ပြည်သူတွေရဲ့ ကျိန်စာတွေ စူးပီလေ
ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် တက်လာသည့် စစ်ကား ၁ စီး တိမ်းမှောက်ပြီး စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ မတ် ၂
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အရှေ့ဘက်ရှိ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးရန် တက်လာသည့် စစ်ကား ၁ စီး တိမ်းမှောက် ကာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
မတ်လ ၂ ရက် နံနက် ၄ နာရီခန့်တွင် မင်းလှမြို့နယ် အရှေ့ဘက် ပဲခူးရိုးမအတွင်း အကြမ်းဖက် စစ်တပ်က စစ်ကား ၃ စီးဖြင့် စစ်ကြောင်းထိုးရန် မင်းလှ-မြို့ချောင်းကားလမ်းရှိ ခါချဉ်တောင်ပေါ်သို့ တက်လာစဉ် စစ်ကား ၁ စီး တိမ်းမှောက်ကာ ကားပေါ်လာသည့် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” အဲ့နားက အရင်တည်းက သစ်ကားတွေ ခဏခဏ မှောက်လို့ သေတာ လူတွေမနည်းတော့ဘူး။ ဒီနေ့ နံနက်ပိုင်းမှာ မင်းလှဘက်က ပဲခူးရိုးမထဲကို စစ်ကြောင်းထိုးဖို့ တက်လာတဲ့ စစ်ခွေးကား ၃ စီး
မင်းလှ-မြို့ချောင်းကားလမ်းမှာရှိတဲ့ ခါချဉ်တောင်ပေါ်ကို တက်လာတုန်း စစ်ခွေးကား ၁ စီး တိမ်းမှောက်သွားပြီး စစ်သား ၅ ဦးသေသွားတယ်” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်မှ စစ်ကား ၃ စီးသည် မတ်လ ၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်ရှိ စစ်ကွင်းမြို့ စာသင်ကျောင်း၌ စစ်သား ၅၀ ခန့်ဖြင့် စစ်ကားများဖြင့် ရောက်ရှိလာပြီး
စာသင်ကျောင်းအတွင်း ခဏနားကာ မြို့တွင်းရှိ တရားမဝင် လုပ်ငန်း လုပ်ကိုင်သူများထံမှ ငွေတောင်းခံပြီး မင်းလှမြို့ တာဆုံမှ စိန်ကန့်လန့်-မြို့ချောင်းလမ်းအတိုင်း ပဲခူးရိုးမအတွင်း တက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ျပည္သူေတြရဲ႕ က်ိန္စာေတြ စူးပီေလ
ပဲခူးရိုးမအတြင္း စစ္ေၾကာင္းထိုးရန္ တက္လာသည့္ စစ္ကား ၁ စီး တိမ္းေမွာက္ၿပီး စစ္သား ၅ ဦးေသဆုံး
ရန္ကုန္၊ မတ္ ၂
ပဲခူးတိုင္း၊ သာယာဝတီခရိုင္၊ မင္းလွၿမိဳ႕နယ္ အေရွ႕ဘက္ရွိ ပဲခူးရိုးမအတြင္း စစ္ေၾကာင္းထိုးရန္ တက္လာသည့္ စစ္ကား ၁ စီး တိမ္းေမွာက္ ကာ စစ္သား ၅ ဦးေသဆုံးခဲ့ေၾကာင္း ေဒသကာကြယ္ေရး တပ္ဖြဲ႕မ်ားထံမွ သိရသည္။
မတ္လ ၂ ရက္ နံနက္ ၄ နာရီခန႔္တြင္ မင္းလွၿမိဳ႕နယ္ အေရွ႕ဘက္ ပဲခူးရိုးမအတြင္း အၾကမ္းဖက္ စစ္တပ္က စစ္ကား ၃ စီးျဖင့္ စစ္ေၾကာင္းထိုးရန္ မင္းလွ-ၿမိဳ႕ေခ်ာင္းကားလမ္းရွိ ခါခ်ဥ္ေတာင္ေပၚသို႔ တက္လာစဥ္ စစ္ကား ၁ စီး တိမ္းေမွာက္ကာ ကားေပၚလာသည့္ စစ္သား ၅ ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။
အဲ့နားက အရင္တည္းက သစ္ကားေတြ ခဏခဏ ေမွာက္လို႔ ေသတာ လူေတြမနည္းေတာ့ဘူး။ ဒီေန႕ နံနက္ပိုင္းမွာ မင္းလွဘက္က ပဲခူးရိုးမထဲကို စစ္ေၾကာင္းထိုးဖို႔ တက္လာတဲ့ စစ္ေခြးကား ၃ စီး
မင္းလွ-ၿမိဳ႕ေခ်ာင္းကားလမ္းမွာရွိတဲ့ ခါခ်ဥ္ေတာင္ေပၚကို တက္လာတုန္း စစ္ေခြးကား ၁ စီး တိမ္းေမွာက္သြားၿပီး စစ္သား ၅ ဦးေသသြားတယ္ ဟု ေဒသကာကြယ္ေရး တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးကေျပာဆိုသည္။
အဆိုပါ အၾကမ္းဖက္ စစ္တပ္မွ စစ္ကား ၃ စီးသည္ မတ္လ ၁ ရက္ ညေန ၅ နာရီ ၃၀ မိနစ္ခန႔္တြင္ မင္းလွၿမိဳ႕နယ္ရွိ စစ္ကြင္းၿမိဳ႕ စာသင္ေက်ာင္း၌ စစ္သား ၅၀ ခန႔္ျဖင့္ စစ္ကားမ်ားျဖင့္ ေရာက္ရွိလာၿပီး
စာသင္ေက်ာင္းအတြင္း ခဏနားကာ ၿမိဳ႕တြင္းရွိ တရားမဝင္ လုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ ေငြေတာင္းခံၿပီး မင္းလွၿမိဳ႕ တာဆုံမွ စိန္ကန႔္လန႔္-ၿမိဳ႕ေခ်ာင္းလမ္းအတိုင္း ပဲခူးရိုးမအတြင္း တက္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။