မောင်မောင်ခေါ်တုန်း ဗျာထူးသင့်ပြီ !
NUG သမ္မတကြီးမှ နိုင်ငံတကာကို အာမခံ ကတိပေးလိုက်ပြီနော်
” တိုင်းပြည်တည်ငြိမ်မှုရှိတာနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က အာမခံချက် ပေးနိုင်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ဒီကနေ့ အသိပေး ပြောကြားလိုက်ပါတယ် ”
အဲ့တော့ စဉ်းစားကြပေါ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ငယ်တော့တာလည်း မဟုတ်ကြဘူး ပရိုနဲ့ ပညာရှင်တွေပဲ အခြေနေနဲ့ အချိန်မီကို သိသင့် တွက်ဆ မြင်ကြသင့်ပြီ
အဲ့လိုမှ မဟုတ်ပဲ စကစပဲ နိုင်မယ်ထင်ပြီး အကျိုးတူရသလို သဲ့ယူချင်နေရင်တော့လည်း ပွဲပြီးမှ မငိုပြကြေး စကစကိုကြောက်လို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
ခုက နိုင်မြင်းလည်း သိနေပြီ အခြေနေမှန်းလည်း မြင်ရဲ့သားနဲ့ အာဏာရှင်နဲ့ပေါင်း တစင်ထောင်ဖို့ နိုင်ငံကို ယု-တ်မာချင်ရင်တော့ ဘောင်ချာလမ်းဟာ မဖြောင့်ဘူးဆိုတာ သိကြဘို့ ကောင်းပါပြီ
အချိန်မီ ရှိတုန်း ပြင်ဆင် ပူးပေါင်း ကမ်းလင့်မှုကို ယုံကြည်ပြီး လက်တွဲကြပါ တတဂ်မဟုတ်တဲ့ ရလဒ်တွေနဲ့ ထာ၀ရ အေးချမ်းသော နိုင်ငံအဖြစ် တည်ဆောက် ရှု့မြင်လိုလျင် ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီနဲ့
စ-စ်တပ်ယု-တ်မာမှုတွေကိုကြည့် ပြည်သူခံစားနေရတာတွေကို သိမြင်ပြီး
ယခုအရေးကို အဆုံးသတ်ဖို့ အားလုံး ညီညွတ် လက်တွဲ ဖေးမ ၀န်းရံပြီး အားဖြည့် ပူးပေါင်းပေးကြဖို့ အချိန်တန်ပြီဟု ပြောလိုသည် !
#မင်းကြည်ညိုနေ 🕊️
တိုင်းပြည်တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်တယ်လို့ ယာယီသမ္မတပြော
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃
တိုင်းပြည်တည်ငြိမ်မှုနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က အာမခံချက် ပေးနိုင်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလ က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် အရပ်သားအစိုးရကသာ တည်ငြိမ်မှုနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံချက်ပေးနိုင်မည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
၎င်းက “စစ်အာဏာရှင်များရဲ့ လက်အောက်မှာ တိုင်းပြည်နဲ့လူထုရဲ့ ထွက်ပေါက်၊ တိုးတက်မှု လမ်းကြောင်းမရှိ၊ လက်ရှိ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားပြီး ပိုမိုစုံလင်သော စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒ ရှိပါတယ်။ ကျနော်တို့ အစိုးရကသာ တိုင်းပြည်ရဲ့တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို အာမခံချက်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် စစ်အစိုးရ အနေဖြင့် တိုင်းပြည်တည်ငြိမ်မှု မပေးနိုင်ကြောင်း သမိုင်းတလျှောက် အကြိမ်ကြိမ် အာဏာသိမ်းမှုများဖြင့် ကြုံတွေ့ခဲ့ရပြီး အိမ်နီးချင်းနိုင်ငံများ အနေဖြင့် စစ်အုပ်စု၏ အာဏာသိမ်းမှုနှင့် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှု လုပ်ရပ်များကြောင့် ပြည်သူများ တွေ့ကြုံနေရသည့် အခက်အခဲ စိန်ခေါ်မှုများအား စာနာပြီး ရပ်တည်ပေးကြရန် မျှော်လင့်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း (Deng Xijun) အနေဖြင့် တရုတ်-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လာရောက် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ ပဋိပက္ခအတွင်း မပါဝင်ကြရန်နှင့် တွေ့ဆုံဆွေးနွေးရေးအား ဦးစားပေး ပြောဆိုခဲ့ကြောင်း တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က ထုတ်ဖော် ပြောကြားထားသည်။
စစ်အာဏာရှင်စနစ် ဖြုတ်ချရေး လူထုတော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံး ပူးပေါင်းလက်တွဲရေး NUG အနေဖြင့် အပြင်းအထန် ကြိုးပမ်းနေချိန်တွင် တရုတ်အထူးကိုယ်စားလှယ်၏ ပြောဆိုချက်များသည် တော်လှန်ရေးတွင် ပါဝင်နေသည့်အဖွဲ့များ၏ ကြိုးပမ်းချက်နှင့် ဆန့်ကျင်ကွဲလွဲလျက် ရှိနေသည်။
ထို့ပြင် တရုတ်အထူးကိုယ်စားလှယ်၏ ခရီးစဉ်သည် အမေရိကန်အစိုးရ၏ တော်လှန်ရေးအဖွဲ့အစည်းများအား ထောက်ပံ့ပေးမည့် ဥပဒေပြဋ္ဌာန်းခဲ့ခြင်းနှင့် ဝါရှင်တန်မြို့တွင် NUG နိုင်ငံခြားရေးရုံး ဖွင့်လှစ်ခဲ့ခြင်းများနှင့် တိုက်ဆိုင်နေပြီး တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် အမေရိကန်၏ ဩဇာသက်ရောက် လွှမ်းမိုးလာမည်ကို ဟန့်တားလိုသည့်အတွက် လာရောက်တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။
ယင်းသို့ အခြေအနေနှင့် ပတ်သက်ပြီး NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးနှင့် နိုင်ငံတကာ၏ အားပေးကူညီမှုများ ပိုမိုထိရောက်မှု ရှိစေရေးအတွက် အားထုတ်ကြိုးပမ်းကြရန်လည်း အစိုးရအဖွဲ့ဝင်များအား တိုက်တွန်းသတိပေးခဲ့သည်။
၎င်းက “အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ အားပေးကူညီမှုများအတွက် ကျေးဇူးတင်ရသလို တဖက်ကလည်း အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ အားပေးကူညီမှုများလည်း ပိုမိုထိရောက်မှုရှိနိုင်ဖို့ ကျနော်တို့ အားထုတ်ရမှာ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံလည်းဖြစ်၊ အင်အားကြီးနိုင်ငံလည်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကိုလည်း မျှခြေတခုရှိအောင် စဉ်းစားပြီး ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် နိုင်ငံအတွင်း ဆိုးရွားလွန်းသည့် အခြေအနေများနှင့် လူမဆန်သည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် မိမိတို့နိုင်ငံအတွင်း နေထိုင်နိုင်ရန် မဖြစ်တော့သည့်အတွက် နယ်စပ်ဒေသများတွင် ရောက်ရှိနေကြသည့် တော်လှန်ရေးတက်ကြွလှုပ်ရှားသူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) များ အားလုံးအတွက်လည်း အတိုင်းအတာတခုထိ လုံခြုံစွာနေထိုင်ခိုလှုံခွင့်ရရှိရေး ဝိုင်းဝန်းကြိုးပမ်းပေးကြရန်လည်း တောင်းဆိုကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောခဲ့သည်။