” အိမ်ဖြူတော်ရှေ့မှာတော့ ‌ နွေဦးတော်လှန်ရေး မိုးတွေ ရွာကုန်ပြီ “

မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ အိမ်ဖြူတော်ရှေ့ ဆန္ဒပြ

ဖေဖော်ဝါရီ ၂၆၊The Nation Voice

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီက သမ္မတ အိမ်ဖြူတော်နဲ့ အမေရိကန်နိုင်ငံ ခြားရေး ဝန်ကြီးဌာန ရှေ့တွေမှာ မြန်မာနိုင်ငံသားတွေနဲဲ့ မြန်မာ့အရေးလှုပ်ရှားသူတွက ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် (No Fly Zone) သတ်မှတ်ပေးဖို့နဲ့ အာဏာသိမ်းစစ်တပ်ကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုခဲဲ့ကြတာလို့ သိရပါတယ်။

ခုလက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ဟာ မြန်မာနိုင်ငံအတွင်းက ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေကို မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေပါတယ်။



အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီက သမ္မတ အိမ်ဖြူတော်နဲ့ အမေရိကန်နိုင်ငံ ခြားရေး ဝန်ကြီးဌာန ရှေ့တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွက ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်သူတွေက မြန်မာနိုင်ငံမှာ လေယာဉ်မပျံသန်းရဇုန် (No Fly Zone) သတ်မှတ်ပေးဖို့နဲ့ အာဏာသိမ်းစစ်တပ်ကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။
