ခလရ(၃၅) တပ်ရင်းတွင် လ-က်န-က်များ ရောင်းစား အလက် ၅၀ ပျောက်ဆုံးမှုအပေါ် ဖုံးကွယ်ထား

သာယာဝတီအခြေစိုက် ခလရ(၃၅) တပ်ရင်းတွင် လက်နက်များ ရောင်းစားနေပြီး သေနတ် အလက် ၅၀ ပျောက်ဆုံးမှုအပေါ် ဖုံးကွယ်ထား

ဧရာဝတီတိုင်းမ်

(သာယာဝတီ)၊ မတ်လ ၁ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အခြေစိုက် ခလရ(၃၅) တပ်ရင်း မှ သေနတ်ဝယ်ယူသူများအား သေနတ်တစ်လက်လျှင် သိန်း ၄၀ ဝန်းကျင်မှ သိန်း ၁၂၀ အထိပေါက်ဈေးဖြင့် ရောင်းချနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ကပစထုတ် သေနတ်အတိုတစ်လက်ကို ဝယ်ယူသူများထံ ရောင်းချခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေး ဝန်ကြီးဌာနက လူတစ်ဦးလျှင် သေနတ် သုံး လက်အထိ လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ လက်နက်ခဲယမ်း ကိုင်ဆောင်ခွင့်မူကို အတည်ပြုထုတ်ပြန်ပြီးနောက် ဒုတိယဗိုလ်ချုပ်မှူးကြီးအောင်‌လင်းဒွေး လက်မှတ်ပါပါက အလွယ်တကူဝယ်ယူရရှိသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

ထိုသို့ လက်နက်ကိုင်ဆောင်ခွင့်မပြုခင်ကတည်းက ခလရ (၃၅)တပ်ရင်းအတွင်း လက်နက်‌ ပျောက်ဆုံးစာရင်းများတင်၍ လက်နက်ရောင်းချခြင်းများ ပြုလုပ်လျှက်ရှိ ကြောင်းလည်း သိရသည်။

“အရင်လက်နက်တွေ တရားဝင်ကိုင်ဆောင်ခွင့်မပြုခင်တည်းက အုပ်ချုပ်ရေးမှူး အသိုင်း ဝိုင်းတွေ၊ ပျူအသိုင်းဝိုင်းတွေနဲ့ သူတို့ဘက်ကပိုက်ဆံရှိအသိုင်းဝိုင်းတွေက လက်နက်ကို ကျိတ်ပြီး ဝယ်ထားပြီးသား။ သုံးဆယ်မြို့က အရှေ့သပြေကုန်းရပ်ကွက် အုပ်ကြီးဆို အရှည်တစ်လက်ကိုင်ထားတာကြာပြီ။ ဈေးရပ်ကွက်အုပ်ချုပ်ရေးမှူး အငယ်လေးဆီမှာလည်း လက်နက်တွေရှိတယ်။ သူတို့ကိုထုတ်ပေးထားတာမဟုတ်ဘူး။ ဒါတွေက သူတို့နည်း နဲ့သူတို့ဝယ်ထားကြတာမျိုးတွေ” ဟု အသက် ၄၀ ဝန်းကျင် သာယာဝတီ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါခလရ(၃၅) တပ်ရင်းသည် လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ဥပဒေ မထုတ်ခင်ကာလကတည်းက ရှေ့တန်းအထွက်ပြ၍ တရားမဝင်လက်နက်ရောင်းခြင်းများပြုလုပ်နေပြီး လက်နက်ပျောက်ဆုံးစာရင်းများကြောင့် ခလရ(၃၅) တပ်ရင်းမှူးဟောင်းဖြစ်သူ အောင်စည်သူအား စုံခုံဖွဲ့၍စစ်ဆေးနေသည်ဟုသိရှိရသည်။ နောက်ဆက်တွဲ အကြောင်းအရာများကို သိရှိနိုင်ရန် ဧရာဝတီတိုင်းဌာန အနေဖြင့် ဆက်လက်စုံစမ်း နေဆဲဖြစ်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

“လက်နက် အလက် ၅၀ ပျောက်တဲ့သတင်းက အခုမှ ထွက်လာတာ။ အမှန်က လက်နက်တွေကို ခလရ(၃၅)က G-1တွေ အဆင့်ဆင့်ရောင်းစားနေကြတာ။ ရှေ့တန်းထွက်တာဆိုလည်း အယောက် ၅၀ စာရင်းပြပြီး အမှန်က ၃၀ လောက်ပဲသွားတာ။ ပြီးရင်တပ်သားသေဆုံးတာ အကြောင်းပြ၊ လက်နက်ပြန်မရတာ အကြောင်းပြပြီး ရောင်းစားနေတာ။ ဒီဘက်ကအုပ်ချုပ်ရေးမှူး ဝောာ်တော်များများမှာ လက်နက်ရှိကြတယ်။ ရှေ့တန်းမှာသေတဲ့ စစ်ကောင်စီတပ်သား ၁၁ ဦးရဲ့ လက်နက်ကို ပြန်မကောက်နိူင်လို့ ခလရ (၃၅)တပ်ရင်းမှူး စုံခုံဖွဲ့ စစ်ဆေးခံ နေရတယ်လို့လဲ သတင်းရတယ်” ဟု တပ်အသိုင်း ဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ယခုအခါတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က စစ်ကောင်စီ ထုတ်ပြန်ခဲ့ အမိန်အမှတ် (၅၄/၂၀၂၃)၏ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူအရ သာယာဝတီအခြေစိုက် ခလရ(၃၅) တပ်ရင်းတွင် လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားသူ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး အဖွဲ့ဝင် အများအပြားရှိနေကြောင်း ဒေသခံများထံက သိရသည်။

သာယာဝတီအေျခစိုက္ ခလရ(၃၅) တပ္ရင္းတြင္ လက္နက္မ်ား ေရာင္းစားေနၿပီး ေသနတ္ အလက္ ၅၀ ေပ်ာက္ဆုံးမႈအေပၚ ဖုံးကြယ္ထား

ဧရာဝတီတိုင္းမ္

(သာယာဝတီ)၊ မတ္လ ၁ ရက္

ပဲခူးတိုင္း(အေနာက္ျခမ္း)၊ သာယာဝတီခရိုင္၊ သာယာဝတီၿမိဳ႕နယ္အေျခစိုက္ ခလရ(၃၅) တပ္ရင္း မွ ေသနတ္ဝယ္ယူသူမ်ားအား ေသနတ္တစ္လက္လၽွင္ သိန္း ၄၀ ဝန္းက်င္မွ သိန္း ၁၂၀ အထိေပါက္ေဈးျဖင့္ ေရာင္းခ်ေနၿပီး ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကလည္း ကပစထုတ္ ေသနတ္အတိုတစ္လက္ကို ဝယ္ယူသူမ်ားထံ ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။

စစ္ေကာင္စီလက္ေအာက္ခံ ျပည္ထဲေရး ဝန္ႀကီးဌာနက လူတစ္ဦးလၽွင္ ေသနတ္ သုံး လက္အထိ လိုင္စင္နဲ႔ ကိုင္ေဆာင္ခြင့္ျပဳတဲ့ လက္နက္ခဲယမ္း ကိုင္ေဆာင္ခြင့္မူကို အတည္ျပဳထုတ္ျပန္ၿပီးေနာက္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးေအာင္‌လင္းေဒြး လက္မွတ္ပါပါက အလြယ္တကူဝယ္ယူရရွိသည္ဟု သတင္းရင္းျမစ္က ဆိုသည္။

ထိုသို႔ လက္နက္ကိုင္ေဆာင္ခြင့္မျပဳခင္ကတည္းက ခလရ (၃၅)တပ္ရင္းအတြင္း လက္နက္‌ ေပ်ာက္ဆုံးစာရင္းမ်ားတင္၍ လက္နက္ေရာင္းခ်ျခင္းမ်ား ျပဳလုပ္လၽွက္ရွိ ေၾကာင္းလည္း သိရသည္။

“အရင္လက္နက္ေတြ တရားဝင္ကိုင္ေဆာင္ခြင့္မျပဳခင္တည္းက အုပ္ခ်ဳပ္ေရးမႉး အသိုင္း ဝိုင္းေတြ၊ ပ်ဴအသိုင္းဝိုင္းေတြနဲ႔ သူတို႔ဘက္ကပိုက္ဆံရွိအသိုင္းဝိုင္းေတြက လက္နက္ကို က်ိတ္ၿပီး ဝယ္ထားၿပီးသား။ သုံးဆယ္ၿမိဳ႕က အေရွ႕သေျပကုန္းရပ္ကြက္ အုပ္ႀကီးဆို အရွည္တစ္လက္ကိုင္ထားတာၾကာၿပီ။ ေဈးရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး အငယ္ေလးဆီမွာလည္း လက္နက္ေတြရွိတယ္။ သူတို႔ကိုထုတ္ေပးထားတာမဟုတ္ဘူး။ ဒါေတြက သူတို႔နည္း နဲ႔သူတို႔ဝယ္ထားၾကတာမ်ိဳးေတြ” ဟု အသက္ ၄၀ ဝန္းက်င္ သာယာဝတီ ေဒသခံအမ်ိဳးသားတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

အဆိုပါခလရ(၃၅) တပ္ရင္းသည္ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္ဥပေဒ မထုတ္ခင္ကာလကတည္းက ေရွ႕တန္းအထြက္ျပ၍ တရားမဝင္လက္နက္ေရာင္းျခင္းမ်ားျပဳလုပ္ေနၿပီး လက္နက္ေပ်ာက္ဆုံးစာရင္းမ်ားေၾကာင့္ ခလရ(၃၅) တပ္ရင္းမႉးေဟာင္းျဖစ္သူ ေအာင္စည္သူအား စုံခုံဖြဲ႕၍စစ္ေဆးေနသည္ဟုသိရွိရသည္။ ေနာက္ဆက္တြဲ အေၾကာင္းအရာမ်ားကို သိရွိနိုင္ရန္ ဧရာဝတီတိုင္းဌာန အေနျဖင့္ ဆက္လက္စုံစမ္း ေနဆဲျဖစ္ၿပီး သီးျခားအတည္ျပဳနိုင္ျခင္းမရွိေပ။

“လက္နက္ အလက္ ၅၀ ေပ်ာက္တဲ့သတင္းက အခုမွ ထြက္လာတာ။ အမွန္က လက္နက္ေတြကို ခလရ(၃၅)က G-1ေတြ အဆင့္ဆင့္ေရာင္းစားေနၾကတာ။ ေရွ႕တန္းထြက္တာဆိုလည္း အေယာက္ ၅၀ စာရင္းျပၿပီး အမွန္က ၃၀ ေလာက္ပဲသြားတာ။ ၿပီးရင္တပ္သားေသဆုံးတာ အေၾကာင္းျပ၊ လက္နက္ျပန္မရတာ အေၾကာင္းျပၿပီး ေရာင္းစားေနတာ။ ဒီဘက္ကအုပ္ခ်ဳပ္ေရးမႉး ေဝာာ္ေတာ္မ်ားမ်ားမွာ လက္နက္ရွိၾကတယ္။ ေရွ႕တန္းမွာေသတဲ့ စစ္ေကာင္စီတပ္သား ၁၁ ဦးရဲ့ လက္နက္ကို ျပန္မေကာက္နိူင္လို႔ ခလရ (၃၅)တပ္ရင္းမႉး စုံခုံဖြဲ႕ စစ္ေဆးခံ ေနရတယ္လို႔လဲ သတင္းရတယ္” ဟု တပ္အသိုင္း ဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။

ယခုအခါတြင္ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၃၁ ရက္ေန႔က စစ္ေကာင္စီ ထုတ္ျပန္ခဲ့ အမိန္အမွတ္ (၅၄/၂၀၂၃)၏ လက္နက္ခဲယမ္းကိုင္ေဆာင္ခြင့္မူအရ သာယာဝတီအေျခစိုက္ ခလရ(၃၅) တပ္ရင္းတြင္ လက္နက္ကိုင္ေဆာင္ခြင့္ေလၽွာက္ထားသူ အုပ္ခ်ဳပ္ေရးမႉးႏွင့္ ပ်ဴေစာထီး အဖြဲ႕ဝင္ အမ်ားအျပားရွိေနေၾကာင္း ေဒသခံမ်ားထံက သိရသည္။