မုံရွာ အမှတ်(၂ ) ရဲစခန်းကို ဗိုလ်နဂါးအဖွဲ့မှ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်၍…see more

အခြားနေရာသို့ စစ်ကောင်စီစစ်ကြောင်းများ သွားရောက်တိုက်ခိုက်နေချိန် မုံရွာ အမှတ်-၂ ရဲစခန်းလက်ပစ်ဗုံးဖြင့် ပစ်ခံရ

မုံရွာ၊ စက်တင်ဘာ ၂၊ ၂၀၂၂ ။

ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၉ နာရီကျော်ခန့်က မုံရွာ အမှတ်-၂ ရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့သွားရောက်ပစ်ခတ်ခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တောာ် MRDA မုံရွာ PGF‌ အဖွဲ့ထံက သိရပါတယ်။

မုံရွာမြို့၊ လယ်ဇင်ကျေးရွာမှာ UG တွေ ရှိတယ်ဆိုတဲ့ သတင်းအမှားပေးတိုင်တန်းလို့ အင်အား ၁၅၀ ခန့်အသုံးပြုပြီး စစ်ကောင်စီစစ်ကြောင်းတွေက စစ်ကြောင်းထိုးလာရောက်ပစ်ခတ်ချိန်မှာ မြို့ပေါ်ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံခဲ့ရတာပါ။

“သူတို့အနေနဲ့လယ်ဇင်ဘက်ကနေပြီး တိုက်ခိုက်တယ်လို့ထင်ပြီး အင်အားအလွန်အကျွံသုံးပြီးတော့ ဝင်ရောက်တိုက်ခိုက်တာ၊ သူတို့တိုက်ခိုက်တဲ့အချိန်အဲဒီဘက်မှာဘာ UG မှမရှိဘူး၊ ဒလန်တဦးကပဲတိုင်လိုက်တာ၊ ကျနော်တို့ သူတို့စစ်ကြောင်းထိုးတဲ့အချိန်မှာ သူတို့နဲ့အနီးကပ်ဆုံး မုံရွာအမှတ် ၂ ရဲစခန်းကို နွေဦးသစ္စာပြောက်ကျားအင်အားစု နဲ့ ၂ ဖွဲ့ပေါင်းပြီးလက်ပစ်ဗုံးအစစ် ၂ လုံးနဲ့သွားထုတာ” လို့ MRDA မုံရွာ PGF မှ ‌ဗိုလ်Blackက မြေလတ်အသံကိုပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးချိန် စစ်ကြောင်းနောက် နောက်ယောင်ခံလိုက်ခဲ့ပေမယ့် အင်အားများပြားတဲ့ စစ်ကြောင်းကို တိုက်ခိုက်ဖို့ လက်နက်အင်အားနည်းပါးလို့ ပြန်ဆုတ်ခွါခဲ့ရပြီး တဘက်ရဲ့အကျအဆုံးနဲ့ ထိခိုက်မှုကို မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို မြန်မာ့တော်ဝင်နဂါးတပ်တောာ် MRDA မုံရွာ PGF‌နှင့် နွေဦးသစ္စာပြောက်ကျားအင်အားစု နဲ့ ၂ ဖွဲ့ပေါင်းပြီးပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

#မြေလတ်အသံ

Zawgyi(version)

အျခားေနရာသို႔ စစ္ေကာင္စီစစ္ေၾကာင္းမ်ား သြားေရာက္တိုက္ခိုက္ေနခ်ိန္ မုံ႐ြာ အမွတ္-၂ ရဲစခန္းလက္ပစ္ဗုံးျဖင့္ ပစ္ခံရ

မုံ႐ြာ၊ စက္တင္ဘာ ၂၊ ၂၀၂၂ ။

ယေန႕ စက္တင္ဘာလ ၂ ရက္ နံနက္ ၉ နာရီေက်ာ္ခန႔္က မုံ႐ြာ အမွတ္-၂ ရဲစခန္းကို လက္ပစ္ဗုံးေတြနဲ႕သြားေရာက္ပစ္ခတ္ခဲ့တယ္လို႔ မြန်မာ့တော်ဝင်နဂါးတပ်တောာ် MRDA မုံ႐ြာ PGF အဖြဲ႕ထံက သိရပါတယ္။

မုံ႐ြာၿမိဳ႕၊ လယ္ဇင္ေက်း႐ြာမွာ UG ေတြ ရွိတယ္ဆိုတဲ့ သတင္းအမွားေပးတိုင္တန္းလို႔ အင္အား ၁၅၀ ခန႔္အသုံးျပဳၿပီး စစ္ေကာင္စီစစ္ေၾကာင္းေတြက စစ္ေၾကာင္းထိုးလာေရာက္ပစ္ခတ္ခ်ိန္မွာ ၿမိဳ႕ေပၚရဲစခန္းကို လက္ပစ္ဗုံးနဲ႕ ပစ္ခတ္ခံခဲ့ရတာပါ။

“သူတို႔အေနနဲ႕လယ္ဇင္ဘက္ကေနၿပီး တိုက္ခိုက္တယ္လို႔ထင္ၿပီး အင္အားအလြန္အကြၽံသုံးၿပီးေတာ့ ဝင္ေရာက္တိုက္ခိုက္တာ၊ သူတို႔တိုက္ခိုက္တဲ့အခ်ိန္အဲဒီဘက္မွာဘာ UG မွမရွိဘူး၊ ဒလန္တဦးကပဲတိုင္လိုက္တာ၊ က်ေနာ္တို႔ သူတို႔စစ္ေၾကာင္းထိုးတဲ့အခ်ိန္မွာ သူတို႔နဲ႕အနီးကပ္ဆုံး မုံ႐ြာအမွတ္ ၂ ရဲစခန္းကို ႏြေဦးသစၥာေျပာက္က်ားအင္အားစု နဲ႕ ၂ ဖြဲ႕ေပါင္းၿပီးလက္ပစ္ဗုံးအစစ္ ၂ လုံးနဲ႕သြားထုတာ” လို႔ MRDA မုံ႐ြာ PGF မွ ဗိုလ္Blackက ေျမလတ္အသံကိုေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားၿပီးခ်ိန္ စစ္ေၾကာင္းေနာက္ ေနာက္ေယာင္ခံလိုက္ခဲ့ေပမယ့္ အင္အားမ်ားျပားတဲ့ စစ္ေၾကာင္းကို တိုက္ခိုက္ဖို႔ လက္နက္အင္အားနည္းပါးလို႔ ျပန္ဆုတ္ခြါခဲ့ရၿပီး တဘက္ရဲ႕အက်အဆုံးနဲ႕ ထိခိုက္မႈကို မသိရေသးဘူးလို႔ သူကဆက္ေျပာပါတယ္။

တိုက္ခိုက္မႈကို မြန်မာ့တော်ဝင်နဂါးတပ်တောာ် MRDA မုံ႐ြာ PGFႏွင့္ ႏြေဦးသစၥာေျပာက္က်ားအင္အားစု နဲ႕ ၂ ဖြဲ႕ေပါင္းၿပီးျပဳလုပ္ခဲ့တာလို႔ ဆိုပါတယ္။

#ေျမလတ္အသံ