HELLO MARCH အပူချိန်မြင့်တက်လာဖွယ်ရှိပါတယ်

မြန်မာတစ်နိုင်ငံလုံးမှာ နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပြီး ရာသီဥတုကြည်လင်သာယာပါလိမ့်မယ်

မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး

ကောက်ပဲသီးနှံများရိတ်သိမ်းအခြောက်လှမ်းနိုင်ကြပါတယ်

အနီရောင်ချယ်ပြသထားသောဒေသများတွင် နေ့အပူချိန်များမြင့်တက်လာပြီး နေ့လည် ၁၂နာရီမှ ညနေ၄နာရီအတွင်း Ultraviolet index (UV Index) ခရမ်းလွန်ရောင်ခြည်းညွှန်းကိန်း 9အထိရှိလာနိုင်သဖြင့် အရိပ်အာဝါသကောင်းတဲ့နေရာများတွင်နေထိုင်ကြပါ

မိုးမရှိမြန်မာ မတ်လ
၂၀၂၃ မတ်လ ၁ရက်နေ့မှ ၂၃ရက်နေ့အတွင်းမြန်မာနိုင်ငံမှာ မိုးရွာသွန်းခြင်းလုံးဝမရှိနိုင်ပဲ နေ့အပူချိန်များတိုးမြင့်လာနိုင်ပါတယ် ရာသီဥတုကြည်လင်သာယာမှာဖြစ်တဲ့အတွက် ရာဘာခြစ်လုပ်ငန်း အုတ်လုပ်ငန်း ဆားလုပ်ငန်းနှင့် ကောက်ပဲသီးနှံများရိတ်သိမ်းအခြောက်လှမ်းခြင်းစတာတွေကို အနှောက်အယှက်ကင်းစွာဖြင့်စိတ်အေးကြည်သာလုပ်ကိုင်ဆောင်ရွက်နိုင်ကြပါတယ်လုပ်ငန်းများတိုးတက်အောင်မြင်ကြပါစေ

01/03/2023 နေ့နှင့် 02/03/2023 နေ့

စင်္ကာပူ နိုင်ငံနှင့် မလေးရှားနိုင်ငံတောင်ပိုင်း အရှေ့တောင်ပိုင်း ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်

မြန်မာ့ဆား

၂၀၂၃ မတ်လ ၁၅ရက်နေ့အထိ မြန်မာ့ဆားထုတ်လုပ်တဲ့ ဧရာဝတီတိုင်း လပွတ္တာ ဟိုင်းကြီး ငပုတောဒေသတွေမှာ မိုးအနှောက်အယှက်မရှိနိုင်လို့ ဆားတိုးမြှင့်ထုတ်လုပ်နိုင်ကြပါတယ် အုတ်လုပ်ငန်းတွေလည်တွင်ကျယ်စွာလုပ်ဆောင်နိုင်ကြပါတယ်

မြန်မာ့ဆား ထုတ်လုပ်ရာဒေသဖြစ်တဲ့ တနင်္သါရီတိုင်း ရေဖြူမြို့နယ် လောင်းလုံ ထားဝယ်မြစ်ဝ သရက်ချောင်းဒေသတွေမှာ ၂၀၂၃ မတ်လ ၁၅ရက်နေ့အထိ မိုးအနှောက်အယှက်မရှိပါဘူး မြန်မာဆားကို အားသွန်ခွန်စိုက် ထုတ်လုပ်နိုင်ကြပါတယ်

၂၀၂၃မတ်လအတွင်း လာနီညာအားပျော့လာပြီး ဘက်မလိုက်ကြားနေအဆင့်ကိုကူးပြောင်းသွားပါတော့မယ် မြန်မာနွေရာသီ မန္တလေးတိုင်း မကွေးတိုင်း ဒေသတွေမှာ ပုံမှန်ထက် +2°C – +3°C အထိမြင့်တက်လာဖွယ်ရှိပါတယ်

အပူချိန်မြင့်တက်မှုကို ဘယ်လိုကာကွယ်ကြမလည်းဆိုတာ ဆေးပညာရှင်တွေနှင့် ညှိနှိုင်းတိုင်ပင်ပြီးအကြံပြုချက်များရယူကာ တင်ပါသွားပါဦးမယ်

အားလုံးကျမ်းမာ ဘေးရန်ကင်းကြပါစေစေင်း

# ဂွတ် သီး Su Su San

Zawgyi(version)





မိုးမရှိမြန်မာ မတ်လ



မြန်မာ့ဆား



၂၀၂၃မတ်လအတွင်း လာနီညာအားပျော့လာပြီး ဘက်မလိုက်ကြားနေအဆင့်ကိုကူးပြောင်းသွားပါတော့မယ် မြန်မာနွရောသီ မန္တလေးတိုင်း မကွေးတိုင်း ဒေသတွေမှာ ပုံမှန်ထက် +2C +3C အထိမြင့်တက်လာဖွယ်ရှိပါတယ်



# ဂွတ် သီး Su Su San