ရဲဘော်တွေလွတ်မြောက်ဖို့ စစ်ကောင်စီတပ်ကို ခံပစ်ရင်း အသက် ၂၀ အရွယ် PDF ၁ ဦးကျဆုံး
ဆော၊ မတ် ၇၊ ၂၀၂၃။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆော-ကျောက်ထုလမ်းပိုင်းတနေရာက တိုက်ပွဲကို စစ်ကူသွားရောက်တဲ့ အသက် ၂၀ အရွယ် PDF လူငယ် ၁ ဦး မတ်လ ၆ ရက် မနေ့နေ့လည်ပိုင်းက ကျဆုံးခဲ့တယ်လို့ The Youth Force (Saw & Kyaukhtu) အဖွဲ့ဆီက သိရပါတယ်။
PDF တွေ စစ်ကူသွားရောက်ချိန် စစ်ကောင်စီတပ်တွေဘက်က ချောင်းမြောင်းပစ်ခတ်တာကြောင့် ကျဆုံးရဲဘော် ဇင်ဖြိုးလွင်က အခြားရဲဘော်တွေ လွတ်မြောက်ရေးအတွက် ခံပစ်ပေးရင်းကနေ ကျည်ထိမှန် ကျဆုံးခဲ့ရတာလို့ The Youth Force (Saw&Kyaukhtu)တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
“မနေ့က နေ့လယ် ၁ နာရီခွဲလောက်မှာ ကျနော်တို့အဖွဲ့တွေ စစ်ကူသွားတဲ့အချိန် ရန်သူ့တပ်တွေရဲ့ချောင်းပစ်တာ ခံလိုက်ရတယ်။ ကျန်တဲ့ရဲဘော်တွေ အကုန်လုံးလည်း ပိတ်မိနေတာ။ ၁ နာရီနီးပါး စစ်ကောင်စီတပ်တွေ ပစ်တာခံခဲ့ရတာ။ အဲဒီရဲဘော်က ကျန်တဲ့ရဲဘော်တွေအတွက် ခံပစ်ရင်းနဲ့ ကျဆုံးသွားတာ” လို့ ပြောပါတယ်။
ကျဆုံးရဲဘော် ဇင်ဖြိုးလွင်ရဲ့ ဈာပနကိုတော့ မနေ့ညနေပိုင်းမှာပဲ သင်္ဂြိုလ်ခဲ့တာဖြစ်ပြီး ကျဆုံးချိန်မှာ မိဘတွေကျန်ခဲ့တယ်လို့ သိရပါတယ်။
ရဲဘော် ဇင်ဖြိုးလွင် ကျဆုံးမှုဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်ကို ခုခံတော်လှန်စစ်အတွင်း The Youth Force (Saw&Kyaukhtu)အဖွဲ့ရဲ့ ပထမဆုံး ကျဆုံးမှု ဖြစ်တယ်လို့ သိရပါတယ်။
Zawgyi(version)
ရဲေဘာ္ေတြလြတ္ေျမာက္ဖို႔ စစ္ေကာင္စီတပ္ကို ခံပစ္ရင္း အသက္ ၂၀ အ႐ြယ္ PDF ၁ ဦးက်ဆဳံး
ေဆာ၊ မတ္ ၇၊ ၂၀၂၃။
မေကြးတိုင္း၊ ေဆာၿမိဳ႕နယ္၊ ေဆာ-ေက်ာက္ထုလမ္းပိုင္းတေနရာက တိုက္ပြဲကို စစ္ကူသြားေရာက္တဲ့ အသက္ ၂၀ အ႐ြယ္ PDF လူငယ္ ၁ ဦး မတ္လ ၆ ရက္ မေန႕ေန႕လည္ပိုင္းက က်ဆဳံးခဲ့တယ္လို႔ The Youth Force (Saw & Kyaukhtu) အဖြဲ႕ဆီက သိရပါတယ္။
PDF ေတြ စစ္ကူသြားေရာက္ခ်ိန္ စစ္ေကာင္စီတပ္ေတြဘက္က ေခ်ာင္းေျမာင္းပစ္ခတ္တာေၾကာင့္ က်ဆဳံးရဲေဘာ္ ဇင္ၿဖိဳးလြင္က အျခားရဲေဘာ္ေတြ လြတ္ေျမာက္ေရးအတြက္ ခံပစ္ေပးရင္းကေန က်ည္ထိမွန္ က်ဆဳံးခဲ့ရတာလို႔ The Youth Force (Saw&Kyaukhtu)တာဝန္ခံက ေျမလတ္အသံကို ေျပာပါတယ္။
မေန႕က ေန႕လယ္ ၁ နာရီခြဲေလာက္မွာ က်ေနာ္တို႔အဖြဲ႕ေတြ စစ္ကူသြားတဲ့အခ်ိန္ ရန္သူ႕တပ္ေတြရဲ႕ေခ်ာင္းပစ္တာ ခံလိုက္ရတယ္။ က်န္တဲ့ရဲေဘာ္ေတြ အကုန္လုံးလည္း ပိတ္မိေနတာ။ ၁ နာရီနီးပါး စစ္ေကာင္စီတပ္ေတြ ပစ္တာခံခဲ့ရတာ။ အဲဒီရဲေဘာ္က က်န္တဲ့ရဲေဘာ္ေတြအတြက္ ခံပစ္ရင္းနဲ႕ က်ဆဳံးသြားတာ လို႔ ေျပာပါတယ္။
က်ဆဳံးရဲေဘာ္ ဇင္ၿဖိဳးလြင္ရဲ႕ ဈာပနကိုေတာ့ မေန႕ညေနပိုင္းမွာပဲ သျဂၤိုလ္ခဲ့တာျဖစ္ၿပီး က်ဆဳံးခ်ိန္မွာ မိဘေတြက်န္ခဲ့တယ္လို႔ သိရပါတယ္။
ရဲေဘာ္ ဇင္ၿဖိဳးလြင္ က်ဆဳံးမႈဟာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ကို ခုခံေတာ္လွန္စစ္အတြင္း The Youth Force (Saw&Kyaukhtu)အဖြဲ႕ရဲ႕ ပထမဆုံး က်ဆဳံးမႈ ျဖစ္တယ္လို႔ သိရပါတယ္။