စစ်ဦးစီးချုပ်ခန့်မယ် ကြေငြာတယ် ၁၅၄ မြို့နယ်မှာ အုပ်ချုပ်​​ရေးအဖွဲ့များဖွဲ့စည်းပြီး ဖြစ်ပြီလို့ အသိပေး ကြေငြာတယ်

စစ်ဦးစီးချုပ်ခန့်မယ် ကြေငြာတယ်

မြို့နယ် ၁၅၄ မြို့နယ်မှာ အုပ်ချုပ်​​ရေးအဖွဲ့များဖွဲ့စည်းပြီး ဖြစ်ပြီလို့ အသိပေး ကြေငြာတယ် စစ်ဦးစီးချုပ်ခန့်မယ် ကြေငြာတယ်

အားလုံးရယ်ဒီပဲ လေယာဉ်ပ-စ်ရတာနဲ့ ၆ လမ‌ကျော်ဘူး တော်လှန်ရေး အောင်မြင် ပြီးဆုံးမယ် အသိပေး ကြေငြာနေခြင်းတွေဟာ အလကား မဟုတ်

ကမ္ဘာက လိုချင် မြင်ချင် ဖြစ်စေချင်တဲ့ Form တခုကို သွားနေပြီး သူတို့လိုချင်တဲ့ Rule အတိုင်း လုပ်ဆောင် ရပ်တည် ပြသထားနိုင်ပြီ ဖြစ်‌ကြောင်း

သက်သေတွေပြ ယုံကြည်မှု တည်ဆောက်ပြီးရင်တော့ လိုချင်တာ ရပါပြီ ဖြည့်စည်းပေးကြမည်ဟု ယုံကြည်သည်

ချုပ်ရရင် တော်လှန်ရေးက အလုံးစုံ ပြည့်စုံ အောင်မြင်ဖို့ ကျစ်လစ် သိပ်သည်း စနစ်ကျလာသလို ကမ္ဘာနဲ့ထပ်တူ အံ့၀င်ဂွင်ကျဖြစ်ဖို့လည်း တာစူနေပြီ လိုအပ်ချက် အနည်းငယ်နဲ့ လိုချင်တာ ရခဲ့ရင် လှပြီ ပွဲပြီးပြီလေ

ဒ့ါကြောင့် ပွဲပြီးခါနီးမှ ကိုယ့်ပြည်တွင်းထဲမှာ အထူးသဖြင့် KNU ပိုဂရုစိုက် ညီညွတ်ပေးပါ မိမိလူမျိုး နိုင်ငံတကာ အဖွဲ့စည်း ၇၀ နီးပါးက စာထုတ်ပြန်ပြီး ခေ့ါင်းဆောင်ပိုင်းတွေ အကုန်လူံး နုတ်ထွက်ဖို့ တောင်းဆို နေကတည်းက မအလနဲ့ တတန်းထဲမို့ ရှက်ကြသင့်ပြီ

အထဲမှာ ညီတာနဲ့ အပြင်က ကူညီမှုတွေ စောင့်ကြိုနေပြီး အောင်ပွဲကို အပြီးဖြတ်ဖို့ ပြည်သူဟာ တာစူနေပြီဆိုတာ သိကြပါ ဒီလို တတိုင်းပြည်လုံး ညီညွတ်နေချိန်မှ စ-စ်တပ်ကို အမြ-စ်မဖျ-က်ရင် ဒီတသက် စ-စ်တပ်ကို ဖယ်ရှားဖို့ မရနိုင်တော့ပါ

ဒီတော့ ကရင့်ပြည်သူသွေးသားများသည် ပြည်သူနဲ့ ထပ်တူ တွန်းလှန်တိုက်ပွဲ ၀င်နေချိန် ကရင့်ခေါင်းဆောင်များ ထပ်တူရိုးသား တော်လှန် ညီညွတ်ပေးကြပါလို့

တိုက်တွန်းချင်မိ အရေးတော်ပုံ အောင်ဖို့ ပြည်သူအတွက် ရိုးသားကြဖို့ပဲ လိုပါသည် ဒါဆို ပြည်ပ အကူညီနဲ့ စောင့်ကြည့်မှုက အားလုံး အသင့် ဖြစ်နေ ပေလိမ့်မည်

မဟုတ် စ-စ်တပ်နဲ့ပေါင်း မူးယ-စ် လော-င်းကစား တရားမ၀င် လုပ်ငန်းများ လုပ်က်ိုင်နေတဲ့ တျုတ်ဩဇာခံ လန-က်ကိုင်များစွာနဲ့ တော်လှန်ရေး လန-က်ကိုင် အင်အားစု အဖွဲ့ သောင်းဂဏန်းကြားထဲ သူတလူ ငါတမင်းနဲ့ တိုင်းပြည် အစိတ်မွှာ ကွဲသွားစေဖို့အတွက် Chief of Commander မရှိပဲ NUG ကို ယုံကြည်ပြီး လိုအပ် လန-က် ပေးဖို့ဆိုတာ အလှမ်းဝေးနေအုံးမည် ဖြစ်ပေသည်

#မင်းကြည်ညိုနေ 🕊️👇👇👇

မြန်မာနိုင်ငံ ဧရိယာ၏ ထက်ဝက်ကျော်ကို ERO နှင့် PDF များ စိုးမိုးထား နိုင် ပြီ ဖြစ်ပြီး မြို့နယ် ၁၅၄ ခုတွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားဟု NUG ယာယီ သမ္မတ ပြေ

▪️ ၇၈ မြို့နယ်တွင် ပညာရေးနှင့်ကျန်းမာရေး လုပ်ငန်းများ လည်ပတ်နေပြီး ၂၁ မြို့နယ်တွင် တရားရုံး ၂၅ ရုံးဖွင့်လှစ်ထားပြီးဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံ ဧရိယာ၏ ထက်ဝက်ကျော်ကို တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ များ (ERO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ စိုးမိုးထားနိုင်ပြီဖြစ်ပြီး မြို့နယ် ၁၅၄ ခုတွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားဟု အမျိုးသား ညီညွတ် ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့နိုင်ငံရဲ့ ထက်ဝက်ကျော်ကို ကျနော်တို့ PDF နဲ့ ERO တွေက စိုးမိုး ထား ပြီးဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့ ပိုပိုတောင် များလာပါတယ်။ အထူး သဖြင့် ကျနော်တို့ရဲ့ နယ်မြေတွေရဲ့ စိုးမိုးမှုမှာ ချင်းတောင်မှာဆိုရင် ၇၀ ရာခိုင် နှုန်း၊ ၈၀ ရာခိုင်နှုန်း စသည်ဖြင့် စိုးမိုးထားနိုင်ပြီး ဖြစ်ပါတယ်။ အလားတူပဲ စစ် ကိုင်း တိုင်း၊ မကွေး၊ နောက် ကချင်ပြည်နယ်၊ ကယားခေါ်တဲ့ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ် တော်တော်များများမှာ မြို့ပေါ်လောက်ပဲ သူတို့ စိုးမိုး ထား နိုင်ပြီး‌တော့ ကျေးလက်တွေမှာ ကျနော်တို့ရ့ တော်လှန်ရေးအဖွဲ့တွေ အားလုံး က စိုးမိုးထားနိုင်တဲ့အကြောင်း ထက်ဝက်ကျော်တောင်မှ မကတော့ပါဘူး။ တော် တော်များများ ကျနော်တို့ စိုးမိုးထားနိုင်ပြီးဖြစ်ပါတယ်။ စိုးမိုးထား နိုင်တဲ့ နေရာမှာ အုပ်ချုပ်ရေအဖွဲ့တွေရော ထပ်ပြီး ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

အဲဒီ အုပ်ချုပ် ရေးထဲမှာ မြို့နယ်ပေါင်း ၁၅၄ မြို့နယ်မှာ ကျွန်တော်တို့ ပအဖ ခေါ်တဲ့ အုပ်ချုပ် ရေး အဖွဲ့တွေ ဖွဲ့စည်းနိုင်ပါတယ်။ နောက် ခရိုင်အနေနဲ့ ပြောမယ်ဆိုရင်တော့ ခရိုင် ၉ ခရိုင်မှာ ကျနော်တို့ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ စနစ်တကျဖွဲ့စည်းထားပြီး ဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များကလည်း စိုးမိုးနယ်မြေများကို ထိန်းချုပ် ထား ပြီး NUG အနေဖြင့် မြို့နယ် ၇၈ မြို့နယ်တွင် ကျန်းမာရေး၊ ပညာရေး လုပ်ငန်း ဝန်ဆောင်မှုများကို လည်ပတ်နေကြောင်း၊ တရားစီရင်ရေးအနေဖြင့် တရားရုံး ၂၅ ရုံး ဖွင့်လှစ်ပြီး ဖြစ်ကြောင်း သမ္မတကြီးက ပြောသည်။

” အလားတူပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေ တွေမှာ လည်း တော်တော်များများကို ထိန်းချုပ်ထားပြီး သူတို့(စစ်ကောင်စီ) သွားချင်သလိုသွား သူတို့လုပ်ချင်သလို လုပ်လို့မရတဲ့ အနေအထား ရှိနေပြီ ဖြစ် ပါတယ်။ ဒေသန္တရအုပ်ချုပ်ရေးအနေနဲ့ အားလုံး မြို့နယ်ပေါင်း ၇၈ မြို့နယ်မှာ ကျနော်တို့ ဖွဲ့စည်းထားပြီး ကျန်းမာရေးဝန်ဆောင်မှုတွေ ပညာရေး ဝန်ဆောင် မှုတွေ အားလုံး လုပ်ဆောင်နေပါတယ်။

ဒါကြောင့်မို့လို့ ပညာရေးအနေနဲ့လည်း မြို့နယ်ပေါင်း ၁၉၈ မြို့နယ်မှာ ကျွန်တော်တို့ရဲ့ ပညာရေးဝန်ဆောင်မှုတွေကို ကျွန်တော်တို့ လုပ်ဆောင်နေခဲ့ပြီးဖြစ်ပါတယ်တရားစီရင်ရေးကိုလည်း ပြည် သူ့ ကိုယ်တိုင်က ပြည်သူ့တရားစီရင်ရေးကို ထုတ်ဖော်တဲ့နေရာမှာ မြို့နယ် ပေါင်း ၂၁ မြို့နယ်ကို ဖော်ဆောင်နိုင်ပြီး ဖြစ်ပါတယ်။

ဆိုတော့ ဥပဒေရုံး အနေ နဲ့ လည်း ၂၃ ရုံးကို ဖွဲ့စည်းနိုင်ပြီးဖြစ်ပါတယ်။ ဥပဒေအရာရှိတွေ ခန့်ထား ဖို့ လည်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ တရားရုံးကတော့ ၂၅ ရုံး ကျနော် တို့ ဖွဲ့စည်းထားပြီဆိုတဲ့ တိုးတက်မှုတွေကို ကျနော့်အနေနဲ့ ပြောကြား ချင်ပါတယ်” ဟု NUG သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

(ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာ ယီ သမ္မတ ဒူဝါလရှီးလတို့၏ တွေ့ဆုံမေးမြန်းခန်းကို မကြာမီ ရက်ပိုင်း အတွင်း ထုတ်လွှင့်မည်ဖြစ်ပါသည်။ )