လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီမှ ထောင်ဒဏ်အနှစ်(၂…see more

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ထပ်မံချမှတ်၊ စုစုပေါင်းထောင်ဒဏ် ၂၀ နှစ်အထိရှိလာ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီကရွေးကောက်ပွဲအမှုဖြင့် ထောင် ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ချလိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ်ရှိလာကြောင်း သိရှိရသည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီးရာမှ ယနေ့တွင် အမှု ၄ ခုအတွက် အမိန့်ချခြင်းဖြစ်ကြောင်း၊ အမှု ၃ ခုအတွက်ထောင် ဒဏ် ၃ နှစ်စီ ချမှတ်ပြီး တစ်ပေါင်းတည်းကျခံစေရန် အမိန့်ချကြောင်း၊ အခြားအမှုတစ်ခုအတွက်လည်း ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်သဖြင့် ယနေ့ အမှု ၄ ခုအတွက် ထောင်ဒဏ် ၆ နှစ်ချမှတ်ခြင်းဖြစ်ကြောင်း၊ လက်ရှိ တွင် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံထားရာမှ ယနေ့တွင် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်ခြင်းဖြစ်၍ စုစုပေါင်း ထောင်ဒဏ် ၂၀ နှစ်ရှိလာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၍ ဥပဒေမဲ့ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

Zawgyi(version)


