မုံရွာ လဝကရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်း၊ RPGတို့ဖြင့်တိုက်ခိုက်
ကောင်းချစ်အောင်
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။
မုံရွာမြို့ လဝကရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်တစ်ကြိမ်၊ RPGဖြင့်တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးပွဲချင်းပြီးသေဆုံးခဲ့သည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီ နေ့လယ် ၁၂နာရီ ၄၅မိနစ်ခန့်တွင် လဝကရုံးကို ဒရုန်းဖြင့် ဗုံးတစ်လုံးကြဲချခဲ့ပြီးနောက် RPG-7ဖြင့်တစ်ချက်ပစ်ခတ်ခဲ့ရာတွင် စစ်ကောင်စီတပ်သား၄ ဦး ထိမှန်သေဆုံးခဲ့သည်ဟု Monywa Lightning PDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
“ဒရုန်းနဲ့တချက် ပါဆယ်ကျွေးလိုက်တယ်။ ပြီးတော့ RPGနဲ့လည်းတချက်ပစ်တယ် ထိသွားတဲ့လေးယောက်လုံး လဲကျသွားတယ်”ဟု ၎င်းကပြောသည်။
မုံရွာမြို့ လဝကရုံးရှိ စစ်ကောင်စီတပ်သားများသည် အမျိုးသမီးငယ်များအား မုဒိန်းမှုများ၊ အကြမ်းဖက်မှုများ ကျူးလွန်နေသောကြောင့် ယခုလိုသွားရောက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆိုသည်။
စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် သုံးချက်ခန့်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force နှင့်အတူမော်လိုက်ခရိုင်တပ်ရင်း(၂)၊ Monywa The Boys နှင့် PDF- South Monywa အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။