မကွေးတိုင်းအတွင်း ရပ်ကွက်နှင့်ကျေးရွာများအထိ နယ်မြေစိုးမိုးရေးအတွက် ရပ်/ကျေး ပ.က.ဖ များ ဖွဲ့စည်းပြီး လ-က်-န-က်များ ထုတ်လုပ်ကာ တပ်ဆင်
မကွေးတိုင်းအတွင်း မြို့နယ်များရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရပ်/ကျေး ပ.က.ဖ များကို ခါးချိုး Shoot-G-um များ ထုတ်လုပ်ကာ တပ်ဆင်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ်(ပ.က.ဖ)က ယနေ့ စက်တင်ဘာလ (၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြိုနယ်(ပ.က.ဖ) အနေဖြင့် စစ်ကောင်စီအား ခုခံတိုက်ခိုက်ရင်း မြို့နယ်တွင်း နယ်မြေစိုးမိုးရေး လုပ်ငန်းများအား အလေးပေးဆောင်ရွက်နိုင်ရန် ရပ်/ကျေး ပ.က.ဖ များ ဖွဲစည်းလုပ်ဆောင် နေခြင်းဖြစ်သည်။
ရေစကြို PDF
အဆိုပါ နယ်မြေလုံခြုံရေးနှင့် ပြည်သူလူထုလုံခြုံရေးအတွက် ခါးချိုး Shoot-G-um များအား ထုတ်လုပ်ကာ ရပ်/ကျေးပ.က.ဖ များအား တပ်ဆင်ပေးနေသည်ဟု ဆိုသည်။
ပြည်သူလူထုလှူဒါန်းငွေများအား ကာကွယ်ရေးလုပ်ငန်းများကို စနစ်တကျအရှိန်မြင့် လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ဆက်လက်ပါဝင် လှူဒါန်းပေးကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် က အသိပေး မေတ္တာရပ်ခံထားရှိသည်။
Zawgyi(version)
မေကြးတိုင္းအတြင္း ရပ္ကြက္ႏွင့္ေက်း႐ြာမ်ားအထိ နယ္ေျမစိုးမိုးေရးအတြက္ ရပ္/ေက်း ပ.က.ဖ မ်ား ဖြဲ႕စည္းၿပီး လ-က္-န-က္မ်ား ထုတ္လုပ္ကာ တပ္ဆင္
မေကြးတိုင္းအတြင္း ၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္ႏွင့္ ေက်း႐ြာမ်ားတြင္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ား လုပ္ေဆာင္နိုင္ရန္ ရပ္/ေက်း ပ.က.ဖ မ်ားကို ခါးခ်ိဳး Shoot-G-um မ်ား ထုတ္လုပ္ကာ တပ္ဆင္ေပးေနေၾကာင္း ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ ေရစႀကိဳၿမိဳ႕နယ္(ပ.က.ဖ)က ယေန႕ စက္တင္ဘာလ (၂)ရက္ေန႕တြင္ သတင္းထုတ္ျပန္လာသည္။
ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕-ေရစႀကိဳၿမိဳနယ္(ပ.က.ဖ) အေနျဖင့္ စစ္ေကာင္စီအား ခုခံတိုက္ခိုက္ရင္း ၿမိဳ႕နယ္တြင္း နယ္ေျမစိုးမိုးေရး လုပ္ငန္းမ်ားအား အေလးေပးေဆာင္႐ြက္နိုင္ရန္ ရပ္/ေက်း ပ.က.ဖ မ်ား ဖြဲစည္းလုပ္ေဆာင္ ေနျခင္းျဖစ္သည္။
ေရစႀကိဳ PDF
အဆိုပါ နယ္ေျမလုံၿခဳံေရးႏွင့္ ျပည္သူလူထုလုံၿခဳံေရးအတြက္ ခါးခ်ိဳး Shoot-G-um မ်ားအား ထုတ္လုပ္ကာ ရပ္/ေက်းပ.က.ဖ မ်ားအား တပ္ဆင္ေပးေနသည္ဟု ဆိုသည္။
ျပည္သူလူထုလႉဒါန္းေငြမ်ားအား ကာကြယ္ေရးလုပ္ငန္းမ်ားကို စနစ္တက်အရွိန္ျမင့္ လုပ္ေဆာင္သြားမည္ျဖစ္သည့္အတြက္ ဆက္လက္ပါဝင္ လႉဒါန္းေပးၾကရန္လည္း ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕-ေရစႀကိဳၿမိဳ႕နယ္ က အသိေပး ေမတၱာရပ္ခံထားရွိသည္။