ရဲဘော်တို့
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတော့ PDF တပ်မတော်အတွက် ဂုဏ်ယူစရာလတစ်လ ဖြစ်ခဲ့တယ်။ ဒီလ အတွင်း စစ်တိုင်းနဲ့စစ်ဒေသ (၃) ခုလုံးက PDF တပ်ရင်းများ၊ ပကဖများ၊ LDF များ လက်တွဲပါဝင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် (၇၀) တိတိ ဖော်ဆောင် နိုင်ခဲ့ကြတယ်။
တိုက်ပွဲဖော်ဆောင်ရာ ဒေသတွေက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နဲ့နေပြည်တော်တို့ ဖြစ်တယ်။ တိုက်ပွဲပေါင်း (၇၀) အနက် (၆၅)ပွဲ ကိုတော့ (၂၄)နာရီအတွင်း တပြိုင်တည်း ဟန်ချက်ညီ ဖော်ဆောင်နိုင်ခဲ့ကြတာ ဖြစ်တယ်။
ဒီစစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ်စခန်း(၂)ခုနဲ့ ရဟတ်ယာဥ်ကွင်း (၁)ခု၊ ကပစစက်ရုံ (၃)ခု၊ တိုင်းစစ်ဌာနချုပ် (၁)ခုနဲ့ တပ်မဌာနချုပ် (၁)ခု၊ ရန်သူ့အထိုင်နဲ့နောက်တန်းစခန်း (၂၆)ခု၊ ရဲစခန်း (၉)ခု၊ ရန်သူ့စစ်ကြောင်း (၂)ခု၊ ပျုစောထီးစခန်း (၁၅)ခုတို့ ပါဝင်တယ်။ တိုင်းဒေသများနည်းတူ ပြည်နယ်တွေ မှာလည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့ PDF ရဲဘော်တွေ လက်တွဲပြီး မြို့ပြစစ်ဆင်မှု နဲ့စခန်းသိမ်းစစ်ဆင်မှုများ ဟန်ချက်ညီဆောင်ရွက်ခဲ့ကြတယ်ဆိုတာလည်း အသိပေးလိုတယ်။
ဒီလို Coordinated Attacks ဖော်ဆောင်နိုင်ခြင်းဟာ PDF တပ်မတော်ရဲ့ စစ်ရေးစွမ်းရည် နောက်တဆင့် တိုးတက်လာမှုကို ဖော်ပြတဲ့ ပြယုဒ်ဖြစ်တယ်။ ဒါဟာ Chain of Command ပိုကောင်းအောင် တည်ဆောက်နိုင်မှုနဲ့ လက်နက်တိုးမြှင့်တပ်ဆင်နိုင်မှုရဲ့ ရလဒ်လို့လည်း ဆိုနိုင်တယ်။
ဒီစစ်ဆင်မှုက အကြမ်းဖက်စစ်ကောင်စီကို စိတ်ပိုင်းရော ရုပ်ပိုင်းပါ အထိနာစေခဲ့သလို PDF တပ်မတော် ကိုလည်း အဆုံးအဖြတ်နဲ့အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲဖို့ ယုံကြည်မှု ပိုပီး တိုးပွားစေခဲ့တယ်လို့ ငါတို့ နားလည်တယ်။ ဒီလို ဟန်ချက်ညီ ဗျုဟာမြောက်စစ်ဆင်မှုကို ရှေ့မှာလည်း အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားဖို့ ရှိလိမ့်မယ်။
ငါတို့ရဲ့မဟာဗျုဟာက ကွက်ပြည့်နင်းတဲ့ဗျုဟာ ဖြစ်တယ်။ ပြည်သူထောက်ခံတဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အင်အားတည်ဆောက်ပြီး အကြားအလပ်မရှိ တိုက်ပွဲဝင် ကြဖို့ဖြစ်တယ်။ ဒါသည်ပင် နွေဦးပြည်သူ့တော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်သလို အားသာချက်လည်း ဖြစ်တယ်။
တိုက်ပွဲဝင်နိုင်စွမ်း အားနည်းနေသေးတဲ့ ဒေသတွေက ရဲဘော်တွေအနေနဲ့လည်း အင်အားတည်ဆောက်မှု တိုးချဲ့ပြီး လုပ်ဆောင်နေကြသလို ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း လိုအပ်တဲ့ထောက်ပံ့မှု၊ တပ်ဆင်မှုတွေကို ဆက်တိုက်ဆောင်ရွက်နေတာ ဖြစ်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့PDF တပ်မတော်ရဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ပါဝင်မှုဟာလည်း ပိုပြီးအားကောင်း လာတဲ့အတွက် မကြာခင်မှာ ပြည်သူ့တော်လှန်ရေးရဲ့မဟာဗျုဟာအတိုင်း ပိုပြီး ကွက်ပြည့်နင်းနိုင်လိမ့် မယ်လို့ ယုံကြည်တယ်။
ပြည်သူကို ဆန့်ကျင်တဲ့ အကြမ်းဖက်စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှာမှ လုံခြုံရာ ရှာမရနိုင်ဘူးဆိုတာ သူတို့ သိစေရမယ်။
ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။
ရည်မွန်
ကာကွယ်ရေးဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ
ရဲေဘာ္တို႔
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကေတာ့ PDF တပ္မေတာ္အတြက္ ဂုဏ္ယူစရာလတစ္လ ျဖစ္ခဲ့တယ္။ ဒီလ အတြင္း စစ္တိုင္းနဲ႔စစ္ေဒသ (၃) ခုလုံးက PDF တပ္ရင္းမ်ား၊ ပကဖမ်ား၊ LDF မ်ား လက္တြဲပါဝင္ၿပီး တနိုင္ငံလုံးအတိုင္းအတာနဲ႔တၿပိဳင္နက္တည္း ဟန္ခ်က္ညီစစ္ဆင္မႈ အႀကိမ္ (၇၀) တိတိ ေဖာ္ေဆာင္ နိုင္ခဲ့ၾကတယ္။
တိုက္ပြဲေဖာ္ေဆာင္ရာ ေဒသေတြက စစ္ကိုင္းတိုင္း၊ မေကြးတိုင္း၊ မႏၲေလးတိုင္း၊ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း နဲ႔ေနျပည္ေတာ္တို႔ ျဖစ္တယ္။ တိုက္ပြဲေပါင္း (၇၀) အနက္ (၆၅)ပြဲ ကိုေတာ့ (၂၄)နာရီအတြင္း တၿပိဳင္တည္း ဟန္ခ်က္ညီ ေဖာ္ေဆာင္နိုင္ခဲ့ၾကတာ ျဖစ္တယ္။
ဒီစစ္ဆင္မႈရဲ့ ပစ္မွတ္ေတြထဲမွာ ရန္သူ႔ေလတပ္စခန္း(၂)ခုနဲ႔ ရဟတ္ယာဥ္ကြင္း (၁)ခု၊ ကပစစက္႐ုံ (၃)ခု၊ တိုင္းစစ္ဌာနခ်ဳပ္ (၁)ခုနဲ႔ တပ္မဌာနခ်ဳပ္ (၁)ခု၊ ရန္သူ႔အထိုင္နဲ႔ေနာက္တန္းစခန္း (၂၆)ခု၊ ရဲစခန္း (၉)ခု၊ ရန္သူ႔စစ္ေၾကာင္း (၂)ခု၊ ပ်ဳေစာထီးစခန္း (၁၅)ခုတို႔ ပါဝင္တယ္။ တိုင္းေဒသမ်ားနည္းတူ ျပည္နယ္ေတြ မွာလည္း မဟာမိတ္တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕မ်ားနဲ႔ PDF ရဲေဘာ္ေတြ လက္တြဲၿပီး ၿမိဳ႕ျပစစ္ဆင္မႈ နဲ႔စခန္းသိမ္းစစ္ဆင္မႈမ်ား ဟန္ခ်က္ညီေဆာင္ရြက္ခဲ့ၾကတယ္ဆိုတာလည္း အသိေပးလိုတယ္။
ဒီလို Coordinated Attacks ေဖာ္ေဆာင္နိုင္ျခင္းဟာ PDF တပ္မေတာ္ရဲ့ စစ္ေရးစြမ္းရည္ ေနာက္တဆင့္ တိုးတက္လာမႈကို ေဖာ္ျပတဲ့ ျပယုဒ္ျဖစ္တယ္။ ဒါဟာ Chain of Command ပိုေကာင္းေအာင္ တည္ေဆာက္နိုင္မႈနဲ႔ လက္နက္တိုးျမႇင့္တပ္ဆင္နိုင္မႈရဲ့ ရလဒ္လို႔လည္း ဆိုနိုင္တယ္။
ဒီစစ္ဆင္မႈက အၾကမ္းဖက္စစ္ေကာင္စီကို စိတ္ပိုင္းေရာ ႐ုပ္ပိုင္းပါ အထိနာေစခဲ့သလို PDF တပ္မေတာ္ ကိုလည္း အဆုံးအျဖတ္နဲ႔အဆုံးသတ္တိုက္ပြဲေတြ ဆင္ႏႊဲဖို႔ ယုံၾကည္မႈ ပိုပီး တိုးပြားေစခဲ့တယ္လို႔ ငါတို႔ နားလည္တယ္။ ဒီလို ဟန္ခ်က္ညီ ဗ်ဳဟာေျမာက္စစ္ဆင္မႈကို ေရွ႕မွာလည္း အရွိန္အဟုန္ျမႇင့္ၿပီး ေဆာင္ရြက္သြားဖို႔ ရွိလိမ့္မယ္။
ငါတို႔ရဲ့မဟာဗ်ဳဟာက ကြက္ျပည့္နင္းတဲ့ဗ်ဳဟာ ျဖစ္တယ္။ ျပည္သူေထာက္ခံတဲ့ ေတာ္လွန္ေရးျဖစ္တဲ့ အားေလ်ာ္စြာ တစ္နိုင္ငံလုံးအၾကားအလပ္မရွိ အင္အားတည္ေဆာက္ၿပီး အၾကားအလပ္မရွိ တိုက္ပြဲဝင္ ၾကဖို႔ျဖစ္တယ္။ ဒါသည္ပင္ ေႏြဦးျပည္သူ႔ေတာ္လွန္ေရးရဲ့ ထူးျခားခ်က္ျဖစ္သလို အားသာခ်က္လည္း ျဖစ္တယ္။
တိုက္ပြဲဝင္နိုင္စြမ္း အားနည္းေနေသးတဲ့ ေဒသေတြက ရဲေဘာ္ေတြအေနနဲ႔လည္း အင္အားတည္ေဆာက္မႈ တိုးခ်ဲ႕ၿပီး လုပ္ေဆာင္ေနၾကသလို ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔လည္း လိုအပ္တဲ့ေထာက္ပံ့မႈ၊ တပ္ဆင္မႈေတြကို ဆက္တိုက္ေဆာင္ရြက္ေနတာ ျဖစ္တယ္။ အမ်ိဳးသားညီညြတ္ေရးအစိုးရနဲ႔PDF တပ္မေတာ္ရဲ့ မဟာမိတ္တိုင္းရင္းသားေတာ္လွန္ေရးအဖြဲ႕ေတြရဲ့ ပါဝင္မႈဟာလည္း ပိုၿပီးအားေကာင္း လာတဲ့အတြက္ မၾကာခင္မွာ ျပည္သူ႔ေတာ္လွန္ေရးရဲ့မဟာဗ်ဳဟာအတိုင္း ပိုၿပီး ကြက္ျပည့္နင္းနိုင္လိမ့္ မယ္လို႔ ယုံၾကည္တယ္။
ျပည္သူကို ဆန္႔က်င္တဲ့ အၾကမ္းဖက္စစ္ေကာင္စီအဖို႔ ေနျပည္ေတာ္အပါအဝင္ ဘယ္ေနရာမွာမွ လုံျခဳံရာ ရွာမရနိုင္ဘူးဆိုတာ သူတို႔ သိေစရမယ္။
ျပည္သူ႔ေတာ္လွန္ေရး မုခ်ေအာင္ရမည္။
ရည္မြန္
ကာကြယ္ေရးဝန္ႀကီး
အမ်ိဳးသားညီညြတ္ေရးအစိုးရ