ထန်တလန်တပ်ကုန်းသို့လာသည့် ထောက်ပို့ရဟတ်ယာဉ် ဒရုန်းဖြင့်တို-က်ခို-က်တဲ့ ရုပ်သံ

WoW WoW 9+ အဇန်းမို့်စ့် အားရစရာအကောင်းဆုံး ဒီသတင်းကတော့ မိုက်စ့်ပြီလေ

ဒီနေ့အဖို့ တန်ချက် မအလ အိပ်မက်ဆိုးပြီ ဘာကျန်သေးလည်း တင်စားပြောဘို့ 😛

တကယ်ကြီးကို ကြ-က်ပြေးမှာ ပွဲဆူစေမည့် ရခိုင်ကနေ မအလ လှမ်းဆဲပြီဟေ့ အိပ်မှ ပျော်ကြပါ့မလား မသိ အဟီးးးး

ပုဇဉ်းတကောင် ဖော်တကင် ခေါ်တခံသွားရှာဘီ တို့အတွက် အိပ်ဆေး သူတို့အတွက် ဿေဆေး အဟေးးးး 😁

#နန်းကြည်ညိုဝေ 🦚

ထန်တလန်တပ်ကုန်းသို့လာသည့် ထောက်ပို့ရဟတ်ယာဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

▪️ရဟတ်ယာဉ်ပေါ်မှ ချသည့်ပစ္စည်းများ ထပ်ဆင့်ပေါက်ကွဲမှုဖြစ်

ဖေဖော်ဝါရီလ ၂၇ ရက်

ချင်းပြည်နယ် ထန်တလန်မြို့ စစ်ကောင်စီတပ်ကုန်းသို့လာသည့် ရဟတ်ယာဉ်ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်(CDF)ပူးပေါင်းတပ်က ယမန်နေ့ ဖေဖော်ဝါရီ ၂၆ရက်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ထိခိုက်မှုရှိခဲ့သည့်အပြင် ရဟတ်ယာဉ်ပေါ်မှ ချသည့်ပစ္စည်းများလည်း ပေါက်ကွဲမှုဖြစ်ခဲ့သည်ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

Chinland Information Centerက အဆိုပါတိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကို ယနေ့ထုတ်ပြန်ခဲ့ရာ ကွင်းတစ်ခုအတွင်း စုပုံထားသည့် ပစ္စည်းအချို့မီးလောင်နေပြီးထပ်ဆင့်ပေါက်ကွဲမှု ဖြစ်ပွားနေသည်ကို တွေ့ရသည်။

“မနေ့က ရဟတ်ယာဉ် ထောက်ပို့ယာဉ်တစ်စီး သူတို့ပစ္စည်းတွေဘာတွေချတဲ့အချိန်မှာ ကျွန်တော်တို့ ဒရုန်းနဲ့တိုက်ခိုက်တာပေါ့။ ရဟတ်ယာဉ်က ထွက်သွားတယ်။ သူတို့ချပေးတဲ့ ပစ္စည်းတွေ စစ်အသုံးအဆောင် ပစ္စည်းလို့ထင်ရတဲ့ဟာတွေ မီးလောင်သွားတာပေါ့။ထောက်ပို့ယာဉ်ဆိုတော့ စစ်ကောင်စီရဲ့ တပ်ကုန်းကို အမြဲတမ်း လာလေ့ရှိတာပေါ့။(ရဟတ်ယာဉ်)ထိခိုက်လား မထိခိုက်လားတော့ မသိဘူး မီးခိုးတလူလူနဲ့ ချက်ချင်း ပြန်ထွက်သွားပြီး ပြန်ထွက်သွားတာပေါ့”ဟု ဆလိုင်းထက်နီကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ရက်ကလည်း ထန်တလန်တပ်ကုန်းသို့ စစ်ကောင်စီ ရဟတ်ယာဉ် ၂စီး လာရောက်စဉ် ထောက်ပို့ရဟတ်ယာဉ်ကို ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အဆိုပါ ရဟတ်ယာဉ်ကိုလည်း ထိခိုက်မှုရှိခဲ့ပြီး မီးခိုးတလူလူဖြင့် ဟားခါးဘက်သို့ ပျံသန်းသွားသည်ဟု ဆိုသည်။

ထန်တလန်မြို့တွင် CNA/CDF ပူးပေါင်းတပ်က ၂၀၂၂ ဒီဇင်ဘာ ၂၉ရက်ကစ၍ စစ်ဆင်ရေးဆောင်ရွက်လျက်ရှိရာ ရက်ပေါင်း ၆၀အတွင်း စစ်ကောင်စီ၏ ထန်တလန်ရဲစခန်းကို သိမ်းပိုက်ခြင်း၊ ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ အချို့ကို စီးနင်းသိမ်းပိုက်ခြင်း၊ စစ်ကောင်စီတပ်၏ ထောက်ပို့ရဟတ်ယာဉ်ကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

အဆိုပါ နှစ်လတာစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်က ၂၀ ဦးသေဆုံးကာ ၂၅ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်ထံမှ လက်နက်ပေါင်း ၅၀ခန့် သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် ရဲ ၆ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ထန်တလန် CDFက အသိပေးထားသည်။

ရုပ်သံ – Chinland Information Center

WoW WoW 9+ အဇန္းမို႔္စ့္ အားရစရာအေကာင္းဆုံး ဒီသတင္းကေတာ့ မိုက္စ့္ၿပီေလ

ဒီေန႔အဖို႔ တန္ခ်က္ မအလ အိပ္မက္ဆိုးၿပီ ဘာက်န္ေသးလည္း တင္စားေျပာဘို႔ 😛

တကယ္ႀကီးကို ၾက-က္ေျပးမွာ ပြဲဆူေစမည့္ ရခိုင္ကေန မအလ လွမ္းဆဲၿပီေဟ့ အိပ္မွ ေပ်ာ္ၾကပါ့မလား မသိ အဟီးးးး

ပုဇဥ္းတေကာင္ ေဖာ္တကင္ ေခၚတခံသြားရွာဘီ တို႔အတြက္ အိပ္ေဆး သူတို႔အတြက္ ႆေေဆး အေဟးးးး 😁

#နန္းၾကည္ညိဳေဝ 🦚

ထန္တလန္တပ္ကုန္းသို႔လာသည့္ ေထာက္ပို႔ရဟတ္ယာဥ္ ဒ႐ုန္းျဖင့္တိုက္ခိုက္ခံရ

▪️ရဟတ္ယာဥ္ေပၚမွ ခ်သည့္ပစၥည္းမ်ား ထပ္ဆင့္ေပါက္ကြဲမႈျဖစ္

ေဖေဖာ္ဝါရီလ ၂၇ ရက္

ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ စစ္ေကာင္စီတပ္ကုန္းသို႔လာသည့္ ရဟတ္ယာဥ္ကို ခ်င္းအမ်ိဳးသားတပ္မေတာ္(CNA)ႏွင့္ ခ်င္းကာကြယ္ေရးတပ္(CDF)ပူးေပါင္းတပ္က ယမန္ေန႔ ေဖေဖာ္ဝါရီ ၂၆ရက္တြင္ ဒ႐ုန္းျဖင့္ တိုက္ခိုက္ခဲ့ရာ ရဟတ္ယာဥ္ ထိခိုက္မႈရွိခဲ့သည့္အျပင္ ရဟတ္ယာဥ္ေပၚမွ ခ်သည့္ပစၥည္းမ်ားလည္း ေပါက္ကြဲမႈျဖစ္ခဲ့သည္ဟု CNA ေျပာေရးဆိုခြင့္ရွိသူ ဆလိုင္းထက္နီက ေျပာသည္။

Chinland Information Centerက အဆိုပါတိုက္ခိုက္မႈ ႐ုပ္သံမွတ္တမ္းကို ယေန႔ထုတ္ျပန္ခဲ့ရာ ကြင္းတစ္ခုအတြင္း စုပုံထားသည့္ ပစၥည္းအခ်ိဳ႕မီးေလာင္ေနၿပီးထပ္ဆင့္ေပါက္ကြဲမႈ ျဖစ္ပြားေနသည္ကို ေတြ႕ရသည္။

“မေန႔က ရဟတ္ယာဥ္ ေထာက္ပို႔ယာဥ္တစ္စီး သူတို႔ပစၥည္းေတြဘာေတြခ်တဲ့အခ်ိန္မွာ ကၽြန္ေတာ္တို႔ ဒ႐ုန္းနဲ႔တိုက္ခိုက္တာေပါ့။ ရဟတ္ယာဥ္က ထြက္သြားတယ္။ သူတို႔ခ်ေပးတဲ့ ပစၥည္းေတြ စစ္အသုံးအေဆာင္ ပစၥည္းလို႔ထင္ရတဲ့ဟာေတြ မီးေလာင္သြားတာေပါ့။ေထာက္ပို႔ယာဥ္ဆိုေတာ့ စစ္ေကာင္စီရဲ့ တပ္ကုန္းကို အျမဲတမ္း လာေလ့ရွိတာေပါ့။(ရဟတ္ယာဥ္)ထိခိုက္လား မထိခိုက္လားေတာ့ မသိဘူး မီးခိုးတလူလူနဲ႔ ခ်က္ခ်င္း ျပန္ထြက္သြားၿပီး ျပန္ထြက္သြားတာေပါ့”ဟု ဆလိုင္းထက္နီကေျပာသည္။

ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၉ရက္ကလည္း ထန္တလန္တပ္ကုန္းသို႔ စစ္ေကာင္စီ ရဟတ္ယာဥ္ ၂စီး လာေရာက္စဥ္ ေထာက္ပို႔ရဟတ္ယာဥ္ကို ပူးေပါင္းတပ္ဖြဲ႕က ဒ႐ုန္းျဖင့္ တိုက္ခိုက္ခဲ့ရာ အဆိုပါ ရဟတ္ယာဥ္ကိုလည္း ထိခိုက္မႈရွိခဲ့ၿပီး မီးခိုးတလူလူျဖင့္ ဟားခါးဘက္သို႔ ပ်ံသန္းသြားသည္ဟု ဆိုသည္။

ထန္တလန္ၿမိဳ႕တြင္ CNA/CDF ပူးေပါင္းတပ္က ၂၀၂၂ ဒီဇင္ဘာ ၂၉ရက္ကစ၍ စစ္ဆင္ေရးေဆာင္ရြက္လ်က္ရွိရာ ရက္ေပါင္း ၆၀အတြင္း စစ္ေကာင္စီ၏ ထန္တလန္ရဲစခန္းကို သိမ္းပိုက္ျခင္း၊ ထန္တလန္ၿမိဳ႕ေပၚရွိ စစ္ေကာင္စီတပ္စြဲရာေနရာ အခ်ိဳ႕ကို စီးနင္းသိမ္းပိုက္ျခင္း၊ စစ္ေကာင္စီတပ္၏ ေထာက္ပို႔ရဟတ္ယာဥ္ကို ဒ႐ုန္းျဖင့္တိုက္ခိုက္ျခင္းတို႔ လုပ္ေဆာင္ခဲ့သည္။

အဆိုပါ ႏွစ္လတာစစ္ဆင္ေရးအတြင္း စစ္ေကာင္စီတပ္က ၂၀ ဦးေသဆုံးကာ ၂၅ဦးထက္မနည္း ဒဏ္ရာရခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္ထံမွ လက္နက္ေပါင္း ၅၀ခန႔္ သိမ္းဆည္းရရွိခဲ့ၿပီး စစ္ေကာင္စီတပ္ႏွင့္ ရဲ ၆ဦးကို အရွင္ဖမ္းမိခဲ့ေၾကာင္း ထန္တလန္ CDFက အသိေပးထားသည္။

႐ုပ္သံ – Chinland Information Center