တိုက်ပွဲနားရက်မှာ အီနာဂါဗုံးသီးတွေ ထုတ်လုပ်နေတဲ့ ကျားခင်စိန် အမျိုးသမီး Drone တပ်ဖွဲ့

တိုက်ပွဲနားရက်မှာ အီနာဂါဗုံးသီးတွေ ထုတ်လုပ်နေတဲ့ ကျားခင်စိန် အမျိုးသမီး Drone တပ်ဖွဲ့

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အခြေချထားတဲ့ ကျားခင်စိန် (T.G.R) အမျိုးသမီး Drone တပ်ဖွဲ့ဟာ တိုက်ပွဲနားရက်တွေမှာ အီနာဂါဗုံးသီးတွေကို ပြုလုပ်လေ့ရှိတယ်လို့ တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

ကျားခင်စိန် (T.G.R)အမျိုးသမီး Drone အဖွဲ့ဟာ Drone နဲ့ သွားရောက်တိုက်ခိုက်ရာမှာ လိုအပ်တဲ့ အီနာဂါ ဗုံးသီးတွေကို ပြုလုပ်နေတယ်လို့ (T.G.R) အမျိုးသမီး Drone တပ်ဖွဲ့‌ခေါင်းဆောင် ကျားခင်စိန်က ပြောပါတယ်။

“လက်ရှိမှာတော့ ပွဲကရပ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အခုလုပ်နေတဲ့ အီနာဂါဗုံးသီးတွေက ကျနော်တို့ ကိုယ်တိုင် လုပ်တယ်။ ကိုယ်တိုင် ထုတ်တယ်။ Drone နဲ့ သွားတိုက်တဲ့အခါ အဲဒါတွေက လိုအပ်တယ်လေ။ ကျနော်တို့ အားတဲ့အခါမျိုးတွေမှာ အမြဲလုံးတယ်” လို့ ဆိုပါတယ်။

အမျိုးသမီး Drone တပ်ဖွဲ့ဟာ ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေကို Drone နဲ့ ၆ ကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့ပေမဲ့လည်း ကင်းပုန်းတွေနဲ့ တိုးတဲ့အတွက် ဗီဒီယိုမှတ်တမ်းတွေကို မယူထားနိုင်ဘူးလို့ ကျားခင်စိန်က ဆက်ပြောပါတယ်။

“ကျနော်တို့ Drone စရကတည်းက နေ့တိုင်း ပွဲကတယ်။ မစ်ရှင်တွေ ဆက်တိုက်လုပ်တယ်။ ဆက်တိုက်လုပ်ပေမဲ့လည်း ဂျန်ပါအခက်အခဲကြောင့် မစ်ရှင်ပွဲတွေ မအောင်မြင်တာပါ။ ကျတော်တို့က ဒရုန်းမရှုံးအောင် အဓိက ကာထားရတာရယ်၊ ဒရုန်းပြန်ခေါ်တဲ့အချိန် အန္တရာယ်များတော့ record တွေ ပြန်မရတာပါ” လို့ ဆိုပါတယ်။

ကျားခင်စိန် (T.G.R) အမျိုးသမီး ဒရုန်းတပ်ဖွဲ့ဟာ ဒရုန်းဆုံးရှုံးခဲ့ရလို့ မစ်ရှင်တွေ ၂ လနီးပါး နားထားခဲ့ရပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလမှာတော့ လိုချင်တဲ့ ဒရုန်းကို ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi(version)

တိုက္ပြဲနားရက္မွာ အီနာဂါဗုံးသီးေတြ ထုတ္လုပ္ေနတဲ့ က်ားခင္စိန္ အမ်ိဳးသမီး Drone တပ္ဖြဲ႕

စစ္ကိုင္း၊ ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၃။

စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္မွာ အေျခခ်ထားတဲ့ က်ားခင္စိန္ (T.G.R) အမ်ိဳးသမီး Drone တပ္ဖြဲ႕ဟာ တိုက္ပြဲနားရက္ေတြမွာ အီနာဂါဗုံးသီးေတြကို ျပဳလုပ္ေလ့ရွိတယ္လို႔ တပ္ဖြဲ႕ဝင္ဆီက သိရပါတယ္။

က်ားခင္စိန္ (T.G.R)အမ်ိဳးသမီး Drone အဖြဲ႕ဟာ Drone နဲ႕ သြားေရာက္တိုက္ခိုက္ရာမွာ လိုအပ္တဲ့ အီနာဂါ ဗုံးသီးေတြကို ျပဳလုပ္ေနတယ္လို႔ (T.G.R) အမ်ိဳးသမီး Drone တပ္ဖြဲ႕ေခါင္းေဆာင္ က်ားခင္စိန္က ေျပာပါတယ္။

“လက္ရွိမွာေတာ့ ပြဲကရပ္ထားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ အခုလုပ္ေနတဲ့ အီနာဂါဗုံးသီးေတြက က်ေနာ္တို႔ ကိုယ္တိုင္ လုပ္တယ္။ ကိုယ္တိုင္ ထုတ္တယ္။ Drone နဲ႕ သြားတိုက္တဲ့အခါ အဲဒါေတြက လိုအပ္တယ္ေလ။ က်ေနာ္တို႔ အားတဲ့အခါမ်ိဳးေတြမွာ အၿမဲလုံးတယ္” လို႔ ဆိုပါတယ္။

အမ်ိဳးသမီး Drone တပ္ဖြဲ႕ဟာ ေဖေဖာ္ဝါရီလထဲမွာ စစ္ေကာင္စီတပ္ဖြဲ႕ေတြကို Drone နဲ႕ ၆ ႀကိမ္ထက္မနည္း သြားေရာက္တိုက္ခိုက္ခဲ့ေပမဲ့လည္း ကင္းပုန္းေတြနဲ႕ တိုးတဲ့အတြက္ ဗီဒီယိုမွတ္တမ္းေတြကို မယူထားနိုင္ဘူးလို႔ က်ားခင္စိန္က ဆက္ေျပာပါတယ္။

“က်ေနာ္တို႔ Drone စရကတည္းက ေန႕တိုင္း ပြဲကတယ္။ မစ္ရွင္ေတြ ဆက္တိုက္လုပ္တယ္။ ဆက္တိုက္လုပ္ေပမဲ့လည္း ဂ်န္ပါအခက္အခဲေၾကာင့္ မစ္ရွင္ပြဲေတြ မေအာင္ျမင္တာပါ။ က်ေတာ္တို႔က ဒ႐ုန္းမရႈံးေအာင္ အဓိက ကာထားရတာရယ္၊ ဒ႐ုန္းျပန္ေခၚတဲ့အခ်ိန္ အႏၱရာယ္မ်ားေတာ့ record ေတြ ျပန္မရတာပါ” လို႔ ဆိုပါတယ္။

က်ားခင္စိန္ (T.G.R) အမ်ိဳးသမီး ဒ႐ုန္းတပ္ဖြဲ႕ဟာ ဒ႐ုန္းဆုံးရႈံးခဲ့ရလို႔ မစ္ရွင္ေတြ ၂ လနီးပါး နားထားခဲ့ရၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာေတာ့ လိုခ်င္တဲ့ ဒ႐ုန္းကို ျပန္လည္ရရွိခဲ့တယ္လို႔ ဆိုပါတယ္။