ဘော်လခဲပွဲစဉ်ကတော့ အတန်ဆုံးပဲ
ဘော်လခဲ စစ်တပ်လက်နက်ကြီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး ၁၂၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၁၁ လက်၊ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊မတ် ၂
ကယားပြည်နယ်၊ ဘော်လခဲမြို့နယ်အတွင်းရှိ စစ်တပ် လက်နက်ကြီးကုန်းစခန်းကို တိုက် ခိုက်သိမ်းပိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁၂၀ မမ လက်နက်ကြီး အပါအဝင် လက်နက် ၁၁ လက်၊ ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၆၀ နာရီခွဲခန့်က ဘော်လခဲမြို့နယ်အတွင်းရှိ ဘီပီ_၁၂ ၊ ကောက်ကောက် စခန်း အနီးရှိ စစ်ကောင်စီတပ် ခလရ ၁၃၅ ၊ ခလရ ၅၄ နှင့် အမြောက်တပ်အမှတ် ၃၆၀ တို့ အခြေပြု ထားသည့် တောင်ကုန်းပွိုင့်အမှတ် ၁၄၄၁ စခန်း ၂ ခုကို ကရင်နီတပ်မတော်(KA)တပ်ရင်း ၁ ၊ တပ်ရင်း ၅ နှင့် KNDF ပူးပေါင်းတပ်တို့မှ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး တပ်စုအခြေပြုထား သည့် ပထမစခန်းကို မိနစ်ပိုင်းအတွင်း လွယ်ကူစွာသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ သိမ်းပိုက်ရရှိစခန်းအတွင်းမှ ၁၂ ၀ မမ လက်နက်ကြီး ၂ လက်၊ ၉ မမ သေနတ် ၁ လက်၊ အာပီဂျီ- ၇ လက်နက်ကြီး ၁ လက်၊ ငါးကျင်းမြီး စက်လတ် သေနတ် ၁ လက်၊ အမ်အေ -၂ သေနတ် ၃ လက်၊ အမ် အေ-၄ သေနတ် ၁ လက်၊အမျိုးအစား မသိရသေးသည့်လက်နက် ၂ လက်နှင့် ဗုံးသီးများ၊ ကျည်ဆံခဲ ယမ်းများ သိမ်းဆည်းရမိကြောင်း၊ စခန်း အတွင်း ၌ ပြန့်ကျဲကာ သေဆုံးနေသော အကြမ်းဖက်စစ်သား အလောင်း ၁၀ လောင်းကိုလည်း တွေ့ရှိရကြောင်း သိရသည်။
ထို့သို့ ပထမစခန်း သိမ်းဆည်းမှုအပြီး နံနက် ၈ နာရီခန့်တွင် ဒုတိယစခန်းတစ်ခုကို ဆက်လက်သိမ်း ပိုက်ရန် ပြင်ဆင်နေစဉ် အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဉ် ၅ စင်းဖြင့် စက်သေနတ် များ၊ ဗုံးသီးများဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ထိုသို့ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်မှုများကြောင့် KA ၊ KNDF တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိ ခဲ့ပြီး ၁၅ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးစခန်းကုန်းမှ သိမ်းဆည်းရရှိထားသော ၁၂၀ မမ လက်နက် ကြီးတစ်လက်ကိုလည်းချန်ထားခဲ့ရကြောင်း သိရသည်။
“ပထမစခန်းကုန်းသိမ်းပြီးတော့ နောက်ထပ်ကျန်တဲ့စခန်းကို သိမ်းပိုက်ဖို့ စီစဉ်နေတုန်း တိုက်လေယာဉ် ၅ စီးနဲ့လာပစ်လို့ ပြန်ဆုတ်ခဲ့ရတာ၊ ၁၂၀ မမ လက်နက် ကြီး တစ်လက်လည်း မသယ်နိုင်တော့ချန်ထားခဲ့ ရတယ်၊ ကျနော်တို့ဘက်ကလည်း တိုက်လေယာဉ်နဲ့လာတိုက်ခံရလို့ ကျဆုံးရဲဘော်တွေရှိပါတယ်၊ ဘယ်နှစ်ယောက်ကျလဲဆိုတာ အတိအကျမသိရသေးတာ၊ ပြီးတော့ KA ကရဲဘော်လား၊ KNDF က ရဲဘော်များ ဆိုတာ ခွဲခြားလို့မရသေးဘူး” ဟု ကရင်နီစစ်ဖက်ဆိုင်ရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ပထမစခန်းသိမ်းဆည်းမှုအပြီး နံနက်၈ နာရီခန့်တွင် ဒုတိယစခန်းတစ်ခုကိုဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်ရန်နေစဉ် ပစ်ကူထောက်ကူမှုပြုရန် အနောက်ဖက်မှစစ်ဂျက်လေယာဉ် ၅ စီးတိတိ ဝင်ရောက်လာပြီး စက်သေနတ်များဖြင့်လည်းကောင်း၊ ဗုံးသီးများဖြင့်သော်လည်းကောင်း ပစ်ခတ်မှုပြုလာသဖြင့် ပြန်လည် ဆုတ်ခွာပေးရကြောင်း သိရှိရသည်။
၁၂၀မမ လက်နက်ကြီး၂လက်ရှိသော်လည်း အခြေအနေရ(၁)လက်သာ ရယူနိုင်ခဲ့ပြီး တပ်စခန်း၏အပြင်ဖက်တွင် ၁ လက်ချန်ရစ်ခဲ့ကြောင်း၊ ကရင်နီတပ်မတော်ဘက်မှ စစ်သည်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်နယ် နယ်စပ်အနီးတွင် တိုက်ပွဲပေါင်း ၇ ကြိမ်ဖြစ်ကာ အကြမ်းဖက်စစ်သား ၄၀ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီတပ်မ တော်(KA) စစ်သတင်းမှတ်တမ်းများ အရသိရသည်။
ေဘာ္လခဲပြဲစဥ္ကေတာ့ အတန္ဆုံးပဲ
ေဘာ္လခဲ စစ္တပ္လက္နက္ႀကီးစခန္းကို တိုက္ခိုက္သိမ္းပိုက္မႈ စစ္သား ၁၀ ဦး ေသဆုံးၿပီး ၁၂၀ မမ လက္နက္ႀကီး အပါအဝင္ လက္နက္ ၁၁ လက္၊ခဲယမ္းမ်ား သိမ္းဆည္းရရွိ
ရန္ကုန္၊မတ္ ၂
ကယားျပည္နယ္၊ ေဘာ္လခဲၿမိဳ႕နယ္အတြင္းရွိ စစ္တပ္ လက္နက္ႀကီးကုန္းစခန္းကို တိုက္ ခိုက္သိမ္းပိုက္ရာ စစ္သား ၁၀ ဦးေသဆုံးၿပီး ၁၂၀ မမ လက္နက္ႀကီး အပါအဝင္ လက္နက္ ၁၁ လက္၊ ခဲယမ္းမ်ား သိမ္းပိုက္ရရွိခဲ့ေၾကာင္း ကရင္နီစစ္ဖက္ဆိုင္ရာဗဟိုသတင္းထုတ္ျပန္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္း ဌာနထံသို႔ ေျပာၾကားသည္။
ေဖေဖာ္ဝါရီလ ၂၇ ရက္ နံနက္ ၆၀ နာရီခြဲခန႔္က ေဘာ္လခဲၿမိဳ႕နယ္အတြင္းရွိ ဘီပီ_၁၂ ၊ ေကာက္ေကာက္ စခန္း အနီးရွိ စစ္ေကာင္စီတပ္ ခလရ ၁၃၅ ၊ ခလရ ၅၄ ႏွင့္ အေျမာက္တပ္အမွတ္ ၃၆၀ တို႔ အေျချပဳ ထားသည့္ ေတာင္ကုန္းပြိဳင့္အမွတ္ ၁၄၄၁ စခန္း ၂ ခုကို ကရင္နီတပ္မေတာ္(KA)တပ္ရင္း ၁ ၊ တပ္ရင္း ၅ ႏွင့္ KNDF ပူးေပါင္းတပ္တို႔မွ ႐ုတ္တရက္ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ လက္နက္ႀကီး တပ္စုအေျချပဳထား သည့္ ပထမစခန္းကို မိနစ္ပိုင္းအတြင္း လြယ္ကူစြာသိမ္းပိုက္နိုင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သိမ္းပိုက္ရရွိစခန္းအတြင္းမွ ၁၂ ၀ မမ လက္နက္ႀကီး ၂ လက္၊ ၉ မမ ေသနတ္ ၁ လက္၊ အာပီဂ်ီ- ၇ လက္နက္ႀကီး ၁ လက္၊ ငါးက်င္းၿမီး စက္လတ္ ေသနတ္ ၁ လက္၊ အမ္ေအ -၂ ေသနတ္ ၃ လက္၊ အမ္ ေအ-၄ ေသနတ္ ၁ လက္၊အမ်ိဳးအစား မသိရေသးသည့္လက္နက္ ၂ လက္ႏွင့္ ဗုံးသီးမ်ား၊ က်ည္ဆံခဲ ယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း၊ စခန္း အတြင္း ၌ ျပန႔္က်ဲကာ ေသဆုံးေနေသာ အၾကမ္းဖက္စစ္သား အေလာင္း ၁၀ ေလာင္းကိုလည္း ေတြ႕ရွိရေၾကာင္း သိရသည္။
ထို႔သို႔ ပထမစခန္း သိမ္းဆည္းမႈအၿပီး နံနက္ ၈ နာရီခန႔္တြင္ ဒုတိယစခန္းတစ္ခုကို ဆက္လက္သိမ္း ပိုက္ရန္ ျပင္ဆင္ေနစဥ္ အၾကမ္းဖက္စစ္တပ္မွ ဂ်က္ဖိုက္တာ တိုက္ေလယာဥ္ ၅ စင္းျဖင့္ စက္ေသနတ္ မ်ား၊ ဗုံးသီးမ်ားျဖင့္ ပစ္ခ်တိုက္ခိုက္ခဲ့ရာ ျပန္လည္ဆုတ္ခြာခဲ့ရေၾကာင္း၊ ထိုသို႔ အၾကမ္းဖက္စစ္တပ္မွ တိုက္ေလယာဥ္ျဖင့္ တိုက္ခိုက္မႈမ်ားေၾကာင့္ KA ၊ KNDF တပ္ဖြဲ႕ဝင္အခ်ိဳ႕ ထိခိုက္ေသဆုံးမႈရွိ ခဲ့ၿပီး ၁၅ ဦးခန႔္ဒဏ္ရာရရွိခဲ့ေၾကာင္း၊ လက္နက္ႀကီးစခန္းကုန္းမွ သိမ္းဆည္းရရွိထားေသာ ၁၂၀ မမ လက္နက္ ႀကီးတစ္လက္ကိုလည္းခ်န္ထားခဲ့ရေၾကာင္း သိရသည္။
“ပထမစခန္းကုန္းသိမ္းၿပီးေတာ့ ေနာက္ထပ္က်န္တဲ့စခန္းကို သိမ္းပိုက္ဖို႔ စီစဥ္ေနတုန္း တိုက္ေလယာဥ္ ၅ စီးနဲ႔လာပစ္လို႔ ျပန္ဆုတ္ခဲ့ရတာ၊ ၁၂၀ မမ လက္နက္ ႀကီး တစ္လက္လည္း မသယ္နိုင္ေတာ့ခ်န္ထားခဲ့ ရတယ္၊ က်ေနာ္တို႔ဘက္ကလည္း တိုက္ေလယာဥ္နဲ႔လာတိုက္ခံရလို႔ က်ဆုံးရဲေဘာ္ေတြရွိပါတယ္၊ ဘယ္ႏွစ္ေယာက္က်လဲဆိုတာ အတိအက်မသိရေသးတာ၊ ၿပီးေတာ့ KA ကရဲေဘာ္လား၊ KNDF က ရဲေဘာ္မ်ား ဆိုတာ ခြဲျခားလို႔မရေသးဘူး” ဟု ကရင္နီစစ္ဖက္ဆိုင္ရာဗဟိုသတင္းထုတ္ျပန္ေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္း ဌာနထံသို႔ ေျပာၾကားသည္။
ပထမစခန္းသိမ္းဆည္းမႈအၿပီး နံနက္၈ နာရီခန႔္တြင္ ဒုတိယစခန္းတစ္ခုကိုဆက္လက္သိမ္းပိုက္ရန္ ျပင္ဆင္ရန္ေနစဥ္ ပစ္ကူေထာက္ကူမႈျပဳရန္ အေနာက္ဖက္မွစစ္ဂ်က္ေလယာဥ္ ၅ စီးတိတိ ဝင္ေရာက္လာၿပီး စက္ေသနတ္မ်ားျဖင့္လည္းေကာင္း၊ ဗုံးသီးမ်ားျဖင့္ေသာ္လည္းေကာင္း ပစ္ခတ္မႈျပဳလာသျဖင့္ ျပန္လည္ ဆုတ္ခြာေပးရေၾကာင္း သိရွိရသည္။
၁၂၀မမ လက္နက္ႀကီး၂လက္ရွိေသာ္လည္း အေျခအေနရ(၁)လက္သာ ရယူနိုင္ခဲ့ၿပီး တပ္စခန္း၏အျပင္ဖက္တြင္ ၁ လက္ခ်န္ရစ္ခဲ့ေၾကာင္း၊ ကရင္နီတပ္မေတာ္ဘက္မွ စစ္သည္အခ်ိဳ႕ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ အသက္ေပးလႉခဲ့ရၿပီး ၁၅ ဦးခန႔္ ဒဏ္ရာရရွိခဲ့ေၾကာင္းသိရွိရသည္။
၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလမွ ေဖေဖာ္ဝါရီလအတြင္း ကရင္နီျပည္နယ္ နယ္စပ္အနီးတြင္ တိုက္ပြဲေပါင္း ၇ ႀကိမ္ျဖစ္ကာ အၾကမ္းဖက္စစ္သား ၄၀ ဦးေသဆုံးၿပီး ၂၀ ေက်ာ္ဒဏ္ရာရရွိခဲ့ေၾကာင္း ကရင္နီတပ္မ ေတာ္(KA) စစ္သတင္းမွတ္တမ္းမ်ား အရသိရသည္။