တောစောင့်နတ်တွေကိုင်ပြီ ထင်တယ်…မျက်စိလည် လမ်းမှားလို့ ၁၇ ကောင် ဇန့်ကာ ငရဲရောက်တာ ခုမှကြားဘူး
မြင်းမူနယ်မှာ လမ်းမှားလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ၁၇ ဦး သေဆုံးဟုဆို
မြင်းမူ၊ ဖေဖော်ဝါရီလ ၂၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် စခန်းကို မျက်စိလည် ရောက်လာတဲ့ မုံရွာ နမခ က စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီး ၁၇ ဦး သေဆုံးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ထံက သိရပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ လေယာဉ်နဲ့ချသွားတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။
“မနေ့က မြင်းမူမြို့နယ် ညောင်ပင်ကန်ကျေးရွာကနေပြီးတော့ ထိုးလာတဲ့ စစ်ကြောင်းက ကန်တော်ဘက်ကို တည့်တည့်လာတယ်။ မနက် ၉ နာရီလောက်ကတည်း စပြီးတော့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။
ည ၇ နာရီခွဲမှာ တိုက်ပွဲပြီးတယ်။ ကျနော်တို့က စခန်းကို ဟပေးလိုက်တာ၊ တိုက်ပွဲက ပြင်းထန်းတယ်။ ရန်သူ့ဘက်က စစ်ခွေး ၁၇ ကောင် သေတယ်။ ကျနော်တို့ဘက်က ဆားတောင်မိုးကြိုးအဖွဲ့က ရဲဘော် ၂ ယောက် ကျဆုံးတယ်” လို့ ဗိုလ်သက်ကြီးက ပြောပါတယ်။
Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင် စခန်းက မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း သိန်း ၃၅၀ ဖိုးလောက် ဆုံးရှုံးခဲ့ရပြီး မုံရွာ နမခ စစ်ကြောင်းက ကန်တော်ရွာ ဘုန်းကြီးကျောင်း ၂ ကြောင်းလည်း မီးရှို့သွားတယ်လို့ ဆက်ပြောပါတယ်။
တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်၊ တပ်ရင်း ၂ မြင်းခြံခရိုင်၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၁၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂၊ ဆားတောင်မိုးကြိုးအဖွဲ့၊ နယ်မြေခံအင်အားစုအချို့ နှင့် လက်နက်ကြီးအဖွဲ့အချို့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း အရာတော်မြို့နယ်မှာ နေအိမ်တွေကို မီးရှို့နေတဲ့ မုံရွာ နမခ က စစ်ကောင်စီစစ်ကြောင်းနဲ့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇-မြင်းခြံခရိုင်တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – ဒိန်းဂျား၊ စာတည်း – 007
မြေလတ်အသံ