စစ်အာဏာသိမ်း အဖွဲ့သည် မြန်မာ ပြည်သူ များ နှင့် စစ်ပွဲကြီး ဆင်နွှဲနေသည့် အဆင့် ရောက်ရှိနေပြီဟု ကုလသမဂ္ဂ အစီရင်ခံစာ တွင် ပါရှိလာ
အမေရိကန် ရှိ မြန်မာ လူထု မှ ဘိုင်ဒင် အစိုးရ အား NO-Fly Zone သတ်မှတ်ပေးရန် တောင်းဆို
ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ကြီး၏ မြန်မာ တွင် စစ်အာဏာသိမ်းမှု ကြောင့် ဖြစ်ပေါ်လာသော အခြေအနေများနှင့် ပတ်သက်၍ နှစ် နှစ်တာ အစီရင်ခံစာတွင် စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ ပြည်သူများအား ၎င်းတို့၏ ရန်သူ များ အဖြစ် သတ်မှတ်ဆက်ဆံနေပြီး စစ်ပွဲကြီးများ ဆင်နွှဲနေသည့် အတွက် အသက်ရှင် နေထိုင်ရေး ဆိုသည့် အခြေခံ အခွင့်အရေး များပင် ထိခိုက်လာနေပြီ ဖြစ်သည်ဟု ဂျနီဗာ တွင် အခြေစိုက်သည့် ကုလ လူ့အခွင့်အရေး ကောင်စီ ၏ ၅၂ ကြိမ် မြောက် ညီလာခံသို့ တင်သွင်းသော အစီရင်ခံစာတွင် ပါရှိလာခဲ့ပြီ ဖြစ်သည်။
လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ ဗေါ်ကာ တပ်ခ် မှ စစ်တပ်သည် မည်သို့မျှ တာဝန်ခံခြင်း မရှိပဲ သဘောရှိ ပြုလုပ် ပိုင်ခွင့် ရနေ၍ အခြေအနေသည် “ပြည်တည်ပြီး ဆိုးဝါးလာနေသော အနာကြီး” သဖွယ် ဖြစ်လာနေပြီ ဟု မှတ်ချက်ချခဲ့သည်။မိမိတို့ ရုံးမှ စစ်တပ်၏ လက်ချက် ဖြင့် သေဆုံးသွားသူ စုစုပေါင်း ၂,၉၄၀ ဦး ရှိနေပြီ ကို အတည်ပြု နိုင်ခဲ့ပြီး ထိုအထဲတွင် ၃၀ ရာနှုန်း ဖြစ်သော လူ တထောင်နီးပါးသည် ဖမ်းဆီးထားစဉ် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာ နိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အဖွဲ့ အကြီးအကဲ ဂျိမ်းစ် ရိုဒီဟေဗာ မှ နိုင်ငံတွင်း စစ်မျက်နှာ ၁၃ ခု ဖွင့်၍ တိုက်ခိုက်နေရ၍ စစ်တပ်သည် နဲနဲ နှင့် ကျဲကျဲ ဝိုင်းနေရသည့် အနေအထား ရှိနေ၍ မြေပြင် တပ်များ ဝင်ရောက်နိုင်ရန် လေတပ် နှင့် လက်နက်ကြီးများကို သုံးနေရသည်ဟု ဆိုသည်။
နိုင်ငံတွင်း မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၅ မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလာနေပြီဟုလည်း အစီရင်ခံစာ တွင် အသေးစိတ် ပါရှိလာခဲ့သည်။
ကုလ ၏ အစီရင်ခံစာတွင် နှစ် နှစ် အတွင်း မီးရှို့ ဖျက်ဆီးခံရသည့် အိမ်အလုံးရေပေါင်း ၃၉,၀၀၀ နီးပါး ရှိလာပြီး ၂၀၂၁ နှင့် နှိုင်းစာလျှင် အဆ တထောင် ခန့် တိုး၍ လာပြီး ဖမ်းဆီးခံရသူ ၁၇,၅၇၂ ဦး ရှိနေပြီဟု ပါရှိသည်။
ဤသည်ကို ကြည့်က စစ်တပ်သည် ၎င်းတို့ ပြည်သူများ အပေါ် ရန်သူ သဖွယ် ဆက်ဆံနေပြီ ဆိုသည်မှာ ထင်ရှားနေပြီ ဖြစ်သည်ဟု မစ္စတာ ရိုဒီဟေဗာ က ဆိုသည်။စစ်အာဏာသိမ်း အဖွဲ့၏ တခုတည်းသော ရည်ရွယ်ချက်မှာ အာဏာသိမ်းမှု အား ဆန့်ကျင်နေသူ များအား လုံးဝ အမြစ်ပြတ်သည်အထိ ချေမှုန်းသွားရန် ဖြစ်၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရမည်များ ကို ဖျက်သိမ်းထားရသည့် အဆင့်တွင် ရှိနေသည်ဟု အစီရင်ခံစာ တွင် ရေးသားထားသည်။
၄၃ မျက်နှာ ရှိသော အဆိုပါ အစီရင်ခံစာ အား Flash Report ဟု အမည်ပေးထားပြီး မြေပုံ ကားချပ်၊ ဓါတ်ပုံများ နှင့် အသေးစိတ် တင်ပြထားသည်။ယင်းသည် နိုင်ငံတကာ မှ မည်သို့မျှ မျက်ကွယ်ပြု၍ မရသော အစီရင်ခံစာကြီးလည်း ဖြစ်လာနေပေပြီ။
အမေရိကန် ပြည်နယ် အသီးသီးမှ မြန်မာနွယ်ဖွား တိုင်းရင်းသားများသည် ချမ်းအေးလှသည့် အအေးဒဏ် ကို အံတုပြီး ဝါရှင်တန်သို့ စုရုံးရောက်ရှိလာကြကာ နိုင်ငံခြားရေး ဝန်ကြီးဌာန ရှေ့မှ အိမ်ဖြူတော်သို့ တစုတဝေးတည်း ချီတက်ကာ No-Fly Zone သတ်မှတ်ပေးရန် နှင့် လေယာဉ်ဆီများ တင်သွင်း ရောင်းချပေးနေမှု ကို ပိတ်ပင်ရန် တောင်းဆိုခဲ့ကြသည်။
စစ်အာဏာသိမ်း အဖွဲ့သည် မိမိတို့ ပြည်သူများ အား နေ့စဉ်လို သတ်ဖြတ်နေကြသည့် အတွက် မြန်မာပြည်သူများ အား အကူအညီ ပေးပါရန် သမ္မတ ဂျိူးဘိုင်ဒင်အား မေတ္တာရပ်ခံခြင်း ဖြစ်သည်ဟု အင်ဒီရာနားရှိ ချင်း မိသားစု ဥက္ကဌ Peter Thawnghmung က ဗီအိုအေ အား ပြောပြခဲ့သည်။
နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ လေ့လာစောင့်ကြည့်ချက်များအရ ဇူလိုင် မှ ဒီဇင်ဘာလ လယ် အထိ လေကြောင်းမှ တိုက်ခိုက်မှု များ တိုး၍ လာနေသည်ဟု သိရသည်။ အာဏာသိမ်းပြီးချိန်မှစ၍ နှစ်နှစ်တာ ကာလအတွင်း အနည်းဆံး အကြိမ် ၆၀၀ ခန့် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု စစ်တမ်းများအား ကိုးကား၍ ဘီဘီစီမှ ဖေါ်ပြထားသည်။
မင်းအောင်လှိုင်၏ လုပ်ရပ်များသည် အမေရိကန် ဗဟို ထောက်လှန်းရေး ဗျူရို (FBI) ၏ “ပြည်တွင်း အကြမ်းဖက်မှု” အဓိပ္ပါယ် ဖွင့်ဆိုချက် နှင့် တထပ်တည်း တူညီနေသည်ဟု Forces of Renewal for South East Asia (FORSEA) ၏ ဖေဖေါ်ဝါရီ လ အတွင်း ထုတ်ပြန်သော ကျေညာချက်တွင် ပါရှိလာခဲ့သည်။
ဇန်နဝါရီ လ အတွင်း ဒဲရက် ရှိုလက်သည် သူ၏ ဗီအိုအေ အင်တာဗျူးတွင် လောလောဆယ် မစဉ်းစားသေးပဲ ငြိမ်းချမ်းစွာ အဖြေရှာ နိုင်ရေး အတွက် နည်းလမ်းများ ရှာဖွေနေဆဲဟု ပြောဆိုသွားခဲ့သည်။မြန်မာ တိုင်းရင်းသား များ အနေဖြင့် အမေရိကန် နိုင်ငံသားများ ပါဝင်လာအောင် မီဒီယာ ကမ်ပိန်းမျာ၊ ဘန်ပါ စတစ်ကာ ကမ်ပိန်းများ ဖြင့် စည်းရုံးကြဖို့ လိုအပ်နေသည်၊ နိုင်ငံတကာ မြို့ကြီးများ တွင်လည်း အလားတူ တောင်းဆိုမှုများ ပြုလုပ်သင့်နေသည်။
မြန်မာ ပြည်သူများ ထိုသို့ တညီတညွတ်တည်း တောင်းဆိုလာမှုကို အမေရိကန် အစိုးရ အဖို့ ကြာရှည် မျက်ကွယ် ပြုနေနိုင်စွမ်း ရှိမည် မဟုတ်ဆိုသည်ကိုလည်း မင်းအောင်လှိုင် နှင့် အဖွဲ့က ရိပ်စားထားမိပြီး ဖြစ်သည်။ သူ့သဘော အတိုင်း စိတ်ရှိလက်ရှိ လုပ်ရမည် ဆိုက အကြိမ် ၆၀၀ မှ ၆,၀၀၀ အထိပင် တိုးကာ သစ်ပင် နှင့် ကွင်းပြင်သာ ကျန်အောင် လုပ်မည့်သူလည်း ဖြစ်သည်။
မင်းအောင်လှိုင်သည် နိုင်ငံတကာမှ တုန့်ပြန်လာမည့် အရေး ကို စိုးရွံ့နေ၍သာ ချုပ်တည်းနေရခြင်း ဖြစ်သည်။ ၎င်းအတွက် က ယခုလို ပုံစံမျိုး နှင့် ဆက်သွား၍ မရတော့၊ နိုင်ငံသည် တဖြေးဖြေး နှင့် War Zone ကြီး အဖြစ် ပြောင်းလဲလိုက်လာနေပြီ ဖြစ်၍ ဟန်ကို့ပြီး နေသာ နေနေရသော်လည်း ၂၀၂၃ သည် သူ့အတွက် Do or Die ဖြစ်လာနေပြီ ကို သိနေပြီး ဖြစ်သည်။
နေပြည်တော်ထဲတွင်ပင် သုံးရက်ဆက်တိုက် ဆိုသလို ပေါက်ကွဲသံကြီးများ ကြားနေရပြီ ဖြစ်သည်။ဤသည်ကိုလည်း သူ သာမက ကြံ့ဖွတ်ပင် သိနေပြီ ဖြစ်၍ ဝါးချွန်များ အား သစ္စာခံ များကို ထုတ်ပေးပြီး လူကြားမကောင်းအောင် ဝန်းရံပေးနေကြရပြီ ဖြစ်သည်။
သို့သော် ထိုအဖြစ်ကို ရိပ်စားမိခြင်း မရှိပဲ စစ်တပ်ဖက်က သာ အောင်ပွဲခံလိမ့်မည်ဟု အထင် ဖြင့် ထောက်ခံ အားပေးနေသူများလည်း ရှိနေပြန်သည်။ သို့သော် ထိုလူများသည် အခွင့်အရေးသမားများသာ ဖြစ်၍ သူ့အတွက် အစစ်အမှန် အင်အား မဟုတ်၊ အခြေအနေ ယိုင်သွားပြီ ဆိုသည်နှင့် သင်္ဘော နစ်လာက အရင်ဆုံး စွန့်ခွာသူများက ကြွက်များပင် ဖြစ်သည်ဆိုသော ဂျာမန် စကားပုံ အတိုင်း အလုအယက် ဘက်ပြောင်းလာကြပေတော့မည်။ သို့သော် ထိုအချိန်ကျမှ ဆိုလျှင် အတော်ကို နောက်ကျသွားပြီ ဆိုသည်ကိုတော့ သိထားသင့်သည်။
ပြည်သူများကသာ တော်လှန်ရေးကြီး မုချ အောင်မြင်ရမည်ဟူသော ယုံကြည်ချက် နိုင်ရာ တာဝန် ထမ်းကာ မဆုတ်မနစ် ဆန့်ကျင်သွားကြရမည် ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!
Hla Soewai
Zawgyi(version)
စစ္အာဏာသိမ္း အဖြဲ႕သည္ ျမန္မာ ျပည္သူ မ်ား ႏွင့္ စစ္ပြဲႀကီး ဆင္ႏႊဲေနသည့္ အဆင့္ ေရာက္ရွိေနၿပီဟု ကုလသမဂၢ အစီရင္ခံစာ တြင္ ပါရွိလာ
အေမရိကန္ ရွိ ျမန္မာ လူထု မွ ဘိုင္ဒင္ အစိုးရ အား NO-Fly Zone သတ္မွတ္ေပးရန္ ေတာင္းဆို
ကုလသမဂၢ လူ႕အခြင့္အေရး အဖြဲ႕ႀကီး၏ ျမန္မာ တြင္ စစ္အာဏာသိမ္းမႈ ေၾကာင့္ ျဖစ္ေပၚလာေသာ အေျခအေနမ်ားႏွင့္ ပတ္သက္၍ ႏွစ္ ႏွစ္တာ အစီရင္ခံစာတြင္ စစ္အာဏာသိမ္း အဖြဲ႕သည္ ယခုအခါ ျပည္သူမ်ားအား ၎တို႔၏ ရန္သူ မ်ား အျဖစ္ သတ္မွတ္ဆက္ဆံေနၿပီး စစ္ပြဲႀကီးမ်ား ဆင္ႏႊဲေနသည့္ အတြက္ အသက္ရွင္ ေနထိုင္ေရး ဆိုသည့္ အေျခခံ အခြင့္အေရး မ်ားပင္ ထိခိုက္လာေနၿပီ ျဖစ္သည္ဟု ဂ်နီဗာ တြင္ အေျခစိုက္သည့္ ကုလ လူ႕အခြင့္အေရး ေကာင္စီ ၏ ၅၂ ႀကိမ္ ေျမာက္ ညီလာခံသို႔ တင္သြင္းေသာ အစီရင္ခံစာတြင္ ပါရွိလာခဲ့ၿပီ ျဖစ္သည္။
လူ႕အခြင့္အေရး အဖြဲ႕ အႀကီးအကဲ ေဗၚကာ တပ္ခ္ မွ စစ္တပ္သည္ မည္သို႔မွ် တာဝန္ခံျခင္း မရွိပဲ သေဘာရွိ ျပဳလုပ္ ပိုင္ခြင့္ ရေန၍ အေျခအေနသည္ ျပည္တည္ၿပီး ဆိုးဝါးလာေနေသာ အနာႀကီး သဖြယ္ ျဖစ္လာေနၿပီ ဟု မွတ္ခ်က္ခ်ခဲ့သည္။မိမိတို႔ ႐ုံးမွ စစ္တပ္၏ လက္ခ်က္ ျဖင့္ ေသဆုံးသြားသူ စုစုေပါင္း ၂,၉၄၀ ဦး ရွိေနၿပီ ကို အတည္ျပဳ နိုင္ခဲ့ၿပီး ထိုအထဲတြင္ ၃၀ ရာႏႈန္း ျဖစ္ေသာ လူ တေထာင္နီးပါးသည္ ဖမ္းဆီးထားစဥ္ ေသဆုံးသြားျခင္း ျဖစ္သည္ဟု ဆိုသည္။
ျမန္မာ နိုင္ငံဆိုင္ရာ ကုလ လူ႕အခြင့္အေရး အဖြဲ႕ အႀကီးအကဲ ဂ်ိမ္းစ္ ရိုဒီေဟဗာ မွ နိုင္ငံတြင္း စစ္မ်က္ႏွာ ၁၃ ခု ဖြင့္၍ တိုက္ခိုက္ေနရ၍ စစ္တပ္သည္ နဲနဲ ႏွင့္ က်ဲက်ဲ ဝိုင္းေနရသည့္ အေနအထား ရွိေန၍ ေျမျပင္ တပ္မ်ား ဝင္ေရာက္နိုင္ရန္ ေလတပ္ ႏွင့္ လက္နက္ႀကီးမ်ားကို သုံးေနရသည္ဟု ဆိုသည္။
နိုင္ငံတြင္း ၿမိဳ႕နယ္ေပါင္း ၃၃၀ အနက္ ၂၅၅ ၿမိဳ႕နယ္တြင္ တိုက္ပြဲမ်ား ျဖစ္ပြားလာေနၿပီဟုလည္း အစီရင္ခံစာ တြင္ အေသးစိတ္ ပါရွိလာခဲ့သည္။
ကုလ ၏ အစီရင္ခံစာတြင္ ႏွစ္ ႏွစ္ အတြင္း မီးရွို႔ ဖ်က္ဆီးခံရသည့္ အိမ္အလုံးေရေပါင္း ၃၉,၀၀၀ နီးပါး ရွိလာၿပီး ၂၀၂၁ ႏွင့္ ႏွိုင္းစာလွ်င္ အဆ တေထာင္ ခန႔္ တိုး၍ လာၿပီး ဖမ္းဆီးခံရသူ ၁၇,၅၇၂ ဦး ရွိေနၿပီဟု ပါရွိသည္။
ဤသည္ကို ၾကည့္က စစ္တပ္သည္ ၎တို႔ ျပည္သူမ်ား အေပၚ ရန္သူ သဖြယ္ ဆက္ဆံေနၿပီ ဆိုသည္မွာ ထင္ရွားေနၿပီ ျဖစ္သည္ဟု မစၥတာ ရိုဒီေဟဗာ က ဆိုသည္။စစ္အာဏာသိမ္း အဖြဲ႕၏ တခုတည္းေသာ ရည္႐ြယ္ခ်က္မွာ အာဏာသိမ္းမႈ အား ဆန႔္က်င္ေနသူ မ်ားအား လုံးဝ အျမစ္ျပတ္သည္အထိ ေခ်မႈန္းသြားရန္ ျဖစ္၍ တိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ လုပ္ေဆာင္ရမည္မ်ား ကို ဖ်က္သိမ္းထားရသည့္ အဆင့္တြင္ ရွိေနသည္ဟု အစီရင္ခံစာ တြင္ ေရးသားထားသည္။
၄၃ မ်က္ႏွာ ရွိေသာ အဆိုပါ အစီရင္ခံစာ အား Flash Report ဟု အမည္ေပးထားၿပီး ေျမပုံ ကားခ်ပ္၊ ဓါတ္ပုံမ်ား ႏွင့္ အေသးစိတ္ တင္ျပထားသည္။ယင္းသည္ နိုင္ငံတကာ မွ မည္သို႔မွ် မ်က္ကြယ္ျပဳ၍ မရေသာ အစီရင္ခံစာႀကီးလည္း ျဖစ္လာေနေပၿပီ။
အေမရိကန္ ျပည္နယ္ အသီးသီးမွ ျမန္မာႏြယ္ဖြား တိုင္းရင္းသားမ်ားသည္ ခ်မ္းေအးလွသည့္ အေအးဒဏ္ ကို အံတုၿပီး ဝါရွင္တန္သို႔ စု႐ုံးေရာက္ရွိလာၾကကာ နိုင္ငံျခားေရး ဝန္ႀကီးဌာန ေရွ႕မွ အိမ္ျဖဴေတာ္သို႔ တစုတေဝးတည္း ခ်ီတက္ကာ No-Fly Zone သတ္မွတ္ေပးရန္ ႏွင့္ ေလယာဥ္ဆီမ်ား တင္သြင္း ေရာင္းခ်ေပးေနမႈ ကို ပိတ္ပင္ရန္ ေတာင္းဆိုခဲ့ၾကသည္။
စစ္အာဏာသိမ္း အဖြဲ႕သည္ မိမိတို႔ ျပည္သူမ်ား အား ေန႕စဥ္လို သတ္ျဖတ္ေနၾကသည့္ အတြက္ ျမန္မာျပည္သူမ်ား အား အကူအညီ ေပးပါရန္ သမၼတ ဂ်ိဴးဘိုင္ဒင္အား ေမတၱာရပ္ခံျခင္း ျဖစ္သည္ဟု အင္ဒီရာနားရွိ ခ်င္း မိသားစု ဥကၠဌ Peter Thawnghmung က ဗီအိုေအ အား ေျပာျပခဲ့သည္။
နိုင္ငံတကာ လူ႕အခြင့္အေရး အဖြဲ႕မ်ား၏ ေလ့လာေစာင့္ၾကည့္ခ်က္မ်ားအရ ဇူလိုင္ မွ ဒီဇင္ဘာလ လယ္ အထိ ေလေၾကာင္းမွ တိုက္ခိုက္မႈ မ်ား တိုး၍ လာေနသည္ဟု သိရသည္။ အာဏာသိမ္းၿပီးခ်ိန္မွစ၍ ႏွစ္ႏွစ္တာ ကာလအတြင္း အနည္းဆံး အႀကိမ္ ၆၀၀ ခန႔္ ေလေၾကာင္းမွ တိုက္ခိုက္ခဲ့သည္ဟု စစ္တမ္းမ်ားအား ကိုးကား၍ ဘီဘီစီမွ ေဖၚျပထားသည္။
မင္းေအာင္လွိုင္၏ လုပ္ရပ္မ်ားသည္ အေမရိကန္ ဗဟို ေထာက္လွန္းေရး ဗ်ဴရို (FBI) ၏ ျပည္တြင္း အၾကမ္းဖက္မႈ အဓိပ္ပါယ် ဖြင့္ဆိုခ်က္ ႏွင့္ တထပ္တည္း တူညီေနသည္ဟု Forces of Renewal for South East Asia (FORSEA) ၏ ေဖေဖၚဝါရီ လ အတြင္း ထုတ္ျပန္ေသာ ေက်ညာခ်က္တြင္ ပါရွိလာခဲ့သည္။
ဇန္နဝါရီ လ အတြင္း ဒဲရက္ ရွိုလက္သည္ သူ၏ ဗီအိုေအ အင္တာဗ်ဴးတြင္ ေလာေလာဆယ္ မစဥ္းစားေသးပဲ ၿငိမ္းခ်မ္းစြာ အေျဖရွာ နိုင္ေရး အတြက္ နည္းလမ္းမ်ား ရွာေဖြေနဆဲဟု ေျပာဆိုသြားခဲ့သည္။ျမန္မာ တိုင္းရင္းသား မ်ား အေနျဖင့္ အေမရိကန္ နိုင္ငံသားမ်ား ပါဝင္လာေအာင္ မီဒီယာ ကမ္ပိန္းမ်ာ၊ ဘန္ပါ စတစ္ကာ ကမ္ပိန္းမ်ား ျဖင့္ စည္း႐ုံးၾကဖို႔ လိုအပ္ေနသည္၊ နိုင္ငံတကာ ၿမိဳ႕ႀကီးမ်ား တြင္လည္း အလားတူ ေတာင္းဆိုမႈမ်ား ျပဳလုပ္သင့္ေနသည္။
ျမန္မာ ျပည္သူမ်ား ထိုသို႔ တညီတၫြတ္တည္း ေတာင္းဆိုလာမႈကို အေမရိကန္ အစိုးရ အဖို႔ ၾကာရွည္ မ်က္ကြယ္ ျပဳေနနိုင္စြမ္း ရွိမည္ မဟုတ္ဆိုသည္ကိုလည္း မင္းေအာင္လွိုင္ ႏွင့္ အဖြဲ႕က ရိပ္စားထားမိၿပီး ျဖစ္သည္။ သူ႕သေဘာ အတိုင္း စိတ္ရွိလက္ရွိ လုပ္ရမည္ ဆိုက အႀကိမ္ ၆၀၀ မွ ၆,၀၀၀ အထိပင္ တိုးကာ သစ္ပင္ ႏွင့္ ကြင္းျပင္သာ က်န္ေအာင္ လုပ္မည့္သူလည္း ျဖစ္သည္။
မင္းေအာင္လွိုင္သည္ နိုင္ငံတကာမွ တုန႔္ျပန္လာမည့္ အေရး ကို စိုး႐ြံ႕ေန၍သာ ခ်ဳပ္တည္းေနရျခင္း ျဖစ္သည္။ ၎အတြက္ က ယခုလို ပုံစံမ်ိဳး ႏွင့္ ဆက္သြား၍ မရေတာ့၊ နိုင္ငံသည္ တေျဖးေျဖး ႏွင့္ War Zone ႀကီး အျဖစ္ ေျပာင္းလဲလိုက္လာေနၿပီ ျဖစ္၍ ဟန္ကို႔ၿပီး ေနသာ ေနေနရေသာ္လည္း ၂၀၂၃ သည္ သူ႕အတြက္ Do or Die ျဖစ္လာေနၿပီ ကို သိေနၿပီး ျဖစ္သည္။
ေနျပည္ေတာ္ထဲတြင္ပင္ သုံးရက္ဆက္တိုက္ ဆိုသလို ေပါက္ကြဲသံႀကီးမ်ား ၾကားေနရၿပီ ျဖစ္သည္။ဤသည္ကိုလည္း သူ သာမက ႀကံ့ဖြတ္ပင္ သိေနၿပီ ျဖစ္၍ ဝါးခြၽန္မ်ား အား သစၥာခံ မ်ားကို ထုတ္ေပးၿပီး လူၾကားမေကာင္းေအာင္ ဝန္းရံေပးေနၾကရၿပီ ျဖစ္သည္။
သို႔ေသာ္ ထိုအျဖစ္ကို ရိပ္စားမိျခင္း မရွိပဲ စစ္တပ္ဖက္က သာ ေအာင္ပြဲခံလိမ့္မည္ဟု အထင္ ျဖင့္ ေထာက္ခံ အားေပးေနသူမ်ားလည္း ရွိေနျပန္သည္။ သို႔ေသာ္ ထိုလူမ်ားသည္ အခြင့္အေရးသမားမ်ားသာ ျဖစ္၍ သူ႕အတြက္ အစစ္အမွန္ အင္အား မဟုတ္၊ အေျခအေန ယိုင္သြားၿပီ ဆိုသည္ႏွင့္ သေဘၤာ နစ္လာက အရင္ဆုံး စြန႔္ခြာသူမ်ားက ႂကြက္မ်ားပင္ ျဖစ္သည္ဆိုေသာ ဂ်ာမန္ စကားပုံ အတိုင္း အလုအယက္ ဘက္ေျပာင္းလာၾကေပေတာ့မည္။ သို႔ေသာ္ ထိုအခ်ိန္က်မွ ဆိုလွ်င္ အေတာ္ကို ေနာက္က်သြားၿပီ ဆိုသည္ကိုေတာ့ သိထားသင့္သည္။
ျပည္သူမ်ားကသာ ေတာ္လွန္ေရးႀကီး မုခ် ေအာင္ျမင္ရမည္ဟူေသာ ယုံၾကည္ခ်က္ နိုင္ရာ တာဝန္ ထမ္းကာ မဆုတ္မနစ္ ဆန႔္က်င္သြားၾကရမည္ ျဖစ္သည္။
ျပည္သူတို႔၏ ခုခံတြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!
Hla Soewai