မြင်းခြံတွင် စစ်ကောင်စီခန့်အုပ်ကြီး ပစ်ခတ်ခံရပြီးနောက် အုပ်ကြီးဆွေမျိုးသားချင်းများကို စစ်ကောင်စီတပ် ဖမ်းဆီးသွား
စန္ဒီ/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကုန်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူး ဆွေမျိုးသားချင်းများပါမချန် ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
သြဂုတ် ၃၁ ရက် ညက မြင်းခြံမြို့နယ်၊ ကျောက်ကုန်းရွာ၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့၍ သေဆုံးသွားခဲ့သည်။
ထိုနောက် ယမန်နေ့( စက်တင်ဘာလ၁ရက်)တွင် ကျောက်ကုန်းရွာရှိ ပြည်သူ ငါးဦးကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ငါးဦးမှာ အုပ်ချုပ်ရေးမှူး၏ တူတော်စပ်သူများဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
ထို့အပြင် သြဂုတ် ၃၁ရက်နှင့် စက်တင်ဘာ ၁ ရက်တွင် စစ်ကောင်စီတပ်က မြင်းခြံမြို့နယ်အတွင်းရှိ ကျောက်ကုန်းရွာအပါအဝင် ပျား၊ စံပြ၊ မီးပေါက် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၂၆ဦးထက်မနည်း ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဖမ်းဆီးခံရတဲ့ထဲမှာ မီးပေါက်အုပ်စုက NLD ရပ်ကျေးဥက္ကဌဦးလှမြင့်ပါဝင်ပြီး ပျားရွာက အမျိုးသမီးနှစ်ဦးပါဝင်ခဲ့ပါတယ်။ အများစုက ပန်းရံလုပ်ကိုင်သူများဖြစ်တယ်လို့ သိရတယ် “ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
မြင်းခြံမြို့သည် မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်မှု အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး မိုဘိုင်းအင်တာနက်များပါ ဖြတ်တောက်ခြင်းခံထားရသည်။
Zawgyi(version)
ျမင္းၿခံတြင္ စစ္ေကာင္စီခန့္အုပ္ႀကီး ပစ္ခတ္ခံရၿပီးေနာက္ အုပ္ႀကီးေဆြမ်ိဳးသားခ်င္းမ်ားကို စစ္ေကာင္စီတပ္ ဖမ္းဆီးသြား
စႏၵီ/People’s Spring
မႏၱေလးတိုင္း၊ ျမင္းၿခံၿမိဳ႕နယ္၊ ေက်ာက္ကုန္းေက်း႐ြာ စစ္ေကာင္စီခန့္အုပ္ခ်ဳပ္ေရးမႉး ပစ္ခတ္ခံရ၍ ေသဆုံးၿပီးေနာက္ စစ္ေကာင္စီတပ္က အုပ္ခ်ဳပ္ေရးမႉး ေဆြမ်ိဳးသားခ်င္းမ်ားပါမခ်န္ ဖမ္းဆီးသြားေၾကာင္း ေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။
ၾသဂုတ္ ၃၁ ရက္ ညက ျမင္းၿခံၿမိဳ႕နယ္၊ ေက်ာက္ကုန္း႐ြာ၏ စစ္ေကာင္စီခန့္ အုပ္ခ်ဳပ္ေရးမႉးအား အဖြဲ႕တစ္ခုက လာေရာက္ပစ္ခတ္ခဲ့၍ ေသဆုံးသြားခဲ့သည္။
ထိုေနာက္ ယမန္ေန႕( စက္တင္ဘာလ၁ရက္)တြင္ ေက်ာက္ကုန္း႐ြာရွိ ျပည္သူ ငါးဦးကို စစ္ေကာင္စီတပ္က လာေရာက္ဖမ္းဆီးခဲ့ၿပီး ၎တို႔ ငါးဦးမွာ အုပ္ခ်ဳပ္ေရးမႉး၏ တူေတာ္စပ္သူမ်ားျဖစ္ေၾကာင္း ျမင္းၿခံလူထုလႈပ္ရွားမႈေကာ္မတီက အသိေပးသည္။
ထို႔အျပင္ ၾသဂုတ္ ၃၁ရက္ႏွင့္ စက္တင္ဘာ ၁ ရက္တြင္ စစ္ေကာင္စီတပ္က ျမင္းၿခံၿမိဳ႕နယ္အတြင္းရွိ ေက်ာက္ကုန္း႐ြာအပါအဝင္ ပ်ား၊ စံျပ၊ မီးေပါက္ စသည့္ေက်း႐ြာမ်ားမွ ေဒသခံျပည္သူ ၂၆ဦးထက္မနည္း ဖမ္းဆီးသြားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာသည္။
“ဖမ္းဆီးခံရတဲ့ထဲမွာ မီးေပါက္အုပ္စုက NLD ရပ္ေက်းဥကၠဌဦးလွျမင့္ပါဝင္ၿပီး ပ်ား႐ြာက အမ်ိဳးသမီးႏွစ္ဦးပါဝင္ခဲ့ပါတယ္။ အမ်ားစုက ပန္းရံလုပ္ကိုင္သူမ်ားျဖစ္တယ္လို႔ သိရတယ္ “ဟု ျမင္းၿခံလူထုလႈပ္ရွားမႈေကာ္မတီက အသိေပးသည္။
ျမင္းၿခံၿမိဳ႕သည္ မႏၱေလးတိုင္းအတြင္း စစ္အာဏာရွင္ဆန့္က်င္မႈ အားေကာင္းရာ ေဒသတစ္ခုျဖစ္ၿပီး မိုဘိုင္းအင္တာနက္မ်ားပါ ျဖတ္ေတာက္ျခင္းခံထားရသည္။