သတင်းထုတ်ပြန်ကြေငြာချက်
(31.8.2022) ရက်၊ 2:00 PM ဝန်းကျင်ခန့်တွင် ပခုက္ကူမြို့ရှောင်လမ်းအနောက်ဘက်ရှိ ရထားသံလမ်း၏ တောင်ဘက်ခြမ်းတွင် ပြုလုပ်နေသော ဂျင်လောင်းကစားဝိုင်းတစ်ခုအား ကျွန်တော်တို့ PKU N PDFနှင့် ညီနောင်မဟာမိတ်ဖြစ်သည့် Royal Defense Force အဖွဲ့တို့မှ ဝင်ရောက်စီးနင်းခဲ့ပါသည်။
၎င်းဂျင်ဝိုင်းမှ သိမ်းဆည်းရမိသည့် လောင်းကစားငွေသားတချို့နှင့် ဖုန်း(၆)လုံးကို သိမ်းဆည်းရမိခဲ့ပြီး ဂျင်ဘက်ဒိုင် ဒေါ်အိဖြူ၊ ဂျင်လှည့်ဒိုင် ဦးတင်ထွန်းနှင့် ဂျင်ထိုးသား ဦးထွန်းထွန်း တို့(၃)ဦးမှာ စကစအား ဂျင်ဝိုင်းများထောင်ကာ ထောက်ပံ့ပေးနေသည်ဟု သတင်းအတိအကျရရှိသဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့ပါသည်။
သတင်းရရှိမှုနှင့် စစ်ဆေးမေးမြန်ချက်များအရ ဂျင်ဘက်ဒိုင် ဒေါ်အိဖြူသည် စစ်အစိုးရ ရဲစခန်းအား ဂျင်ဝိုင်းများပြုလုပ်ရန်အတွက် တစ်နေ့လျှင် ငွေကျပ် (၁၅၀,၀၀၀) နှင့် (၂၀၀,၀၀၀) အကြားနေ့စဥ် ပေးဆောင်၍ တစ်လလျှင် သိန်း (၅၀)နှင့် (၆၀)အကြား ပေးဆောင်ကာ ဂျင်လောင်းကစားဝိုင်းများပြုလုပ်နေသည်ဟု သိရှိရပါသည်။ ရခများနှင့်ပေါင်း၍ နေ့စဥ်ငွေပေးဆောင်ကာ ရခများနှင့် အတူ ဂျင်လောင်းကစားပြုလုပ်သည်ဟု သိရှိရပါသည်။
အလားတူ ဂျင်လှည့်ဒိုင် ဦးတင်ထွန်းသည်လည်း ဂျင်လောင်းကစားဝိုင်းတွင် (စကစ)အား ငွေပေးဆောင်ကာ ဂျင်ဝိုင်းများအား လှည့်လည်၍ ဂျင်လှည့်ဒိုင်ပြုလုပ်နေသည်ကို သိရှိရပါသည်။
(စကစ)အား တစ်ဖက်တစ်လမ်းမှထောက်ပံ့နေသော ဂျင်ဘက်ဒိုင် ဒေါ်အိဖြူနှင့် ဂျင်လှည့်ဒိုင် ဦးတင်ထွန်း တို့နှစ်ဦးအား ပထမဆုံးနှင့် နောက်ဆုံးအကြိမ် သတိပေးလိုက်ခြင်းအနေဖြင့် ထိုက်သင့်သော ဒဏ်ငွေရိုက်၍ (1.9.2022) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပါသည်။
ဂျင်ထိုးသား ဦးထွန်းထွန်း အား ဆက်လက်စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်းထားဆဲဖြစ်ပါသည်။
၎င်းဂျင်ဝိုင်းမှ သိမ်းဆည်းရမိသည့်ငွေနှင့် ဒဏ်ရိုက်၍ရရှိသောငွေများအား တော်လှန်ရေးရန်ပုံငွေအဖြစ် လက်နက် ခဲယမ်းများ ဝယ်ယူရန်အတွက် အသုံးပြုသွားပါမည်။
ပခုက္ကူမြို့ပေါ်နှင့် မြို့အနောက်ဘက်ရှိ ကျွန်းညိုကြီးရွာနှင့် ရွှေပေးရွာတွင် ဂျင်လောင်းကစားဝိုင်း(၇)ဝိုင်း ရှိသည်ဟု သိရှိရပါသည်။ ထိုအလောင်းကစားဝိုင်းများ၏ တည်နေရာ၊ ဂျင်ဘက်ဒိုင်နှင့် ဂျင်လှည့်ဒိုင်များအား စာရင်းအတိအကျရရှိထားပြီးဖြစ်ပါသည်။
ယနေ့စာထုတ်ပြန်သည့်နေ့မှစ၍ ထိုလောင်းကစားဝိုင်းများ ရပ်တန်းကရပ်ပါရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။ လိုက်နာမှုမရှိပါက (စကစ)အား တစ်ဖက်တလမ်းမှ ပံ့ပိုးကူညီပေးနေသော ၎င်းဂျင်လောင်းကစားဝိုင်းများကို ညှာတာနေမည်မဟုတ်ပဲ ပစ်ခတ်ဖမ်းဆီးမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ၎င်းဂျင်လောင်းကစားဝိုင်းများနှင့် ခပ်ဝေးဝေးနေကြပါရန် လေးစားစွာ အထူးပန်ကြားအပ်ပါသည်။
PKU N PDF
အဖွဲ့သားများ
Zawgyi(version)
သတင္းထုတ္ျပန္ေၾကျငာခ်က္
(31.8.2022) ရက္၊ 2:00 PM ဝန္းက်င္ခန့္တြင္ ပခုကၠဴၿမိဳ႕ေရွာင္လမ္းအေနာက္ဘက္ရွိ ရထားသံလမ္း၏ ေတာင္ဘက္ျခမ္းတြင္ ျပဳလုပ္ေနေသာ ဂ်င္ေလာင္းကစားဝိုင္းတစ္ခုအား ကြၽန္ေတာ္တို႔ PKU N PDFႏွင့္ ညီေနာင္မဟာမိတ္ျဖစ္သည့္ Royal Defense Force အဖြဲ႕တို႔မွ ဝင္ေရာက္စီးနင္းခဲ့ပါသည္။
၎ဂ်င္ဝိုင္းမွ သိမ္းဆည္းရမိသည့္ ေလာင္းကစားေငြသားတခ်ိဳ႕ႏွင့္ ဖုန္း(၆)လုံးကို သိမ္းဆည္းရမိခဲ့ၿပီး ဂ်င္ဘက္ဒိုင္ ေဒၚအိျဖဴ၊ ဂ်င္လွည့္ဒိုင္ ဦးတင္ထြန္းႏွင့္ ဂ်င္ထိုးသား ဦးထြန္းထြန္း တို႔(၃)ဦးမွာ စကစအား ဂ်င္ဝိုင္းမ်ားေထာင္ကာ ေထာက္ပံ့ေပးေနသည္ဟု သတင္းအတိအက်ရရွိသျဖင့္ ဖမ္းဆီးေခၚေဆာင္ခဲ့ပါသည္။
သတင္းရရွိမႈႏွင့္ စစ္ေဆးေမးျမန္ခ်က္မ်ားအရ ဂ်င္ဘက္ဒိုင္ ေဒၚအိျဖဴသည္ စစ္အစိုးရ ရဲစခန္းအား ဂ်င္ဝိုင္းမ်ားျပဳလုပ္ရန္အတြက္ တစ္ေန႕လွ်င္ ေငြက်ပ္ (၁၅၀,၀၀၀) ႏွင့္ (၂၀၀,၀၀၀) အၾကားေန႕စဥ္ ေပးေဆာင္၍ တစ္လလွ်င္ သိန္း (၅၀)ႏွင့္ (၆၀)အၾကား ေပးေဆာင္ကာ ဂ်င္ေလာင္းကစားဝိုင္းမ်ားျပဳလုပ္ေနသည္ဟု သိရွိရပါသည္။ ရခမ်ားႏွင့္ေပါင္း၍ ေန႕စဥ္ေငြေပးေဆာင္ကာ ရခမ်ားႏွင့္ အတူ ဂ်င္ေလာင္းကစားျပဳလုပ္သည္ဟု သိရွိရပါသည္။
အလားတူ ဂ်င္လွည့္ဒိုင္ ဦးတင္ထြန္းသည္လည္း ဂ်င္ေလာင္းကစားဝိုင္းတြင္ (စကစ)အား ေငြေပးေဆာင္ကာ ဂ်င္ဝိုင္းမ်ားအား လွည့္လည္၍ ဂ်င္လွည့္ဒိုင္ျပဳလုပ္ေနသည္ကို သိရွိရပါသည္။
(စကစ)အား တစ္ဖက္တစ္လမ္းမွေထာက္ပံ့ေနေသာ ဂ်င္ဘက္ဒိုင္ ေဒၚအိျဖဴႏွင့္ ဂ်င္လွည့္ဒိုင္ ဦးတင္ထြန္း တို႔ႏွစ္ဦးအား ပထမဆုံးႏွင့္ ေနာက္ဆုံးအႀကိမ္ သတိေပးလိုက္ျခင္းအေနျဖင့္ ထိုက္သင့္ေသာ ဒဏ္ေငြရိုက္၍ (1.9.2022) ရက္ေန႕တြင္ ျပန္လႊတ္ေပးခဲ့ပါသည္။
ဂ်င္ထိုးသား ဦးထြန္းထြန္း အား ဆက္လက္စစ္ေဆးေမးျမန္းရန္အတြက္ ထိန္းသိမ္းထားဆဲျဖစ္ပါသည္။
၎ဂ်င္ဝိုင္းမွ သိမ္းဆည္းရမိသည့္ေငြႏွင့္ ဒဏ္ရိုက္၍ရရွိေသာေငြမ်ားအား ေတာ္လွန္ေရးရန္ပုံေငြအျဖစ္ လက္နက္ ခဲယမ္းမ်ား ဝယ္ယူရန္အတြက္ အသုံးျပဳသြားပါမည္။
ပခုကၠဴၿမိဳ႕ေပၚႏွင့္ ၿမိဳ႕အေနာက္ဘက္ရွိ ကြၽန္းညိုႀကီး႐ြာႏွင့္ ေ႐ႊေပး႐ြာတြင္ ဂ်င္ေလာင္းကစားဝိုင္း(၇)ဝိုင္း ရွိသည္ဟု သိရွိရပါသည္။ ထိုအေလာင္းကစားဝိုင္းမ်ား၏ တည္ေနရာ၊ ဂ်င္ဘက္ဒိုင္ႏွင့္ ဂ်င္လွည့္ဒိုင္မ်ားအား စာရင္းအတိအက်ရရွိထားၿပီးျဖစ္ပါသည္။
ယေန႕စာထုတ္ျပန္သည့္ေန႕မွစ၍ ထိုေလာင္းကစားဝိုင္းမ်ား ရပ္တန္းကရပ္ပါရန္ ျပင္းျပင္းထန္ထန္ သတိေပးလိုက္သည္။ လိုက္နာမႈမရွိပါက (စကစ)အား တစ္ဖက္တလမ္းမွ ပံ့ပိုးကူညီေပးေနေသာ ၎ဂ်င္ေလာင္းကစားဝိုင္းမ်ားကို ညွာတာေနမည္မဟုတ္ပဲ ပစ္ခတ္ဖမ္းဆီးမည္ ျဖစ္ပါသည္။
သို႔ျဖစ္ပါ၍ ျပည္သူမ်ားအေနျဖင့္ ၎ဂ်င္ေလာင္းကစားဝိုင္းမ်ားႏွင့္ ခပ္ေဝးေဝးေနၾကပါရန္ ေလးစားစြာ အထူးပန္ၾကားအပ္ပါသည္။
PKU N PDF
အဖြဲ႕သားမ်ား