ပြည်သူ့စစ်ခေါင်းဆောင် အစားမှားလို့ နှလုံးရပ်သေ

သေနတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခံရပြီး မသေတဲ့ ပြည်သူ့စစ်ခေါင်းဆောင် အစားမှားလို့ နှလုံးရပ်သေ

ဧရာဝတီတိုင်းမ်

မတ်လ ၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ် ရှိ စစ်တပ်ဆေးရုံမှာ သေနတ်ထိမှန်လို့ ခွဲစိတ်ကုသမှုခံယူနေတဲ့ မော်လမြိုင်ကျွန်းမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဦးဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညနေပိုင်းက သေဆုံးသွားတယ်လို့ သိရပါတယ်။

သူဟာ မော်လမြိုင်ကျွန်းမြို့ရှိ Happy လက်ဘက်ရည်ဆိုင်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နေ့လည်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပုသိမ်မြို့ စစ်တပ်ဆေးရုံမှာ သေနတ်ထိမှန်ဒဏ်ရာကို ကုသမှုခံယူနေချိန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းမှာ အစားမှားလို့ နှလုံးရပ်သေဆုံးသွားတာလို့ စစ်တပ်ဆေးရုံနဲ့ နီးစပ်သူတွေက ပြောပါတယ်။

” သူ့မှာ နှလုံးရောဂါအခံရရှိတယ်။ ခုခွဲစိတ်ပြီးတော့ အစားမစားဖို့မှာထားတာ။ အဲ့တာကို ၂၇ ရက်နေ့ ညနေပိုင်းမှာ အစားစားလိုက်လို့ ဆုံးသွားတာ” လို့ ပုသိမ်မြို့ရှိ စစ်တပ်ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်က ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဦးရဲ့ သေဆုံးမှုကို သတင်းဖုံးဖိနိုင်ရန်အတွက် သူ့ရဲ့တပည့်ဖြစ်သူ ပြည်သူ့စစ်အဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ပြီး သူ့ရဲ့မိသားစုဝင်များကလည်း ရုပ်အလောင်းအား နေရပ်သို့ ချက်ချင်းသယ်ဆောင်ကာ မနေ့ကပဲ မီးသဂြိုလ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သူ့တပည့်တွေနဲ့ မိသားစုအသိုင်းအဝန်းကတစ်မြို့လုံးကို မသေဘူး။ စစ်တပ်ကုတာ လကုန်ပြန်လာမယ်ဆိုပြီးလိုက်ပြောတာ။ နောက်ပြီး သေတယ်ပြောတဲ့လူတွေ အကုန်တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်သေးတာ။ မနေ့ကတော့ အလောင်းပြန်ရောက်လာပြီး ၃ ရက်တောင်မထားဘူးချက်ခြင်းသဂြိုလ်လိုက်တယ်”လို့ မော်လမြိုင်ကျွန်းမြို့နယ်မှဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

နာရေးလိုက်ပါပို့ဆောင်သူတွေကိုလည်း ဓာတ်ပုံရိုက်ကူးခွင့်မပေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။”သူတို့ စစ်တပ်ထောက်ခံသူတွေ။ ဘဝက သေတာတောင်မှောင်ခိုလုပ်သေရတာ။ ဆေးရုံက ကျောဘက်ကဝင်သွားတဲ့ကျည်ဆန်ထုတ်မရလို့ သေသွားတယ်လို့ကြားတယ်။ ဒါကို အစားမှားလို့ သေရတာပါဆိုပြီး လိုက်ပြောနေတယ်။ ဘာပဲပြောပြောမော်ကျွန်းမှာ စစ်တပ်ဒေါက်တိုင်တစ်ယောက်တော့ရှင်းသွားပြီ”လို့ မော်ကျွန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်ပြည့်သူစစ်ခေါင်းဆောင်နဲ့ မဘသဥက္ကဌ ဖြစ်တဲ့ဦးကျော်တင့်ဦးကို ဧရာဝတီစစ်ဒေသခွဲကွပ်ကဲရေး နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် မော်ကျွန်း (ပ.က.ဖ)၊ ဧရာဝတီလင်းပိုင်(မော်ကျွန်း)နှင့် Bogalay Dolphin People’s Defence Force(Ayeyarwaddy Guerilla Force)အဖွဲ့တို့မှ ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းပြီး ကျော်တင့်ဦးအား သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ပေမယ့် လက်မောင်းကိုသာထိမှန်ပြီးအသက်မသေခဲ့ဘူးလို့ သိရပါတယ်။

သူဟာ ပြည်သူများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးခြင်း ၊ မတရားပုဒ်မများဖြင့် ပြည်သူများ ဒုက္ခရောက်အောင် ပူးပေါင်းဆောင်ရွက်ခြင်း ၊ Social Media မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားဆဲဆို စိန်ခေါ်ခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

Ayeyarwaddy_Times

သေနတ်နဲ့ ၂ ကြိမ် ပစ်ခတ်ခံရပြီး မသေတဲ့မော်လမြိုင်ကျွန်းမြို့ ပြည်သူ့စစ်ခေါင်းဆောင် အစားမှားလို့ နှလုံးရပ်သေ