ဒေါ်ဇင်မာအောင်က ဘယ်နိူင်ငံရဲ့ ကြိုးကိုင်မှုကိုမှ လက်မခံထားဘူးလို့ ပြောကြား

” ကြိုဆိုရသော မိန့်ခွန်း ”

သတင်းနှစ်ခု တွေ့တယ် တခုက တျုတ်က မြောက်ပိုင်းသုံးဖွဲ့ O KIO NDAA ကိုတွေ့ပြီး စစ်တပ်နဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ပြောတဲ့ သတင်း နောက်တခုက ဖေဖော်ဝါရီ၂၆ရက်က ကျင်းပတဲ့ Global Town Hall Meeting မှာ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က

” ကျမတို့ တိုင်းပြည်အနေအထားအရရော၊ ပထဝီအနေအထားအရရော ဘယ်နိူင်ငံကြီးတွေနဲ့မှ ကြားမညှပ်ဖို့လိုပါတယ် ကျမတို့ဟာ လွတ်လပ်ပြီး တက်ကြွတဲ့ နိူင်ငံခြားရေးမူဝါဒကို ကျင့်သုံးတယ် ကျမတို့သွားနေတဲ့ တော်လှန်ရေးဟာ ဘယ်နိူင်ငံရဲ့ ကြိုးကိုင်မှုကြောင့် ၊ ဘယ်သူ့ရုပ်သေးရုပ်မှ အဖြစ်ခံမှာမဟုတ်ပါဘူး နိူင်ငံတစ်နိူင်ငံအနေနဲ့ရော၊ အစိုးရတစ်ရပ်အနေနဲ့ရောပါ” လို့ ကမ္ဘာကို အသိပေးဆိုလိုက်တယ်

ဒါဟာ အမေစုရဲ့ နိုင်ငံရေးလမ်းစဉ် မူဝါဒဖြစ်သော မည်သည့်နိုင်ငံရဲ့ ဩဇာခံမှ မဟုတ်ပဲ နိုင်ငံကြီးတွေရဲ့ ကြားခံ အဖြစ်မခံလိုကြောင်း မိမိတို့ဘာသာ ရပ်တည်ပြီး ဘက်မလိုက်မူဝါဒနဲ့ အားလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံ တည်ဆောက်သွားမှာ ဖြစ်ကြောင်းဆိုတဲ့ နည်းလမ်းကို ကျင့်သုံးသောကြောင့် ပြည်သူများအနေဖြင့် အထူးသဖြင့်ခုလိုချိန် ဒီစကားမိန့်ခွန်းကို ကြိုဆိုရမည် ဖြစ်ပေသည်

အကြောင်းသည် ယခုလို မြန်မာကို တည်ပြီး မြေဇာအဖြစ် ကစားချင်နေသည့် တျုတ် US ကြားမှာ ခုလိုတော်လှန်ရေး ပြီးဆုံး အောင်မြင်ခါနီးမှာ US နဲ့ နိုင်ငံတကာရဲ့ အကူညီပေးရေးတွေ ၀င်လာမှာကြောက်တဲ့ တျုတ်ကို ပညာသားပါပါနဲ့ သတိပေးပြီး မနှောင့်ယှတ်အောင် အသိပေး စကားလည်းဆိုလိုက်ခြင်း ဖြစ်၍

ဒါကို နားမလည် သဘောမပေါက်သော ပြည်သူနဲ့ တလရအင်အားစု အတွင်းမှ သူများဟာ တော်လှန်ရေး အမြန်အောင်ဖို့အတွက် NUG ကို ဖြစ်နိုင်ရင် US နဲ့မဟာမိတ်ပြုစေလိုသည် သို့မှ တျုတ်အောက်က လွတ်မယ် အကူညီတွေ အမြန်ရမယ် တွက်ဆထားကြလို့ပဲ ဖြစ်သည်

ဤအချက်သည် မှန်လားဆို မှန်ကန်သော်လည်း အကယ်၍ ခုလိုချိန် US ကို ယိမ်းလိုက်ရင် သေချာတယ် proxy war သို့ တျုတ်၀င်ခနှောက်လို့ ပွဲက ကြာနေအုံးမယ် ထိုအတွက် ခုပင် မြောက်သုံးဖွဲ့လာတွေ့ပြီး စစ်တပ်ကို ပြန်မတိုက်ရေးနဲ့ US အကူညီပေးရေးတွေ လက်မခံစေဘို့ သွယ်ဝိုက် သတိလာပေးနေခြင်းတွေ့ကို တွေ့နေရပြီ မဟုတ်ပါလား

ဒီတော့ ကြားခံ မြေဇာမဖြစ်အောင် ဒီနည်းနဲ့ မယုတ်မလွန် လိုတိုးပိုလျှော့ နှစ်ဖက်ကို သတိပေးစကားဆိုလိုက်ပြီး မိမိကြောင့် ပွဲဆက်မရှည်အောင် တဖက်ကကူညီရင် တဖက်က ကြည်ဖြူလက်ခံအောင် NUG မှ ကြားမှနေ ပါးပါးနပ်နပ်နဲ့ ရှောင်ကွင်း နှစ်ဖက်စလုံးနဲ့ အဆင်ပြေ လက်ခံ ဆက်ဆံ တည်ဆောက်သွားမည်ဟူသော မူဝါဒကို ယတိပြတ် ချထားပြပြီ ဖြစ်သောကြောင့်

US အကူညီ ပေးရေးတွေဟာ တျုတ်ကို မထိခိုက်ဘူး NUG ကလည်း US ဘက် မယိမ်းပဲ တက်လာရင် နှစ်ဖက်စလုံးကို အမေစု လမ်းစဉ်အတိုင်း အထူးသဖြင့် ရှီကျင့်ဖျင် လက်ခံ သဘောကျတဲ့ ကြားနေနိုင်ငံ မူဝါဒနဲ့ပဲ ရပ်တည်ပြီး တျုတ်အကျိုးစီးပွားတွေ အထိခိုက် မခံစေရပါဘူးလို့ အသိပေးလိုက်တဲ့အတွက် ဒီအပေါ်မှာ တျုတ်ကြီးတော့ သဘောကျ စိတ်ချ ယုံကြည် လက်ခံသွားကြရင် ပွဲက အေးဆေးနဲ့ ပြီးပြတ်ပါလိမ့်မည်ဆိုတာ သိစေချင်သည်

သို့ကြောင့် ဒီသဘောတရားနားလည်ပြီဆိုရင် တျုတ်ကို မကြိုက်ဘူး အမေရိကန်နဲ့ပဲ မိတ်ဖက်လုပ်ပါ အကူညီရရေးတွေ တောင်းဆိုပါဆိုပြီး အချင်းချင်း ပွဲဆူ NUG ကို မဘလိန်းစေချင် အကြောင်းသည် မြင်တတ်ရင် ပွဲက ပြီးကာနီးပြီ ဖြစ်ပြီး US ဘက်ယိမ်းမှုသည် နောက်ဆုံးအဆင့် သာကောတို့ ဗျောင်ကျစွာ ပါ၀င်ယု-တ်ညံ့လာမှ ကျင့်သုံးရမည့် ဗျုဟာဖြစ်သောကြောင့် ပွဲကိုထိန်းပြီး သာကော US ထိတ်တိုက်တွေ့ မိမိတို့ကို ကြားခံ မြေဇာအဖြစ် အသုံးမချရေးကို ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်သွားတာ အင်မတန်မှ လှပါသည်ဆိုတာ မြင်ရင်

နိုင်ငံရေးဆိုတာ လုပ်ရိုး ဖြစ်စဉ်တွေကို ဗျုဟာတွေ တက်ကနစ်တွေနဲ့ ခင်းကျင်းကစားရတာပါ ရိုးသားဖို့လိုတယ်ဆိုတာ နိုငိငံရေးကျင့်၀တ်နဲ့ ရပ်တည်ဖို့အတွက် ဆိုလိုတာပါ ဒီနှစ်ခုကို ကောင်းစွာ ခွဲခြား နားလည် သိမြင်ဖို့လိုပါတယ် ဒီတော့ ခုချိန် ဗျုဟာအရ မှန်ကန်၍ လက်ခံရမည်ဖြစ်သည် ဆိုရရင် ပြောကို ပြောဆိုသင့်သည့်စကားဖြစ်၍ ခုလိုထုတ်ဖော်ပြောဆိုခြင်းဟာ US ၀င်လာမှ ကြောက်ပြီး နိုင်ငံရေးအရ တျုတ်က လက်မခံ ကြားခံနေရင် ပွဲဆက်က ရှည်ကြာလိမ့်မယ်

ဒီတော့ US နဲ့တွေ့ပြီး တျူတ်မကြောက်အောင် ဗျူဟာကစားကွက်အရ တမင်လှည့်စားဖို့ ပြောလေသလား သို့မဟုတ် တျုတ်မနှောင့်ယှတ်နိုင်အောင် US ကလည်း ကြိုးကိုင်မခံရအောင် ခုလို ယတိပြတ်ပြော‌ဆိုပြီး အသိပေးလိုက်သလား ခုလို မြန်မာ့မြေမှာ တျုတ် US လွန်ဆွဲနေချိန် ထိုသို့ အသိပေးပြောပြီး

တျုတ်လည်း မစိုးရိမ်အောင် US ဆီကလည်း အကူညီရအောင် လုပ်ဆောင်လိုက်တဲ့ အခင်းကျင်းဟာ NUG ရဲ့ အရည်ချင်းဖြစ်ပြီး

မြင်တတ်ရင် ပွဲကို ညင်သာစွာ အဆုံးသတ်ဖို့ နှစ်ဖက်ကို ပူးတွဲချည်ပြီး မိမိအိမ်တွင်း ချစ်ခင်နွေးထွေးစွာ အရင်အမေစုခေတ်အစိုးရလို မစိုးရိမ်မကြောင့်ကျပဲ လာလည်ကြစေဖို့ ကြိုဆိုလိုက်သော ကောဇောနီအခင်းကျင်းဖြစ်၍ ဒါကိုမှ သာကော နိုင်ငံရေးအရ လက်မခံဘူးဆိုရင်တော့ US ဘက်ကို ယတိပြတ် ယိမ်းရမှာ ဖြစ်သလို သူ့မူဝါဒအတိုင်း လျောက်လှမ်းရမှာ ဖြစ်၍ မချစ်သော်လည်း အောင့်ကာနမ်းနဲ့ US တျုတ် မြေဇာအဖြစ် ဒီမြေပန်းတွေ မကြေစေဖို့ စ-စ်တပ်ကြိုး-စင်တက်စေဖို့ မူဝါဒကို ပြောင်းလဲ ကျင့်သုံးရမှာ ဖြစ်ပေသည်

ယခုတော့ NUG ဟာ အားလုံးကို Welcome ဖြင့် ကော်ဇောနီခင်း ကြိုဆိုထားပြိီး/ ဆိုတာနဲ့ ဘယ်သူတွေ စစ်မှန်ပြီး မိမိအိမ်အတွင်း ရဲ၀င့်စွာ လျှောက်လှမ်းဝင်လာပြီး ပြည်သူအတွက် NUG ကို လက်တွဲနှုတ်ဆက် ဖေးကူကြမလဲ စောင့်ကြည့်ပါပြီ !

#မင်းကြည်ညိုနေ 🕊️

လွတ်လပ်ပြီး တက်ကြွတဲ့ နိူင်ငံခြားရေးမူဝါဒကိုကျင့်သုံးနေပြီး ဘယ်နိူင်ငံရဲ့ ကြိုးကိုင်မှုကိုမှ လက်မခံထားဘူးလို့ NUG နိူင်ငံခြားရေးဝန်ကြီးပြောကြား
============

ဖေဖော်ဝါရီ၂၇

လွတ်လပ်ပြီး တက်ကြွတဲ့ နိူင်ငံခြားရေးမူဝါဒကိုကျင့်သုံးနေပြီး ဘယ်နိူင်ငံရဲ့ ကြိုးကိုင်မှုကိုမှ လက်မခံထားဘူးလို့NUG နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုပါတယ်။

ဖေဖော်ဝါရီ၂၆ရက်ကျင်းပတဲ့Global Town Hall Meeting မှာ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။

“ကျမတို့ တိုင်းပြည်အနေအထားအရရော၊ ပထဝီအနေအထားအရရော ဘယ်နိူင်ငံကြီးတွေနဲ့မှ ကြားမညှပ်ဖို့လိုပါတယ်။

ကျမတို့ဟာ လွတ်လပ်ပြီး တက်ကြွတဲ့ နိူင်ငံခြားရေးမူဝါဒကို ကျင့်သုံးတယ်။ကျမတို့သွားနေတဲ့ တော်လှန်ရေးဟာ ဘယ်နိူင်ငံရဲ့ ကြိုးကိုင်မှုကြောင့် ၊ ဘယ်သူ့ရုပ်သေးရုပ်မှ အဖြစ်ခံမှာမဟုတ်ပါဘူး။နိူင်ငံတစ်နိူင်ငံအနေနဲ့ရော၊ အစိုးရတစ်ရပ်အနေနဲ့ရောပါ”လို့ဆိုပါတယ်။

လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အမေရိကန်နိူင်ငံ ဝါရှင်တန်ဒီစီမှာ နိူင်ငံခြားရေး ရုံးခန်းဖွင့်လှစ်ထားပြီး ချက်နိူင်ငံ၊ သြစတြေးလျနိူင်ငံ၊ ပြင်သစ်နိူင်ငံ၊ကိုရီးယား၊ဂျပန် စတဲ့နိူင်ငံများမှာလည်း အစိုးရ ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ထားရှိပါတယ်။

#ဒေါ်ဇင်မာအောင်