထုတ်ရောင်းပေးမည်ဟုထုတ်ပြန်

ပြည်တွင်းဈေးကွက်အတွင်းရွှေဈေးကျပ်သိန်း၃၀ ကျော်လာချိန်ရွှေဒင်္ဂါးပြားတွေရောင်းချပေးမယ်လို့ စစ်ကောင်စီရဲ့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကတစ်ကျပ်သား ငါးမူးသားနဲ့တစ်မတ်သား ရွှေဒင်္ဂါးပြားတွေကို လွတ်လပ်စွာရောင်းချပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့စက်တင်ဘာ၁ရက် ည၈နာရီ MRTVသတင်းမှာ ကြေညာသွားပါတယ်။

ရွှေဒင်္ဂါးပြားတွေကို ရောင်းချမည့် ဈေးနှုန်း ၊ နေရာနဲ့ ဘယ်အချိန်ဘယ်လိုပုံစံမျိုးနဲ့ ရောင်းချပေးမယ် ဆိုတာကိုထုတ်ပြန်ထားခြင်းမရှိပါဘူး။‌ဒီလိုရောင်းချပေးမည့်သတင်းကြောင့် ရွှေ​စျေး ၂,၈၀၀,၀၀၀ အထိဆင်းမည်ဟုကုန်သည်များခန့်မှန်းထားသည်။

ရွှေ ၂,၈၀၀,၀၀၀ ဖြစ်လျှင် ငွေစျေး ၃၁၀၀ ဟုခန့်မှန်းထားကြပြီး ဗဟိုဘဏ်က ထပ်တိုးအစီအမံများကြေညာလာပါက ငွေစျေး ၃၀၀၀ အောက်ရောက်မည်ဟုခန့်မှန်းထားသည်ဟုကုန်သည်အသိုင်းဝိုင်းမှသိရသည်။ကန်‌ဒေါ်လာ သန်း ၂၀၀ ကျော်ကို ဈေးကွက်အတွင်းလည်ပတ်ငွေအဖြစ်အသုံးပြုနိုင်ရန်ထုတ်ချေးပေးမည်ဟုဩဂုတ်လ (၃၁) ရက် ညပိုင်းကဗဟိုဘဏ်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ထုတ်ပြန်ခဲ့ပြီးနောက်တစ်ရက်အတွင်း စက်တင် ဘာလ(၁) ရက်တွင် နံနက်ပိုင်းအဖွင့်ဈေးအနေဖြင့် ၄၀၀၀ ကျပ်ဖြင့်ဈေးဖွင့်ကာအရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း ညနေပိုင်းတွင် ၃၅၀၀ ကျပ်အထိထပ်မံ ကျဆင်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေ ဈေးကွက်အတွင်း၌ ဒေါ်လာလိုအပ်ချက် မြင့်မားနေမှုကို အခွင့်ကောင်းယူကာ ဈေးကစားမှုများကြောင့် ရက်ပိုင်းအတွင်း ဈေးအဆမတန်မြင့်တက်ခဲ့မှုကို ထိန်းချုပ်သည့် အနေဖြင့် ဗဟိုဘဏ်က စက်သုံးဆီ နှင့်စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို AD ဘဏ်များမှတဆင့် ဒေါ်လာ ထုတ်ချေးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိတွင် စက်သုံးဆီကုမ္ပဏီများမှ နိုင်ငံခြားငွေလို အပ်ချက်မှာ အများဆုံးဖြစ်သဖြင့် ယင်းကဏ္ဍကို ပံ့ပိုးပေးခြင်းဖြင့် နိုင်ငံခြားငွေဈေးကွက်တွင်ဝယ်လိုအားလျော့နည်းသွားနိုင်ပြီး ဈေးကွက်သဘောတရားအရဝယ်လိုအား လျော့နည်းပါက ငွေလဲလှယ်နှုန်း မြင့်တက်ခြင်းကို ထိန်းသိမ်းနိုင်မည်ဟု ခန့်မှန်းပါတယ်” ဟု၎င်းကဆိုသည်။

လက်ရှိတွင်ဗဟိုဘဏ်၏ဒေါ်လာငွေလဲနှုန်းရည်ညွှန်းဈေးမှာ ၂၁၀၀ ကျပ်သတ်မှတ်ကာအဆိုပါ ဈေးနှုန်းနှင့် ၃ ရာခိုင်နှုန်းသာကွာဟရောင်းဝယ်ရန် ညွှန်ကြားထားသော်လည်း ပြင်ပဈေးကွက် ပေါက်ဈေးနှင့် ၁၄၀၀ ကျပ်ကွာဟနေဆဲဖြစ်သည်။

လက်ရှိ ပြည်တွင်းက‌ ရွှေဈေးကွက်အတွင်းမှာတော့ စက်တင်ဘာ ၂ ရက်နေ့မှာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကထုတ်ပြန်တဲ့အခေါက်ရွှေကြမ်းခင်းစျေး ရည်ညွှန်းစျေးကတော့ တစ်ကျပ်သားကို ၁၉၉၆၀၀၀ ကျပ် ဖြင့်စျေးဖွင့်ထားပါတယ်။ပြင်ပပေါက်စျေးမှာတော့ တစ်ကျပ်သားကို (၂၇၅၀၀၀၀) သိန်းနှင့်စျေးဖွင့်တယ်ဟုသိရပါတယ်။

Zawgyi(version)

ေဒၚလာသန္း(၂၀၀)ထုတ္ေခ်းမည့္ဟုထုတ္ျပန္အၿပီး ေ႐ႊဒဂၤါးမ်ားကိုပါ ထပ္မံထုတ္ေရာင္းေပးမည္ဟုထုတ္ျပန္

ျပည္တြင္းေဈးကြက္အတြင္းေ႐ႊေဈးက်ပ္သိန္း၃၀ ေက်ာ္လာခ်ိန္ေ႐ႊဒဂၤါးျပားေတြေရာင္းခ်ေပးမယ္လို႔ စစ္ေကာင္စီရဲ႕သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနကထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနကတစ္က်ပ္သား ငါးမူးသားနဲ႕တစ္မတ္သား ေ႐ႊဒဂၤါးျပားေတြကို လြတ္လပ္စြာေရာင္းခ်ေပးနိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ေနတယ္လို႔စက္တင္ဘာ၁ရက္ ည၈နာရီ MRTVသတင္းမွာ ေၾကညာသြားပါတယ္။

ေ႐ႊဒဂၤါးျပားေတြကို ေရာင္းခ်မည့္ ေဈးႏႈန္း ၊ ေနရာနဲ႕ ဘယ္အခ်ိန္ဘယ္လိုပုံစံမ်ိဳးနဲ႕ ေရာင္းခ်ေပးမယ္ ဆိုတာကိုထုတ္ျပန္ထားျခင္းမရွိပါဘူး။ဒီလိုေရာင္းခ်ေပးမည့္သတင္းေၾကာင့္ ေ႐ႊေစ်း ၂,၈၀၀,၀၀၀ အထိဆင္းမည္ဟုကုန္သည္မ်ားခန့္မွန္းထားသည္။

ေ႐ႊ ၂,၈၀၀,၀၀၀ ျဖစ္လွ်င္ ေငြေစ်း ၃၁၀၀ ဟုခန့္မွန္းထားၾကၿပီး ဗဟိုဘဏ္က ထပ္တိုးအစီအမံမ်ားေၾကညာလာပါက ေငြေစ်း ၃၀၀၀ ေအာက္ေရာက္မည္ဟုခန့္မွန္းထားသည္ဟုကုန္သည္အသိုင္းဝိုင္းမွသိရသည္။ကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္ကို ေဈးကြက္အတြင္းလည္ပတ္ေငြအျဖစ္အသုံးျပဳနိုင္ရန္ထုတ္ေခ်းေပးမည္ဟုဩဂုတ္လ (၃၁) ရက္ ညပိုင္းကဗဟိုဘဏ္ကထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ယင္းသို႔ထုတ္ျပန္ခဲ့ၿပီးေနာက္တစ္ရက္အတြင္း စက္တင္ ဘာလ(၁) ရက္တြင္ နံနက္ပိုင္းအဖြင့္ေဈးအေနျဖင့္ ၄၀၀၀ က်ပ္ျဖင့္ေဈးဖြင့္ကာအေရာင္းအဝယ္ျပဳလုပ္ခဲ့ေသာ္လည္း ညေနပိုင္းတြင္ ၃၅၀၀ က်ပ္အထိထပ္မံ က်ဆင္းခဲ့ျခင္းျဖစ္သည္။

နိုင္ငံျခားေငြ ေဈးကြက္အတြင္း၌ ေဒၚလာလိုအပ္ခ်က္ ျမင့္မားေနမႈကို အခြင့္ေကာင္းယူကာ ေဈးကစားမႈမ်ားေၾကာင့္ ရက္ပိုင္းအတြင္း ေဈးအဆမတန္ျမင့္တက္ခဲ့မႈကို ထိန္းခ်ဳပ္သည့္ အေနျဖင့္ ဗဟိုဘဏ္က စက္သုံးဆီ ႏွင့္စားသုံးဆီတင္သြင္းသည့္ ကုမၸဏီမ်ားကို AD ဘဏ္မ်ားမွတဆင့္ ေဒၚလာ ထုတ္ေခ်းရန္ ျပင္ဆင္ခဲ့ျခင္းျဖစ္သည္။

လက္ရွိတြင္ စက္သုံးဆီကုမၸဏီမ်ားမွ နိုင္ငံျခားေငြလို အပ္ခ်က္မွာ အမ်ားဆုံးျဖစ္သျဖင့္ ယင္းက႑ကို ပံ့ပိုးေပးျခင္းျဖင့္ နိုင္ငံျခားေငြေဈးကြက္တြင္ဝယ္လိုအားေလ်ာ့နည္းသြားနိုင္ၿပီး ေဈးကြက္သေဘာတရားအရဝယ္လိုအား ေလ်ာ့နည္းပါက ေငြလဲလွယ္ႏႈန္း ျမင့္တက္ျခင္းကို ထိန္းသိမ္းနိုင္မည္ဟု ခန႔္မွန္းပါတယ္ ဟု၎ကဆိုသည္။

လက္ရွိတြင္ဗဟိုဘဏ္၏ေဒၚလာေငြလဲႏႈန္းရည္ၫႊန္းေဈးမွာ ၂၁၀၀ က်ပ္သတ္မွတ္ကာအဆိုပါ ေဈးႏႈန္းႏွင့္ ၃ ရာခိုင္ႏႈန္းသာကြာဟေရာင္းဝယ္ရန္ ၫႊန္ၾကားထားေသာ္လည္း ျပင္ပေဈးကြက္ ေပါက္ေဈးႏွင့္ ၁၄၀၀ က်ပ္ကြာဟေနဆဲျဖစ္သည္။

လက္ရွိ ျပည္တြင္းက ေ႐ႊေဈးကြက္အတြင္းမွာေတာ့ စက္တင္ဘာ ၂ ရက္ေန႕မွာရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းကထုတ္ျပန္တဲ့အေခါက္ေ႐ႊၾကမ္းခင္းေစ်း ရည္ၫႊန္းေစ်းကေတာ့ တစ္က်ပ္သားကို ၁၉၉၆၀၀၀ က်ပ္ ျဖင့္ေစ်းဖြင့္ထားပါတယ္။ျပင္ပေပါက္ေစ်းမွာေတာ့ တစ္က်ပ္သားကို (၂၇၅၀၀၀၀) သိန္းႏွင့္ေစ်းဖြင့္တယ္ဟုသိရပါတယ္။